Channel Myanmar

Bruce Davison

Paulie (1998) 6.5
Paulie (1998)  Paulie (1998)IMDb Rating (6.5) / Rotten Tomatoes (62%) DreamWorks ဆိုကတည်းကကို ကြည့်သင့်နေပါပြီ။ ၁၉၉၈လောက်က vibe မျိူးကို သတိရနေတဲ့လူတွေအတွက်ဒီကားက ၁၀/၁၀ပါ။ဇာတ်လမ်းအကျဉ်းပေါ်လီဆိုတဲ့ စကားပြောတတ်တဲ့ငှက်ကလေးဟာ သူချစ်ရတဲ့ပိုင်ရှင် မာရီနဲ့ ကွဲသွားခဲ့ပါတယ်။နှစ်အတော်အတန်ကြာပြီးတဲ့အခါ သူမာရီ့ဆီကိုပြန်သွားနိုင်ဖို့ ကြိုးစားပါတော့တယ်။အဲ့တော့ သူမာရီဆီရောက်သွားနိုင်မှာလား သူ လမ်းမှာဘယ်လိုလူမျိုးတွေနဲ့ ဘယ်လိုအခက်အခဲတွေတွေ့ရမှာလဲ။မာရီကရော သူ့ကိုမှတ်မိပါ့မလားဆိုတာ ကြည့်မှာဖြစ်ပါတယ်။ကြည့်နေတဲ့လူပါ ဇာတ်ကားမြောပါသွားမယ့်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (2.3 GB) / (1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Adventure, Comedy, Drama, Family Duration…. 01:31:41 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw
movie

Paulie (1998)

1998
The Baby-Sitters Club (1995) 5.7
The Baby-Sitters Club (1995) The Baby-Sitters Club(1995)Imdb 5.7 ရရှိထားပြီး The Baby Sitters Club စာအုပ် Series ကိုမှီငြမ်းရိုက်ကူးထာတာဖြစ်ပါတယ်။2020 နဲ့ 1990 မှာ ဒီနာမည်နဲ့ပဲ Series တွေ ထွက်ထားတာရှိပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ခရက်စတီဟာ Baby-Sitters Club ရဲ့ Founder ဖြစ်ပြီးသူ့သူငယ်ချင်း ၆ယောက်နဲ့အတူ ကျောင်းအားချိန်မှာကလေးထိန်းတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြပါတယ်။သူတို့ကျောင်းပိတ်တော့ တစ်ယောက်နဲ့တစ်ယောက် မခွဲချင်ဘူး၊တစ်နေရာတည်းမှာပဲအတူလုပ်ကြမယ်ဆိုပြီး ကလေးတွေအတွက်Camp တစ်ခုဖွင့်ဖို့ အကြံရလာကြပါတယ်။Campဖွင့်တစ်လျှောက်မှာ သူတို့ရင်ဆိုင်ရတဲ့ကမောက်ကမပြဿနာတွေ၊မိသားစုပြဿနာတွေ၊ဆယ်ကျော်သက်အချစ်ဦးကိစ္စတွေကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။သူတို့ သူငယ်ချင်း ၇ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမတာတွေ၊သူငယ်ချင်းအစစ်တွေရဲ့ ရသကိုလည်းဟာသလေးနှောရင်း ခံစားရဦးမှာဖြစ်ပါတယ်။ဒီဇာတ်ကားကနေ သူငယ်ချင်းတွေရဲ့ချစ်ခြင်းမေတ္တာတွေသူတို့ရဲ့ပြဿနာဖြေရှင်းပုံတွေကို ခံစားရမယ့်အပြင်ကလေးငယ်တွေရဲ့ အပြုအမူတွေကအပြစ်ကင်းစင်တဲ့အပြုအမူအပြောအဆိုတွေကရီလည်းရီရ ချစ်စရာလည်းကောင်းတာမို့ဒီဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။File size…    2.21 GB /  1.36 GB Quality… Web Rip 1080p / ...
movie

