Channel Myanmar

Brinke Stevens

Psycho III (1986) 5.5
Psycho III (1986) Psycho III ဟာ နာမည်ကြီး Psycho စီးရီးရဲ့ တတိယမြောက်ကား ဖြစ်ပါတယ်။ဇာတ်လမ်းမှာ Norman Bates ဟာ Bates Motel ကိုပြန်ဖွင့်ပြီး အေးဆေးလေးနေထိုင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် လူသစ်တွေ motel ကိုရောက်လာတာနဲ့ အကုန်ပြောင်းလဲသွားပါတယ်အယ်လ်အေ မှာသီချင်းသွားဆိုဖို့အိမ်မက်တွေ အတွက်ပိုက်ဆံရှာဖို့ တည်းခိုခန်းမှာအလုပ်လာလုပ်တဲ့ ဒွိုန်းဒုခ်၊ တည်းခိုခန်းမှာလာရောက်တည်းခိုခဲ့တဲ့မာရီယွန်ကရိန်းနဲ့ ရုပ်ချင်းဆင်တဲ့ မိန်းကလေး မော်ရင်း ကွိုင်၊နော်မန်ဘိတ်စ်အကြောင်းလာရောက်စုံစမ်းတဲ့ သတင်းထောက် ထရေစီ ဗန်ဒါဘယ်သူတို့သုံးယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်ဒီကားကိုတော့ Norman Bates ရုပ်ဆောင်သူ Anthony Perkins ကိုယ်တိုင်ကဦးဆောင်ရိုက်ကူးထားတာဖြစ်ပြီး၊ စိတ်ဝင်စားဖွယ် အညွှန်းတွေနဲ့ အထိအတွေ့ရှိတဲ့thriller ဇာတ်ကားတစ်ခုအဖြစ် တင်ဆက်ထားပါတယ်။  File size…    1.9 GB /  840MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Horror/Thriller Subtitle…. ...
movie

Psycho III (1986)

Butchers Bluff (2024) 5.7
Butchers Bluff (2024)  Butchers Bluff (2024)IMDb Rating (5.7) သူငယ်ချင်းတစ်စုရှိတယ်။ ရုပ်ရှင်ကျောင်းသားတွေပေါ့။သူတို့တွေက ဖြစ်ရပ်မှန်ဟော်ရာဇာတ်လမ်းတစ်ခုကို ဒိုကူမန်ထရီရိုက်ဖို့ အနှစ်နှစ်ဆယ်အတွင်း လူပေါင်းများစွာ ပျောက်ဆုံးခဲ့တဲ့ တောအုပ်တစ်ခုနဲ့ အဲဒီတောအုပ်နားက မြို့လေးကိုလာခဲ့တယ်။ အဲဒီမြို့လေးမှာ ဟော့မန်းခေါ် ဝက်လူသားလို့ခေါ်တဲ့ လူသတ်သမားတစ်ယောက်ရှိတယ်ဆိုတဲ့ ယုံတမ်းစကားတွေရှိတယ်။အဲဒီကောင်လေးက ငယ်ငယ်က ဝလွန်းလို့ အားလုံးအနိုင်ကျင့်တာခံခဲ့ရတယ်။ တစ်နေ့မှာ ကောင်လေးသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အရင်ကထက်တောင် ဆိုးဆိုးရွားရွား အနိုင်ကျင့်ခဲ့ကြတယ်။ဆေးရုံရောက်သွားခဲ့တယ်။ ဆေးရုံကဆင်းလာပြီး ညမှာ သူက ဝက်မျက်နှာဖုံးကို စွပ်ပြီး ကောင်လေးသုံးယောက်စလုံးကိုသတ်ပစ်ခဲ့တယ်။ ကောင်မလေးကိုတော့ ချန်ထားခဲ့တယ်။ဒီနောက် သူစိတ်ရောဂါကုဆေးရုံရောက်သွားတယ်။ အဲဒီကနေ သူထွက်ပြေးလာပြီး ဒီသစ်တောထဲ ရှိနေတယ်ဆိုတဲ့ ယုံတမ်းတွေ မြို့ထဲမှာပျံ့နေပေမဲ့ ဘယ်သူမှတော့ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်ဘူးပေါ့။ဒီကျောင်းသားတစ်စုက အဲဒီဇာတ်လမ်းနောက်လိုက်ကြရင်း ကြုံလာရတဲ့ သွေးထွက်သံယိုတွေကိုမြင်ရမယ့်ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.8 GB) / (920 ...
movie

