Channel Myanmar
Bruce Davis
The Unbreakable Boy (2025) 5.8
The Unbreakable Boy (2025)  Unbreakable Boy ဟာ 2025 ခုနှစ်ထွက်Family Drama ရုပ်ရှင်လေးပဲ ​ဖြစ်ပါတယ်..Shazam မင်းသား Zachary Levi ပါဝင်သရုပ်ဆောင်ထားပြီး  ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 5.8 ရရှိထားပါတယ်...ဇာတ်လမ်းကတော့...မျိုးရိုးလိုက်တတ်တဲ့ အရိုးရောဂါသည်လေး ထရီဆာနဲ့စကော့ထ်တို့ အကြောင်းပါခဲ့ရာမှ အော်တစ်ဇင် နဲ့အရိုးရောဂါသည်လေး အော်စတင်မွေးဖွားလာခဲ့ပြီးသူတို့မိသားစု ကြုံကြ ဆုံကြ ရင်ဆိုင်ကြရတဲ့အကြောင်းတွေပဲဖြစ်ပါတယ်...အိမ်ထောင်ရေး ပြဿနာတွေ မိသားစု သံယောဇဥ်တွေပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဖေးမမှုတွေ စတာတွေကိုFamily drama ဇာတ်ကားကောင်း ပီသစွာ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်...  File size… (1.61 GB) / (888 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Min Thway
movie
The Unbreakable Boy (2025)
Ida Red (2021) 5.8
Ida Red (2021) Ida Red (2021)*****************IMDb... 5.8 ဇာတ်လမ်းအစမှာ ပြည်နယ်အစိုးရဲ့ ဆေးကုန်ကားကိုလူတစ်ချို့ရဲဟန်ဆောင်ပြီးwsae mqmလုယက်ကြတယ်။အဖော်ပါလာတဲ့တစ်ယောက်က သေပြီးတော့ ကားမောင်းသမားကတော့ အိုင်စီယူထဲရောက်သွားတယ်။ကျူးလွန်တဲ့သူတွေကို သက်သေမခိုင်လုံတဲ့အတွက် ဘော်ဒီကစောင့်ကြည့်နေတယ်။သူစောင့်ကြည့်နေရတဲ့သူက ယောက်ဖဖြစ်သူ ဝက်ထ်ဖြစ်နေတယ်။အကြောင်းက ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်တိုင်း လူသတ်မှုထောင်ကျနေတဲ့ သူရဲ့ယောက္ခမကြီးအက်ဒါရဲ့နာမည်ကအမြဲပါနေတယ်။ ဝက်ထ်ကလည်း သူစောင်ကြည့်ခံနေရပြီဖြစ်လို့ ဦးလေးဖြစ်သူဒဲလတ်စ်နဲ့တိုင်ပင်တယ်။ လက်ရဲဇက်ရဲ ဘာကိုမှမကြောက်တဲ့ ဒဲလတ်စ်က ဝက်ထ်ရဲ့အမေအက်ဒါခိုင်းတဲ့အတိုင်း ဒီအမှုမှာပါခဲ့လူတိုင်းကိုရှင်းပစ်ဖို့ကြိုးစားတဲ့အခါမှတော့.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်) File Size : 1.91GB/ 670MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff
movie
Ida Red (2021)