The Baby-Sitters Club (1995)

Get a Job (2016) 5.3
Get a Job (2016) Get a Job (2016)IMDb ~~~ 5.3ဇာတ်လမ်းအညွှန်း~~~~~~~~~~~~~~~~ဒီဇာတ်ကားလေးကတော့ ၂၀၁၆ တုန်းကထွက်ရှိခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Dylan Kidd က ရိုက်ကူးထားပါတယ်။ Breaking Bad Series ထဲက မင်းသားကြီး Bryan Cranston အပြင် တခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Miles Teller, Anna Kendrick, Brandon T. Jackson တို့က ပါဝင်ပေးထားပါတယ်။ ကောလိပ်ကနေကျောင်းပြီးလို့ ပြင်ပလောကထဲရောက်လာတဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ သူတို့ရဲ့အိပ်မက်အလုပ်တွေကို လိုက်ရှာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။ ထူးဆန်းတဲ့အင်တာဗျူးတွေ အပေါက်ဆိုးတဲ့အထက်လူကြီးတွေ မမျှော်လင့်ထားတဲ့အပြောင်းအလဲတွေကို ကျော်ဖြတ်ရင်း သူတို့ရဲ့ပန်းတိုင်ဆီရောက်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရယ်ရွှင်ဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဟာသဇာတ်ကားကောင်းလေးတွေကို ကြည့်ချင်တဲ့ပရိတ်သတ်တွေအတွက် ဒီဇာတ်ကားလေးက သင့်တော်ပြီးတော့ ဘဝက ဘယ်လောက်ပဲခန့်မှန်းရခက်ပါစေ ရှေ့ဆက်သွားဖို့အတွက် စိတ်ခွန်အားတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။File Size ~~~ (1.91 ...
movie

Get a Job (2016)

Abnormal Attraction (2018) 5.2
Abnormal Attraction (2018) Abnormal Attraction (2018)********************************ဒီတစ်ခါတော့ Abnormal Attraction ဆိုတဲ့ Adventure, Comedy ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ။ လူသားတွေနဲ့ မွန်းစတားတွေ အတူယှဉ်တွဲနေထိုင်ဖို့ ဖြစ်လာတဲ့အခါ လူသားနဲ့ မွန်းစတား ကြားက နားလည်မှုလွဲတာလေးတွေကို ရိုက်ပြထားတာပါ ...ဇာတ်လမ်းအကျဉ်းချုပ်လေးကို နည်းနည်းလေး မိတ်ဆက်ပေးချင်ပါတယ် .. ထူးဆန်းတဲ့ ရူးကြောင်ကြောင် လူတွေကို နှစ်သိမ့်ဆွေးနွေးပေးတတ်တဲ့ ဒေါက်တာနစ်ခ်ကို ရေခဲခြစ်ရောင်းတဲ့ အန်ဒီက ဖမ်းသွားပြီး .. မွန်းစတားတွေက လူတွေကိုနှိပ်စက်နေကျ စခန်းက အချုပ်ထဲမှာ ဖမ်းထားလိုက်ပါတယ် ..နစ်ခ်ဟာ မွန်းစတားတွေကို လူတွေအပေါ် အမြင်ပြောင်းသွားအောင် ပြောနိုင်ခဲ့ပေမဲ့ သူတို့ အချုပ်ခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ နစ်ခ်ရဲ့ သတို့သမီးလောင်းဖြစ်သူက စခန်းကို လာတိုက်တာနဲ့ ကြုံပါတော့တယ် အဲဒီမှာ ပစ်ကြခတ်ကြရင်း မထင်ထားတာတွေ ဖြစ်လာပါတယ် ..နစ်ခ်နဲ့ သူ့သတို့သမီးလောင်းကြားမှာ သံသယတွေနဲ့ အဆင်မပြေဖြစ်နေတာ ကြာပါပြီ အဲဒီအချိန်မှာတော့ နစ်ခ်တစ်ယောက် သူ့ရည်းစားကို ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ပေါ်လာပါတော့တယ်.....နောက်ဆုံးမှာ မထင်ထားတဲ့ မြှုပ်ကွက်တွေကို ဖော်ပြသွားတာမို့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ...
movie