Butchers Bluff (2024)

2024
Night Mistress (2025) 5.0
Night Mistress (2025) ဒီဇာတ်ကားကတော့ ဒါရိုက်တာ Philip Cable ရိုက်ကူးထားပြီးRene Aranda, Philip Cable, Javier Cazares, RayQuiroga စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ revenge ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရှယ်လီဆိုတဲ့ မင်းသမီးနဲ့ စတန်းဂိုးမန်းဆိုတဲ့ တက်သစ်စဒါရိုက်တာတို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။စတန်းဂိုးမန်းက ရှယ်လီ့အတွက်တော့ အမှောင်ထုထဲကအလင်းရောင်လို ဖြစ်တည်မှုမျိုးပါတဲ့။ဒါပေမယ့် ရုပ်ရှင်လောကကို သိမ်းပိုက်ချင်တဲ့‌ကော့ဒ်ဆိုတဲ့ဂိုဏ်းခေါင်ဆောင်နဲ့ ခေါင်းမာတဲ့စတန်းဂိုးမန်းတို့ ပြဿနာတက်ကြရင်းကနေ စတန်းဟာ အသတ်ခံလိုက်ရပါတော့တယ်။ အလင်းရင်းမြစ်ကို ဆုံးရှုံးလိုက်ရတဲ့ရှယ်လီတစ်ယောက်သူမဘဝမှာ အမှောင်ထုတွေ ပြန်လည်ဖုံးလွှမ်းလာပြီးလက်စားချေမယ့်ခရီးစဉ်ကို စတင်ပါတော့တယ်။ဒေါသတွေနဲ့ ရူးသွပ်နေတဲ့ ရှယ်လီတစ်ယောက် ကော့ဒ်တို့ရဲ့အင်အားတောင့်တင်းတဲ့ ဂိုဏ်းကြီးကိ ဘယ်လိုမျိုး လက်စားပြန်ချေဖို့ အစီအစဉ်ချမှာလဲ....ရဲအရာရှိပတ်စ်တွန်နဲ့ လစ်ပ်တွန်တို့ ပူးပေါင်းအဖွဲ့ကရောဒီအမှုကိုအဆုံးအထိ လိုက်ပါဖြေရှင်းနိုင်ပါ့မလား....ရှယ်လီရဲ့ လက်စားချေမှုက အောင်မြင်မှာလား...ကျရှုံးသွားမှာလား...ရှယ်လီကရော နောက်ဆုံးဘာဖြစ်သွားမလဲ....ဒါတွေကို ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာရမှာပါ။   File size… (1.12 GB) / (564 MB) Quality… WEB-DL 1080p ...
movie

Night Mistress (2025)