Black Bags (2024) 5.6
Black Bags (2024)  ဒီရုပ်ရှင်က Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပေမဲ့သွေးထွက်သံယိုတွေနဲ့ ကြမ်းတမ်းနေတာမျိုးမဟုတ်ဘဲအေးအေးလူလူနဲ့ ကျောထဲကစိမ့်လာစေတဲ့ Thriller အမျိုးအစားဖြစ်တာမို့လို့ အဲဒီလိုရုပ်ရှင်မျိုးသဘောကျတဲ့သူတွေအတွက်လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအစကိုတော့ တက်စ် မက်ကာသီဆိုတဲ့ ကိုယ်ဝန်သည်အမျိုးသမီးလေးတစ်ယောက်နဲ့ စထားပါတယ်။သူနဲ့သူ့အမျိုးသားက ကိုယ်ပိုင်အိမ်ခြံဝန်းခပ်ကျယ်ကျယ်ကိုမှဈေးသက်သက်သာသာနဲ့ နေချင်တဲ့သူတို့ရဲ့အိပ်မက်အတိုင်းဘွန်းန်ဆိုတဲ့နယ်မြို့လေးမှာနေကြပေမဲ့ အမျိုးသားဖြစ်သူကအလုပ်ကိစ္စနဲ့ ခရီးအမြဲထွက်နေရလို့ အိမ်မှာမရှိတာများပါတယ်။အဲဒီလို အိမ်ကျယ်ကြီးမှာ တစ်ယောက်တည်းနေရတဲ့ တက်စ်ကကိုယ်ဝန်က အချင်းပါးတဲ့ပြဿနာကြောင့် မြို့ပေါ်ကို နှစ်ပတ်တစ်ခါတက်ပြီး ဆေးညွှန်းသွားယူရပါတယ်။သွားတဲ့အခါတိုင်း အမျိုးသားဖြစ်သူက စိတ်မချဘူးဆိုတာကြောင့်ကိုယ်တိုင်ကားမမောင်းဘဲ ဘတ်စ်ကားစီးရာကနေ ဇာတ်လမ်းစတာဖြစ်ပါတယ်။ဗိုက်တစ်လုံးနဲ့ ဆေးတွေထည့်ထားတဲ့အိတ်ကိုသယ်ပြီးကားစီးတဲ့တက်စ်တစ်ယောက် ကားပေါ်မှာ ဘေးချင်းကပ်ထိုင်တဲ့အမျိုးသမီးနဲ့ စကားပြောရင်း ခင်မင်သွားပါတယ်။သူတို့ဆင်းရမယ့်နောက်ဆုံးဂိတ်ကိုရောက်တဲ့အခါ ဘေးနားကအမျိုးသမီးက အိပ်ပျော်နေတဲ့အတွက် သူ့ဘာသူအောက်ဆင်းပြီးကားဗိုက်ထဲကခရီးဆောင်အိတ်ကိုယူကာ အိမ်ပြန်လာပါတော့တယ်။ဒါပေမဲ့ အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူ့အိမ်တံခါးကို ဘဲလ်လာတီးလို့ ထွက်ဖွင့်ပေးတဲ့အခါမှာ သူနဲ့ကားပေါ်မှာခင်ခဲ့တဲ့အမျိုးသမီးဖြစ်နေပါတယ်။အဲဒီအမျိုးသမီးက သူ့ရဲ့ခရီးဆောင်အိတ်ကို တက်စ်က မှားယူသွားတဲ့အတွက် သူ့အိတ်ကို ပြန်လာယူတာလို့ပြောပါတယ်။သူတို့ရဲ့ ချွတ်စွပ်ဆင်တူနေတဲ့ အိတ်အမည်းနှစ်လုံးထဲမှာမှ တက်စ်ရဲ့အမှားကြောင့် မတော်တဆမှားယူမိခဲ့တာလား...အိတ်လေးတစ်ခါမှားယူမိတာနဲ့ ဘယ်လိုပြဿနာတွေတက်လာမလဲဆိုတာကို ဒီရုပ်ရှင်မှာ မမြန်လွန်း မနှေးလွန်းတဲ့ ဇာတ်ရှိန်နဲ့တကွစောင့်ကြည့်ရမှာဖြစ်ပါတယ်။ File size… (1.32GB) / ...