Abnormal Attraction (2018)

The Cure (1995) 7.7
The Cure (1995)  The Cure (1995)IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေး‌ပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ 1995 ကကားလေးပေမယ့် ဒီလိုကားလေးတွေကြိုက်ရင် ရွှေပါပဲ။ရောဂါသည်ကောင်လေးနဲ့ အိမ်တွင်းရေးမကောင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အမြင်ဘက်ကနေ ကလေးအတွေးလေးနဲ့ ဆေးရှာဖို့ ဘယ်လိုတွေစွန့်စားခန်းဖွင့်ပြီး ဘယ်လိုမျိုးလေးအဆုံးသတ်သွားမလဲ ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)File ...
movie

The Cure (1995)

1995
Dahmer (2002) 5.6
Dahmer (2002)   Dahmer (2002)IMDb Rating (5.6) / Rotten Tomatoes (73%) အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ - ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့်လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီးတစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy ...
movie

Dahmer (2002)

2002
Camera (2024) 6.4
Camera (2024)  ဒီဇာတ်ကားလေးက ဘ၀မှာ ဆုံးရှုံးလိုက်ရတဲ့အရာ တစ်ခုခုရှိတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားလေး တစ်ကားပါ။ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ သာမန် အဖြစ်အပျက်တွေထဲကစိတ်လှုပ်ရှားစရာတွေကို မြင်အောင် ကြည့်တတ်ဖို့အတွက်အဓိက မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားလို့ ပြောရင်လည်းမမှားပါဘူး။ ကိုယ့်အနေနဲ့ ဒီဇာတ်ကားကို နောက်ဆုံးထိကြည့်မယ်ဆိုရင် ဘေးမှာ တစ်ရှူးဘူးလေး ဆောင်ထားဖို့အကြံပေးလိုက်ပါရစေ။ဇာတ်လမ်းအကျဉ်း **************ဒီ ဒရာမာကား‌လေးက အော်စကာဆိုတဲ့ စကားမပြောတတ်တဲ့ကောင်လေးတစ်ယောက်ရဲ့ အထီးကျန်တဲ့ ဘဝအကြောင်း၊သူ့ဘဝရဲ့ ဖြတ်သန်းမှု တစ်စိတ်တပိုင်းအကြောင်းကို ဟတ်ထိအောင်ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဲဒီ ကောင်လေးအော်စကာဟာ တစ်နေ့မှာ အရမ်း သဘောကောင်းတဲ့ အဲရစ်ဆိုတဲ့စက်ပြင်ဆိုင် ပိုင်ရှင်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံမိပြီး အော်စကာရဲ့ကင်မရာ အပျက်တစ်လုံးကို အဲရစ်က ပြင်ပေးရင်း ဇာတ်လမ်းကစတင်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ နေထိုင်တဲ့ တံငါရွာလေးကိုဇိမ်ခံဟိုတယ် ပရောဂျက်တွေ ရောက်လာတဲ့အခါ ..ရွာသားတွေကြားမှာ ဘယ်လို သဘောထားကွဲမှုတွေလဖြစ်ကြလဲ။ပြီးတော့ အဘိုးကြီး အဲရစ်နဲ့ ကောင်လေး ‌အော်စကာကရော သူတို့ရဲ့ရင်းနှီးမှုမှာ ဘာတွေကို ရင်ဆိုင်ရပြီး ...
movie

Camera (2024)

From the Shadows (2022)
From the Shadows (2022) Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(932 MB)/(532 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller, Science Fiction, ...
movie

From the Shadows (2022)

