Channel Myanmar

Bruno Georis

Scribe (2016)
Scribe (2016) ၂၀၁၆ခုနစ်ကထွက်ရှိခဲ့တဲ့ ပြင်သစ်-ဘယ်လ်ဂျီယံလျှို့ဝှက်သည်းဖိုဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကုမ္ပဏီကနေ ရုတ်တရက်အနားပေးခံလိုက်ရတဲ့ စာရင်းကိုင်ဒူဗယ်။ ဖေးမပေးမဲ့သူတစ်ယောက်မှမရှိဘဲ စိတ်ကျရောဂါခံစားနေရတာမို့ နလန်ထူဖို့ကြိုးစားရင်း အလုပ်ထပ်ရှာပါတယ်။ အလုပ်နားထားတာကြာတာရော အသက်ကြီးနေတာရောမို့ သင့်တော်တဲ့အလုပ်ရှာမတွေ့ခဲ့။တစ်ရက် ညအချိန်မတော်ကြီးမှာ အင်တာဗျူးလာဖြေဖို့ ဖုန်းဆက်လာပါတယ်။ အလုပ်လိုချင်နေတဲ့ ဒူဗယ်တစ်ယောက် အင်တာဗျူးသွားဖြေတဲ့အခါ သူလုပ်ရမှာက ဖုန်းပြောတာတွေကိုကြားဖြတ်အသံဖမ်းထားတဲ့ တိပ်ခွေတွေနားထောင်ပြီး လက်နှိပ်စက်နဲ့ စာပြန်ရိုက်ပေးရမှာ။ ရမဲ့ပမာဏကိုမက်ပြီးဝင်လုပ်ရာကနေ သူအကျွမ်းတဝင်မရှိတဲ့ နိုင်ငံရေးလောကနဲ့ အရှုပ်တော်ပုံကြီးတစ်ခုထဲကို ရောက်သွားတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)File size…(776 MB)/(503 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo
movie

Scribe (2016)

My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)