The Haunted, the Possessed and the Damned (2024) 5.5
The Haunted, the Possessed and the Damned (2024)  စိတ္တဇလူသတ်ကားလေးတွေမှကြိုက်ပါတယ်ဆိုရင်တော့အခုတင်ဆက်ပေးမဲ့ The Haunted The Possessed AndThe Damned ဆိုတဲ့ဇာတ်ကားလေးကိုရှုစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။အရမ်းကြီးကြမ်းလားဆိုရင်တော့ Terrifier တို့Scream တို့လောက်တော့မကြမ်းပေမဲ့ နှစ်ကိုယ့်တစ်စိတ် စိတ္တဇလူသတ်သမားရဲ့ လူသတ်ချင်စိတ်ကိုနှစ်ဖက်လွန်ဆွဲပြီး ရုန်းကန်နေရတဲ့ စိတ္တဇလူသတ်သမားရဲ့ဇာတ်လမ်းကိုကြည့်ရမှာဖြစ်တဲ့အတွက် အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေတဲ့အနေအထားရှိပါတယ်။အဲ့ဒီနှစ်ကိုယ့်တစ်စိတ်လူသတ်သမားကတော့အက်ဒမ်ဖြစ်ပြီးသူကလက်ရှိမှာ အာမခံကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ လျော်ကြေးမန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။သူကအရမ်းခင်စရာကောင်းပြီးစကားပြောကောင်းပေမဲ့ တစ်ဖက်မှာလည်း လူသတ်ချင်နေတဲ့သူ့ကိုယ်ထဲကသားရဲက သူ့ကိုအတင်းတွန်းအားပေးနေပါတော့တယ်။ဒီလိုနဲ့သူလူတွေသတ်ဖြစ်ခဲ့ပြီး အဲ့ဒီအမှုကိုလိုက်စုံစမ်းတဲ့စုံထောက်ကတော့ ကိုယ်တိုင်ကလူသတ်မှုနဲ့စုံစမ်းစစ်ဆေးခံနေရတဲ့ စုံထောက်ကက်စီဖြစ်ပြီး သူကိုယ်တိုင်ကလည်း သွေးအေးသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရက်ရက်စက်စက် ၂ လောင်းပြိုင်လူသတ်မှုတွေကျူးလွန်နေတဲ့အက်ဒမ့်ကို လိုက်စုံစမ်းစစ်ဆေးရင်းနဲ့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။  File size… (1.90 GB) / (936 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Haunted, the Possessed and the Damned (2024)

Space Sharks (2024) 5.0
Space Sharks (2024)  ဒီဇာတ်ကားကို Sci-fi Genre ရုပ်ရှင်တွေ အရိုက်များတဲ့Director Dustin Ferguson က ရိုက်ကူးထားပြီးတော့သရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန္တဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Eric Roberts, Brinke Stevens တို့က ပါဝင်အားဖြည့်ပြီး သရုပ်ဆောင်ပေးထားပါတယ်။Sci-fi Genre ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် အမေရိကန်အစိုးရဟာ သက်ရှိတွေနေထိုင်နေတယ်လို့ ယူဆရတဲ့ဂြိုလ်တစ်ခုပေါ်ကနေ နမူနာပစ္စည်းတွေကိုယူလာဖို့အတွက်အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပါတယ်။အဲဒီယာဉ်ဟာ ယူလာပြီးတော့အပြန်လမ်းမှာ ဥက္ကာခဲတွေနဲ့တိုက်မိပြီးတော့ ကမ္ဘာပေါ်ကိုပျက်ကျလာပါတယ်။အဲဒီလိုနဲ့ ယာဉ်ပေါ်မှာပါလာတဲ့ သက်ရှိတွေဟာကမ္ဘာပေါ်မှာလွတ်ကုန်ပြီးတော့ သောင်းကြမ်းကုန်ပါတယ်။ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရောဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာတွေကိုသည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…  2.29GB / 1.04GB Quality… WEB-DL 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Space Sharks (2024)

Beyond the Gates of Hell (2022)
Beyond the Gates of Hell (2022) လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က ခေါင်တဲ့နေရာမှာရှိတဲ့ အိမ်တစ်လုံးကို အောက်စျေးနဲ့ ဝယ်လို့ရလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီအိမ်က လူသေမှု လူသတ်မှု ရာဇဝင် အများကြီး ရှိထားပြီးသား အိမ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ကြုံနေတဲ့ လင်မယားနှစ်ယောက်က ဒီအိမ်ကို ဘာပြဿနာမှ မဖြစ်လောက်ဘူးထင်ပြီး ယူလိုက်ပါတယ်။ သူတို့အထင်နဲ့ တက်တက်စင်အောင်လွဲတာကတော့ အိမ်ကြီးက ငရဲဂိတ်ဝမှာ ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက American Horror Storyရဲ့ Murder House နဲ့လည်း ဆင်တူပါတယ်။ ရိုက်ထားတာကလည်း creepy vibe အပြည့်ရတယ်ဆိုပေမယ့် အရမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ရုပ်ရှင် ကြာချိန်ကလည်း တစ်နာရီ မပြည့်တော့ ကြည့်ရတာ မြန်မြန်သွက်သွက်ရှိပါတယ်။File size…(739 GB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Horror, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Beyond the Gates of Hell (2022)

