Channel Myanmar

Bruce M. Fischer

The Outlaw Josey Wales (1976) 7.8
The Outlaw Josey Wales (1976)  ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ western ရုပ်ရှင်တွေရဲ့ iconic actor ကြီးဖြစ်တဲ့ Clint Eastwood ရဲ့ western/war film တစ်ခုပါအမေရိကန်ပြည်တွင်းစစ်နှောင်းပိုင်း ၁၈၆၀ ကာလတွေက တောပုန်းကြီးတစ်ယောက်ရဲ့အကြောင်းကို တင်ဆက်ထားပါတယ် IMDb rating 7.9, Rotten Tomatoes 91% ရထားတဲ့ gunfighter ရုပ်ရှင်ကောင်းတစ်ခုပါပဲဇာတ်လမ်းအကျဉ်းကတော့ ... ရိုးရိုးရိုးသားသား လယ်လုပ်စားနေတဲ့ မစ်ဆူရီက လယ်သမားတစ်ယောက်ဟာ မျက်စိရှေ့တင် သူ့မိန်းမနဲ့ သားဖြစ်သူ အသတ်ခံလိုက်ရပြီးတဲ့နောက် လက်စားချေဖို့အတွက် တောပုန်းတစ်ယောက်ဖြစ်လာခဲ့ပါတယ် စစ်ကြီးပြီးလို့ သူပုန်တော်တော်များများ လက်နက်ချကြပြီး Union ထဲ ဝင်ကြတဲ့အချိန်မှာ ဂျိုစီဝေးလ်စ် ကတော့ ငြင်းပယ်ခဲ့ပါတယ် သူ့မိသားစုကို သတ်သွားတဲ့သူက Union ဘက်က ကပ္ပတိန်တစ်ယောက်ဖြစ်သွားတဲ့အချိန်မှာတော့ ဂျိုစီဝေးလ်စ်တစ်ယောက် လက်တုံ့ပြန်မှုကို ဘယ်နည်းဘယ်ပုံနဲ့ အထမြောက်စေမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးဗျ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. ...
movie

The Outlaw Josey Wales (1976)

Something Wicked This Way Comes (1983)
Something Wicked This Way Comes (1983)  Imdb rating 6.7/10 rotten tomatoes 59% ၁၉၆၂ ခုနှစ်မှာ စာအုပ်အဖြစ်အရင်ဆုံးထွက်ရှိ ခဲ့တာပဲဖြစ်ပြီးတော့ ၁၉၈၃ခုနှစ်မှာ walt disney ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကို ဒါိရီုက်တာ Jack Clayton က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ အော်စကာ၂ပိုင်ရှင် Jason Robardsအပြင် vidal peterson ၊ shawn carson နဲ့ Jonathan Pryce တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအသွားကတော့ ၁၃နှစ်အရွယ် အချစ်ဆုံးသူငယ်ချင်း၂ယောက်ဖြစ်တဲ့ ဂျင်မ်နိုက်ရှိဒ်နဲ့ ဝီလီယမ် ဟောလိုဝေးတို့က သူတို့နေထိုင်တဲ့အီလီနွိုက် ပြည်နယ် ဂရင်းမြို့ကို တစ်နေ့မှာရုတ်တရက် နယ်ပတ်ပျော်ပွဲရွှင်ပွဲ  တစ်ခုကရောက်လာတဲ့အခါ သူတို့ရဲ့ အိမ်မက်ဆိုးဆန်တဲ့အဖြစ်အပျက်ကို သူတို့  ကြုံတွေ့ခဲ့ရတယ်။အဲ့ဒီ ပျော်ပွဲရွင်ပွဲမှာ ကြောက်စရာကောင်းတဲ့အရာတွေကို ရင်ဆိုင်ရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ အကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ Horror/Fantasyအမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ သင်ဟာ disney ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ဒီကားလေးဟာ ...
movie

Something Wicked This Way Comes (1983)

Escape From Alcatraz (1979) 7.6
Escape From Alcatraz (1979) Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie

Escape From Alcatraz (1979)

1979