Crazy/Beautiful (2001) 6.4
Crazy/Beautiful (2001)  ၂၀၀၀ခုနှစ်အစောပိုင်းက Romance/Drama ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Kirsten Dunst နဲ့ မင်းသား Jay Hernandez တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီကားက Rotten Tomatoes - 63% ရရှိထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့အမေရိကန်အထက်လွှတ်တော်အမတ်ရဲ့ သမီးဖြစ်တဲ့ Nicoleက ဘဝကို ဖြစ်ချင်သလို ဖြတ်သန်းနေတဲ့သူပါ။ သူပျော်ရာပဲ လုပ်တတ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တတ်ပါဘူး။ မူးပြီး ကားမောင်းမှုနဲ့ Nicoleဟာ ကမ်းခြေမှာ အမှိုက်ကောက် လုပ်အားပေးဖို့ အပြစ်ဒဏ်ချခံရပါတယ်။အဲဒီကမ်းခြေကို သူငယ်ချင်းတွေနဲ့ အတူရောက်လာတဲ့ Carlosက Nicole ကိုမြင်မြင်ချင်း သဘောကျသွားပါတယ်။ သူတို့နှစ်ယောက်က တစ်ကျောင်းထဲ တူတူတက်တာဖြစ်ပြီး ကျောင်းမှာတွေ့ကြရင်း ခင်မင်ရင်းနှီးတာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ Carlosက လေယာဥ်မှူးဖြစ်ချင်ပေမယ့် လေယာဥ်တစ်ခါမှမစီးဖူးတဲ့အတွက် Nicoleက Carlos စမ်းသပ်မောင်းနှင်လို့ရအောင် လေယာဥ်စင်းလုံးငှားပေးခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတော်လည်း မတူကြပါဘူး။Nicoleက ချမ်းသာပြီး ...
movie

Crazy/Beautiful (2001)

Suitable Flesh (2023) 5.4
Suitable Flesh (2023) Suitable Flesh (2023)~ IMDb - 5.4/10, Rotten Tomatoes - 84% ~စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားက ထွက်တာ မကြာသေးတာမို့ IMDb rating ကိုတော့ အတည်မယူသေးပါနဲ့ဦးလို့ သတိပေးချင်ပါတယ်။ မဟုတ်ရင် Rating ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူမျိုးအဖို့ ကားကောင်းလေးတစ်ကား လက်လွတ်လိုက်ရမှာ စိတ်ပူလို့ပါ။ဒီရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀ရာစု နှောင်းပိုင်းရဲ့ Horror, Fantasy, Science Fiction စာရေးဆရာတွေအပေါ် တော်တော်လေးလွှမ်းမိုးမှုရှိပြီး “ထူးထူးဆန်းဆန်းနဲ့ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်း” (Weird Story) တွေရဲ့ တီထွင်သူလို့ အသိအမှတ်ပြုခံထားရတဲ့ H.P. Lovecraft ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုတော့ ဇာတ်လမ်းအကျဉ်းမပြောတော့ဘဲ ဘယ်လိုစဖွင့်တယ်ဆိုတာလေးပဲ ပြောပြဖို့စိတ်ကူးထားပါတယ်။ အဲဒီလို ဘာမှမသိထားမှလည်း Horror Vibe ပြည့်ပြည့်လေး ခံစားနိုင်မှာမို့ပါ။ ဇာတ်လမ်းအဖွင့်မှာပေါ့... တော်တော်လေး ...
movie

Suitable Flesh (2023)

2023
The Great Alaskan Race (2019) 5.5
The Great Alaskan Race (2019)   ဇာတ်လမ်းအညွှန်းတိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုမင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေးအကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။(Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။)အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019)နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန်မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေးသာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကိုအဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြားဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်းကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်းအဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ ...
movie

The Great Alaskan Race (2019)