movie
Black Bags (2024)
One Day as a Lion (2023)
One Day as a Lion (2023) ပိုက်ဆံလိုနေတဲ့ Jackie ဆိုတဲ့လူတစ်ယောက်က သူ့အသိဂန်းစတားတစ်ယောက်အတွက် လူတစ်ယောက်ကို ကော်ဖီဆိုင်တစ်ဆိုင်မှာ လုပ်ကြံဖို့ ကြိုးစားတာ ကျရှုံးသွားခဲ့ပါတယ်။ ပြီးတော့ အဲအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ စားပွဲထိုးမလေးကို ပြန်ပေးဆွဲတော့လည်း လွတ်တော့မလိုဖြစ်သွားပြန်ပါတယ် အဲလိုအလွဲလွဲအချော်ချော်တွေကြောင့် စိတ်ဓါတ်ကျပြီး မတ်တပ်တောင် မရပ်ချင်တော့တဲ့ Jackie ကို စားပွဲထိုးမလေးက သူတို့နှစ်ယောက်စလုံး ပိုက်ဆံရှာနိုင်မဲ့နည်းလမ်းပြောပြလာတဲ့အခါ အဲနည်းလမ်းကိုရော အစစအရာရာတလွဲလုပ်တတ်တဲ့ Jackie တစ်ယောက် အောင်မြင်အောင်လုပ်နိုင်ပါ့မလား...ဆိုတာကိုတော့ crime comedyအမျိုးအစားဖြစ်တဲ့ဒီဇာတ်ကားလေးထဲမှာ ရှုစားကြည့်ကြပါဦးရှင်File size…(1.1 GB)/580 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie
One Day as a Lion (2023)
Out of Exile (2023)
Out of Exile (2023) သင်ဟာ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး ‘ဒီအလုပ်က နောက်ဆုံးပဲကွာ.. ဒါပြီးရင် တရားမဝင်အလုပ်တွေ မလုပ်တော့ဘူး’လို့ တွေးမိရင် ချက်ချင်း ခေါက်ထားလိုက်ပါတော့.. ဘယ်လောက်ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ပါဘူး.. အပူပိုင်းဒေသကမ်းခြေလေးတစ်ခုမှာ ကော့တေးလေးသောက်ရင်း ဇိမ်ကျကျနေနိုင်မှာမဟုတ်ဘူး.. သက်တမ်းကြာနေပြီဖြစ်တဲ့ အကြွေးတွေကို ရှင်းနိုင်မှာမဟုတ်ဘူး.. သင်မျှော်လင့်ထားတဲ့ သက်တောင့်သက်သာ အိမ်မက်တွေလဲ ဖြစ်လာမှာမဟုတ်ဘူး.. နောက်ဆုံးတစ်ခါပါပဲဆိုပြီး သင်ကြိုးစားလဲ သင်နဲ့ သင်တန်ဖိုးထားရတဲ့ အရာတွေတွေအတွက် အဆိုးဆုံးအခြေအနေနဲ့သာ အဆုံးသတ်သွားနိုင်ပါတယ်.. ဒါကို နားမလည်သေးဘူးဆိုရင်.. Ouf of Exile က သင့်အတွက်ရှိနေပါတယ်.. ထောင်ဒဏ်၁၆နှစ် ကျခံရပြီးတော့ ခံဝန်နဲ့ လွတ်လာတဲ့ ရက်ဆဲဟာ သူ့ကို စိမ်းကားနေတဲ့ သမီးဖြစ်သူနဲ့အတူ အေးအေးဆေးဆေးနေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဘဏ်ငွေသယ်တဲ့ကားကို ဓားပြတိုက်ဖို့ လုပ်ပါတယ်.. ဒါပေမယ့် ကိစ္စက ထင်သလို မချောမွေ့ပဲ ဘဏ်အစောင့်ကို သတ်မိလိုက်တဲ့အတွက် FBIက ဓားပြတွေကို စုံစမ်းရှာဖွေဖို့ကြိုးစားလာတယ်.. ရက်ဆဲရဲ့ အလုပ်ရှင်ဖြစ်တဲ့ ...
movie
Out of Exile (2023)
Candy Land (2022) 5.3
Candy Land (2022) Candy Land (2022) =============="Candy Land" ဆိုလို့ ဇာတ်ကားက အချိုလေးတွေမပါ,ပါဘူး။ 18+ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း 18+မို့ ဆယ့်ရှစ်ယောက်စုကြည့်ကြပါ။ ကလေးသူငယ်တွေကိုမပြပါနဲ့။ Candy Land ဆိုတာ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုမှာ ကျက် စားနေတဲ့ sex worker ကောင်မလေးတစ်စုရဲ့ နာမည်ပြောင်ပါ။ ရပ်ထားတဲ့ထရပ်ကားတွေ၊ စားသောက်ဆိုင်အိမ်သာတွေနဲ့ သူတို့ရဲ့ အခန်းငယ်တွေက သူတို့ကျက်စားရာနယ်မြေတွေပါပဲ။တစ်နေ့တော့ ရယ်မ်မီဆိုတဲ့ အင်နိုးစန့်ကောင်မလေးက သူတို့အဖွဲ့နဲ့ အကြောင်းပါလာပါတော့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ယာဉ်ရပ်နားစခန်းအိမ်သာထဲ လူသတ်မှုဖြစ်သွားခဲ့တာပေါ့။ အဲ့နောက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ဆယ့်ရှစ်ယောက်စုကြည့်ရမယ့် အခန်းတွေရော၊ သွေးသံရဲရဲအခန်းတွေရော စုံလို့လာပါတော့တယ်။ လူသတ်မှုနောက်ကွယ်ကအကြောင်းအရင်းတွေ၊ လူသတ်ပုံသတ်နည်း တွေကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Ngwe Zin, Fiona Gillen ဖြစ်ပါတယ်)File Size..........(2.14 GB) / (578 MB) / (332 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, ...