[18+] Private School (1983) 5.3
[18+] Private School (1983) ဒီဇာတ်ကားကတော့ American Pie ဇာတ်ကားတွေလိုပါပဲ...ကျောင်းသားဟာသ ဗရုတ်သုက္ခဇာတ်ကားလေးပေါ့...မင်းသမီးကတော့ အချောလေး ဖိုဘီကိတ်ပါ...တခြားမင်းသမီးတွေလဲ အများကြီးပါသေးတယ်..အဲ့ခေတ်ကမင်းသမီးတွေဆိုတော့ နာမည်တွေသိပ်မသိပေမယ့် လှတာတော့ အတော်လှကြတာဗျို့...သွက်လက်ချက်ချာပြီး ချစ်စရာကောင်းနေကြပုံများ ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျနေရမှာ...ကျောင်းသားတွေရော ကျောင်းသူတွေရော အကုန် ငပွေးလေးတွေချည်းပဲ...ခွီနေရတယ်။ကိုဗစ်ရောဂါကြောင့် အိမ်တွင်းအောင်း ကျောင်းမတက်ရ အပြင်မထွက်ရ မကဲရ စိတ်ညစ်နေရတဲ့ကာလမှာဒီလို ပေါ့ပါးပျော်ရွှင်တဲ့ဇာတ်ကားလေးတွေကြည့်ပြီး အားကျနေဖို့တင်ဆက်လိုက်ပါတယ်။Fast Times at Ridgemont High (1982) ဖိုဘီကိတ်ရဲ့ ဇာတ်ကားလိုပဲNude Scene နဲ့အပြောအဆိုတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။  File size…(1.5 GB)/ (880 MB)/ (400 MB) Quality…BluRay Remaster 1080p /720p / 480p Format…mkv Duration….01:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

[18+] Private School (1983)

Mrs. Claus (2018) 3.6
Mrs. Claus (2018) Mrs. Claus (2018)သဲထိပ်ရင်ဖို သွေးသံရဲရဲနဲ့ ဇာတ်ကားတွေတွေကို ခုံမင်တဲ့ CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးမှာက Mrs. Claus ဆိုတဲ့ကားလေးပါ ခရစ်စမတ်ဆိုတာနဲ့ စန်တာကလော့စ်ဖိုးဖိုးကြီးရယ် လက်ဆောင်တွေနဲ့ ပျော်ဖို့ကောင်းတာတွေပဲ ပြေးမြင်မှာပေါ့နော် ဒီကားထဲက ကျောင်းသူတွေနေတဲ့အိမ်ကြီးမှာတော့ ခရစ်စမတ်တစ်ညမှာ ခြောက်ခြားစရာတွေဖြစ်ပျက်ခဲ့ပြီးထဲက ခရစ်စမတ်ပွဲမကျင်းပတော့ပါဘူး နောက် ၁၀ နှစ်ကြာတဲ့ အဲ့အိမ်ကြီးမှာပဲ ကျောင်းသားတစ်စုက ခရစ်စမတ်ပါတီ ကျင်းပဖို့ပြင်ဆင်ကြပါတော့တယ် ဒီကျောင်းသားတွေရော ခရစ်စမတ်ညမှာ ဘာတွေကြုံတွေ့ရမလဲ သူတို့ထဲက ကောင်မလေးတစ်ယောက်ကရော အတိတ်အဖြစ်ဆိုးထဲကလူတွေနဲ့ ဘယ်လိုပတ်သက်နေလဲ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်က ဘယ်သူလဲဆိုတာကို သွေးသံရဲရဲခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ....  File Size : (823 MB) Quality : Web DL 720p Running Time :1hr 26min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by HMO Encoded by Moe Myint Lwin
movie

Mrs. Claus (2018)

2018