Condor’s Nest (2023)
Condor’s Nest (2023) ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးဟာ ဂျာမနီကရန်သူ့စခန်းကို ဗုံးကြဲဖို့သွားရင်း လမ်းတစ်ဝက်မှာပျက်ကျသွားပါတယ် ပျက်ကျသွားတဲ့နေရာက မစွန့်ခွာနိုင်ခင်မှာ နာဇီတပ်ရင်းတစ်ရင်း သူတို့လေယာဥ်ကို တွေ့သွားပါတယ်။ အင်အားချင်းမမျှတာကြောင့် လေယာဥ်ပေါ်မှာပါလာတဲ့ အမေရိကန်တပ်သားတွေဘက်က လက်နက်ချလိုက်ရပါတယ် နာဇီဘက်က ဗိုလ်မှုးဖြစ်သူက အဲလူတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းသွားရမဲ့အစား နေရာမှာတင် ပစ်သတ်လိုက်ပေမဲ့ သူမသိလိုက်တာတစ်ခုက လေယာဥ်ပျက်ကျပြီးတော့ ရန်သူလာမလာစောင့်ကြည့်နေတဲ့ ကင်းစောင့်တစ်ယောက် ကျန်နေခဲ့တယ်ဆိုတာပါပဲ စစ်ပြီးလို့ ရာစုနှစ်တစ်ခုအကြာမှာတော့ အဲတုန်းက ကင်းစောင့်ရင်း အသက်ဘေးက လွတ်သွားတဲ့ စစ်သားဟောင်း Will ဟာ သူ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့သတ်သွားခဲ့တဲ့ နာဇီဗိုလ်မှုးကို လက်စားချေဖို့လုပ်ရင်း သူထင်ထားတာထက်ပိုရှုပ်ထွေးတဲ့လမ်းကို လျှောက်မိနေတဲ့အခါမှာတော့… File size…(1.7 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Condor’s Nest (2023)

The Crucible (1996)
The Crucible (1996) ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie

The Crucible (1996)