movie
Candy Land (2022)
2022
Agnes (2021)
Agnes (2021) Agnes (2021) ဇာတ်လမ်းအညွှန်း****************************ခရစ်ယာန်သီလရှင်ကျောင်း တစ်ခုက သီလရှင်တွေထဲမှာ နတ်ဆိုးစွဲတဲ့သူ ရှိတယ်ဆိုတဲ့ ကောလဟလ တစ်ခုကြောင့် အသေးစိတ် စစ်ဆေးမှုတွေလုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်ဘုန်းတော်ကြီးနှစ်ပါးဟာ အဆိုပါ သီလရှင်ကျောင်းကို သွားရောက်ပြီး နတ်ဆိုးနှင်ဖို့ ပြင်ဆင်ကြပါတယ်ဒါပေမဲ့လည်း ဘုန်းတော်ကြီးနဲ့ အတူ သူ့ရဲ့ တပည့်တွေဟာ ထိရောက်မှုမရှိတဲ့ သူတို့ရဲ့ နတ်ဆိုးနှင်ခြင်းအပြီးမှာတော့ ယုံကြည်ခြင်း ယိုင်လဲလာတဲ့ အခက်ခဲတွေ အခြားသော စုံစမ်းနှောင့်ယှက်ခြင်းတွေနဲ့ပါ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခါမှာ ...ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ သည်းထိတ်ရင်ဖို ဆက်လက် ကြည့်ရှုကြရမှာပါ File Size     : (1.7 GB)(970 MB) and (470 MB) Quality       : WEB-DL 1080P, 720p Format       : mkv, mp4 Duration    : 1hr ...
movie
Agnes (2021)
2021
The Vast of Night (2020) 6.7
The Vast of Night (2020) The Vast of Night (2020)===================IMDb Rating - 6.7/10#Unicodeဒီဇာတ်ကားလေးကတော့ Drama/ Mystery/ Sci-fi  အမျိုးအစားပဲဖြစ်ပါတယ်...ထူးခြားတာကတော့ ၁၉၅၀ ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါပဲ...ဇာတ်လမ်းအကျဉ်းလေးကတော့... ဖေးခရွတ်ကာက ၁၆ နှစ်အရွယ် နယူးမက်ဆီကိုကကောင်မလေးပါ... သူ့အိပ်မက်ကတော့ တစ်နေ့ကျရင် ကုမ္ပဏီကြီးတစ်ခုမှာ ဖုန်းအော်ပရေတာအဖြစ်အလုပ်ဝင်ဖို့ပါပဲ... လောလောဆယ်တော့ အထက်တန်းကျောင်းတက်ပြီးမြို့ပိုင်ရေဒီယိုချန်နယ်လေးရဲ့ အော်ပရေတာလုပ်နေပါတယ်...အဲဗားရက်ကတော့ အဲဒီရေဒီယိုချန်နယ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ...ဖေးသိချင်တာမှန်သမျှ မေးလို့ရတဲ့သူပေ့ါ....တစ်ညတော့ သူတို့ရေဒီယိုအသံလွှင့်နေတုန်းထူးဆန်းတဲ့ ကြိမ်နှုန်းမြင့် Frequency တွေကို ဖမ်းမိလိုက်ပါတယ်...အဲဒီအသံတွေကို ဘယ်သူတွေက ထုတ်လွှင့်နေတာလဲဆိုတာကို စုံစမ်းရင်းဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ်ကားလေးကတော့ Drama/ Mystery/ Sci-fi အမျိုးအစားပဲဖြစ်ပါတယ်...ထူးခြားတာကတော့ ၁၉၅၀ ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါပဲ...ဇာတ်လမ်းအကျဉ်းလေးကတော့... ဖေးခရွတ်ကာက ၁၆ နှစ်အရွယ် နယူးမက်ဆီကိုကကောင်မလေးပါ... သူ့အိပ်မက်ကတော့ ...
movie
The Vast of Night (2020)
2020
All Eyez on Me (2017) 5.8
movie
All Eyez on Me (2017)
2017