Far from Home: The Adventures of Yellow Dog(1995) 6.3
Far from Home: The Adventures of Yellow Dog(1995)   ခွေးကလူတွေရဲ့အကောင်းဆုံးအဖော်မွန် ဆိုတဲ့စကားပုံကိုကြားဖူးကြမှာပါ။ခွေးဆိုတဲ့သတ္တဝါကဘယ်သူတွေကိုယ့်ကိုစွန့်ခွာသွားသွား ကိုယ့်ဘေးမှာအမြဲတမ်းရှိနေမယ့်သတ္တဝါလေးတွေပါ။မိတ်ဆွေတွေထက် သစ္စာရှိတာကြောင့်မိတ်ဆွေစစ်လို့ခေါ်ဝေါ်ကြတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။ဒီကားလေးကတော့ ခွေးချစ်သူပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ခွေးကားဟောင်းလေးတစ်ခုဖြစ်ပါတယ်။၉၀ ခုနစ်ကကားလေးဖြစ်ပြီးတော့ ထိုအချိန်က နေထိုင်မှုဘဝ အဆင်အပြင်တွေကို​ခံစားရမှာပါ။တောတောင်ရေမြေသဘာဝ ကိုကြည့်ရှုလိုသူတွေအတွက်လည်း နောက်ခံမြင်ကွင်းကစိတ်ကျေနပ်စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အန်းဂတ်စ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးက တိရစ္ဆာန်တွေအပေါ်သနားကြင်နာတတ်ပြီး တစ်နေ့မှာတော့ သူ့နောက်ကိုလိုက်လာတဲ့ လမ်းပျောက်နေတဲ့ ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ကို မွေးစားလိုက်ပါတယ်။ခွေးလေးရဲ့နာမည်ကတော့ Yellow ပါ။ Yellow ကအန်းဂတ်စ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာပြီး သံယောဇဉ်လည်းတွယ်လာရင်း မိသားစုရဲ့အရေးပါသူတစ်ဉီးဖြစ်လာပါတယ်။ဒါပေမဲ့ သူရဲ့တကယ် သစ္စာရှိအနစ်နာခံပုံက အခုမှလာမှာပါ။တစ်ရက်မှာ အန်းဂတ်စ်ဟာ သူ့အဖေရဲ့ပင်လယ်ခရီးတစ်ခုကိုလိုက်သွားပါတယ်။ Yellow ကိုပါခေါ်သွားခဲ့တာပါ။အဲ့မှာ ရာသီဉတုပြင်းထန်တာနဲ့ကြုံပြီး လှိုင်းလုံးမိကာ သင်္ဘောမှောက်ပါတော့တယ်။အဲ့ဒီမှာ အန်းဂတ်စ်နဲ့ Yellow နှစ်ဉီး သူဆောက်ထားတဲ့လှေလေးပေါ်ပါသွားပြီး ကျွန်းတစ်ကျွန်းမှာသောင်တင်ခဲ့ပါတယ်။လူသူပြတ်နေတဲ့ တောခြုံကြားမှာ သူတို့အတူ သဘာဝရဲ့ဘေးအန္တရာယ်တွေနဲ့၊သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကိုရင်ဆိုင်ရပါတယ်။ကယ်ဆယ်သူတွေအလာကို စောင့်ဆိုင်းရင်း အန်းဂတ်စ်နဲ့ Yellow နှစ်ယောက်ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်ရပ်တည်သွားကြမလဲ။ အိမ်ကိုရောအရောက်ပြန်နိုင်မှာလား။ တစ်ဖက်က အန်းဂတ်စ်ရဲ့မိဘတွေဖြစ်တဲ့ ဂျွန်နဲ့ကတ်သရင်းတို့ကရော သူတို့ကိုရှာတွေ့နိုင်ပါမလား။ ခွေးတွေသစ္စာရှိတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ဒီကားလေးထဲမှာကြည့်ရှုခံစားလိုက်ပါ။သရုပ်ဆောင်တွေအနေနဲ့ကတော့ ...
movie

Far from Home: The Adventures of Yellow Dog(1995)

Runaway Jury(2003) 7.1
Runaway Jury(2003) Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်‌ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie

Runaway Jury(2003)

My True Fairytale (2021) 6.3
My True Fairytale (2021) My True Fairytale (2021) ================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးရဲ့ဒါရိုက်တာဖြစ်သူ D.Mitry ဟာ ကားအက်ဆီးဒင့် တစ်ခုမှာ သူ့ရဲ့၁၇နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရပါတယ်။ My True Fairytale ဆိုတဲ့ဇာတ်ကားလေးဟာ သူ့ရဲ့ဆုံးသွားတဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ သူ့ရဲ့ နောင်တတွေနဲ့ ပြန်ပေးဆပ်ချင်မှုတွေကို တစ်ထောင့်တစ်နေရာကနေထည့် သွင်းပုံဖော်ထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင် အန်ဂျီနဲ့ သူ့bffနှစ်ယောက်ဟာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါတကယ့်အပြင်ကအတိုင်းပါပဲ။ သူ့သူငယ်ချင်းနှစ်ယောက်က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် အန်ဂျီကတော့ ပျောက်ချင်းမလှပျောက်ပြီး လုံးဝရှာမတွေ့တော့ပါဘူး။ ဒါဟာဇာတ်လမ်းတစ်ခုလုံးရဲ့ကျောရိုးပါ။ ဒါရိုက်တာ အတွက် တကယ့်လက်တွေ့အပြင်မှာ သူ့အတွက် သူ့သမီးလေးဟာ ခန္ဓာကိုယ်ပဲ ပျောက်သွားတာဖြစ်ပြီး သူ့ရင်ထဲမှာအမြဲရှင်သန်နေတယ်ဆိုတာ ပြချင်လို့ဖြစ်ပါ လိမ့်မယ်။အန်ဂျီဟာ စူပါဟီးရိုးဖြစ်ချင်ပြီးကမ္ဘာကြီးကို ကယ်တင်ချင်နေတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူကယ်တင်ချင်တဲ့ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ။ အန်ဂျီဘယ်လို ကယ်တင်မှာလဲ။ သူဘာတွေကိုပြန်ပြင်ချင်တာလဲ။ ဖခင်တစ်ယောက်ရဲ့ လွမ်းဆွတ် တမ်းတခြင်းတွေနဲ့ ပြည့်နှက်‌နေတဲ့ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ အရွယ်မတိုင် ခင်သေဆုံးသွားရတဲ့ သမီးလေးရဲ့ဆန္ဒတွေကို နည်းလမ်းတစ်မျိုးလေးနဲ့ ရိုက်ကူးပုံဖော် ထားတာကို ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(936 MB) / (368 ...
movie

My True Fairytale (2021)

2021
High Crimes (2002) 6.3
High Crimes (2002)    ကလဲရ် ကုဘစ်ဟာ သိပ်ကို တော်တဲ့ အမျိုးသမီး ရှေ့နေတစ်ယောက်ပါ။ သူ့ရဲ့ အမျိုးသား တွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ အမျိုးသားကို ရုတ်ချည်း ဖမ်းဆီးခဲ့ပြီး သူ့အမျိုးသားဟာ တွမ် ကုဘစ်မဟုတ်ဘဲ။ ရွန် ချက်မန်းလို့ အမည်ရတဲ့ တပ်ပြေးတစ်ယောက်လို့ ဆိုလာပါတယ်။ပိုဆိုးတာက ရွန်ချက်မန်းဟာ လူအစုလိုက် အပြုံလိုက် သတ်မှုနဲ့ သေဒဏ်ကျမယ့် တရားခံဖြစ်နေတာပါပဲ။ သို့ပေမဲ့ ဒါတွေဟာ မဟုတ်မမှန် စွပ်စွဲချက်မှန်း သိလိုက်ရတဲ့အပြင် သူ့ရဲ့ အမျိုးသားကို တရားဆိုင်ဖို့ စစ်တပ်က အညတရ ရှေ့နေတစ်ယောက်သာ ချပေးထားတဲ့ အချိန်မှာ ကလဲရ်ဟာ ချာလီဆိုတဲ့ စစ်ထွက် တပ်သားဟောင်းကြီးရဲ့ အကူအညီနဲ့ စစ်တစ်တပ်လုံးနဲ့ မိန်းမတစ်ယောက် အကြိတ်အနယ် တရားရေးရာတွေ စတင်ပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသမီး Ashley Jadd က ကလဲရ်၊ ...
movie

High Crimes (2002)

The Good Neighbor (2022) 6.1
The Good Neighbor (2022) The Good Neighbor (2022) The Tudors ထဲက King Henry VIII အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Jonathan Meyers ရဲ့ ကားသစ်လေးပါ။တစ်နယ်တစ်ကျေးကို အလုပ်ကိစ္စနဲ့ရွှေ့ပြောင်းလာတဲ့ သတင်းသမား ဒေးဗစ်ဆိုသူဟာ စိတ်တူကိုယ်တူ အိမ်နီးချင်း ရောဘတ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရခဲ့ပါတယ်။ ဒီလိုနဲ့ ကြမ္မာငင်တဲ့ ညတစ်ညမှာတော့ နှစ်ယောက်သား ကလပ်တူတူသွားကြရာကနေ ပြဿနာကြီးတစ်ခုကို ဖန်တီးခဲ့မိကြပါတော့တယ်။ အဲ့ဒီပြဿနာကို နှစ်ဦးသားဖုံးကွယ်ခဲ့ကြပြီး ရက်ပေါင်းကြာလာတာနဲ့အမျှ ဒေးဗစ်ဟာ အမှန်တရားကိုသာ ဝန်ခံလာချင်ပါတယ်။ တစ်ဖက်မှာတော့ ရောဘတ်ဟာ အမှန်တရားမပေါ်ပေါက်စေချင်တာ‌ကြောင့် သူတို့ချင်း အချေအတင်တွေဖြစ်လာကြပါတယ်။သူတို့ဖုံးကွယ်ထားကြတဲ့ ပြဿနာကြီးတစ်ခုက ဘာများလဲ?ဒေးဗစ်ကို လွှမ်းမိုးချုပ်ကိုင်ချင်ခဲ့တဲ့ ရောဘတ်က အဆုံးထိ ဘယ်လိုတွေ ဉာဏ်ဆင်သွားမလဲ?ဒေးဗစ် တစ်ယောက် အိမ်နီးချင်း အရွေးမှားခဲ့ပြီလား? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Reum ပါ။) File Size : 2GB, 813MB & 376MB Quality ...
movie

The Good Neighbor (2022)

2022
Captors (2022) 4
Captors (2022) Captors (2022)စိတ္တဇလူသတ်သမားကားတွေ ဟန်နီဘယ်ဆန်ဆန်ကားတွေ ကြိုက်ကြတယ်မလား။ ဒီရုပ်ရှင်ကတော့ ဒီလိုလူတွေအတွက် တကယ့်ရွှေပါပဲ။စိတ္တဇလူသတ်သမားကားဆိုတာ စိတ္တဇလူသတ်သမားအဖြစ် သရုပ်ဆောင်တဲ့မင်းသားကောင်းမှ ပိုပေါ်လွင်မှာမလား။ မိုက်တို့ အန်သိုနီတို့ ဘေးလ်တို့ ဟိလဂျာတို့လိုပေါ့။သရုပ်ဆောင်တဲ့ မင်းသားကလည်း ဒီရုပ်ရှင်မှာ သရုပ်ဆောင်သိပ်ကောင်းပါတယ်။ အန်သိုနီကြီး ဟန်နီဘယ်နေရာက အော်စကာရတာ ဟိလဂျာ ဂျိုကာနေရာက အော်စကာရတာဟာ သူ၀င်သရုပ်မဆောင်ခဲ့လို့ပါပဲ။မင်းသမီးကလည်း နာတာလီပေါ့မန်း၊ ဂဲလ်ဂဒေါ့ တစ်ခါတစ်ခါကျ အင်ဂျလီနာဂျိုလီ သူတို့သုံးယောက်ပေါင်းရုပ်မျိုးပေါ့။ အခန်းတိုင်း တစ်ယောက်မဟုတ် တစ်ယောက် မြင်ရပါလိမ့်မယ်။ကောင်မလေးတစ်ယောက်ရှိတယ်။ အရူးတစ်ကောင်က ချုပ်ထားတယ်။ လွတ်သွားတယ်။ သူမသိတဲ့ဦးလေးဆီက အမွေရတယ်ဆိုလို့ ဟိုတောခေါင်ခေါင် လူမရှိသူမရှိနေရာထိလိုက်သွားတယ်။ အိမ်ထဲရောက်မှ သူ့ကို ဟိုးအရင် အတိတ်တစ်ချိန်က ချုပ်ထားခဲ့တဲ့အိမ်မှန်းသိလိုက်ရတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲပေမဲ့ မင်းသမီးနဲ့အတူ စိတ္တဇလူသတ်ကောင်နဲ့အတူ လုံးထွေးသတ်ပုတ်ရင်း ဆက်လက် ခံစားကြည့်လိုက်ကြပါတော့...Size - 1.2GB, 663MB Quality - 1080p, 720p Format - mp4 Duration ...
movie

Captors (2022)

2022
Insidious: The Last Key (2018) 5.8
Insidious: The Last Key (2018) ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲအဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင်ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့်ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီးသူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကိုရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ်အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ......ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious: The Last Key (2018)

2018