Channel Myanmar

Brian Le

Bangkok Dog (2024) 6.4
Bangkok Dog (2024)  အက်ရှင်ကားကြမ်းကြမ်းတွေကိုကြိုက်တဲ့သူတွေအတွက်တကယ်မိုက်တဲ့ အမေရိကန်-ဘန်ကောက် အက်ရှင်ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ ဘန်ကောက်ကားဆိုတဲ့အတိုင်းBangkok Dog ဖြစ်ပြီး လက်ရှိ IMDb Rating 6.4 အထိရရှိထားပါတယ်။မင်းသားကိုယ်တိုင်က ကိုယ်ခံပညာရှင်ဖြစ်ပြီးဒီအတွေ့အကြုံတွေနဲ့ပဲ ဟောလီး၀ုဒ်ရုပ်ရှင်လောကထဲဝင်လာတာဖြစ်တဲ့ D.Y. Sao ဖြစ်ပြီး ခေတ်သစ် ဘရုစ်လီတို့ဂျက်ကီချမ်းတို့လိုတောင် တင်စားရအောင် အက်ရှင်ချကွက်တွေက မိုက်လွန်းပါတယ်။ဇာတ်ညွန်းအနေအထားကလည်းဖန်တရာထေထပ်နေပြီဖြစ်တဲ့ ဇာတ်ညွန်းတွေလိုမဟုတ်ဘဲတစ်မျိုးတစ်ဖုံဖန်တီးထားတဲ့အပြင် မင်းသမီးကလည်း ချောတဲ့အတွက် အဖက်ဖက်ကကြည့်လို့ကောင်းမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ LS-75 ဆိုတဲ့အမေရိကန်လျှို့ဝှက်တပ်ဖွဲ့က အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ အန်ဒရူးနဲ့ကိတ်တလင်းတို့ကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့လက်ရှိစစ်ဆင်ရေးကတော့မှောင်ခိုကူးလာတဲ့မူးယစ်ဆေးတွေကိုဖမ်းဆီးရမှာဖြစ်ပါတယ်။ဒီလိုနဲ့စစ်ဆင်ရေးအောင်မြင်ခဲ့ပြီးနောက်မှာတော့ ဒီမူးယစ်ဆေးတွေကို ထိုင်းကနေအမေရိကန်ကိုတင်ပို့နေကြောင်းသိခဲ့ရပါတော့တယ်။အဲ့ဒါကြောင့်အေးဂျင့်အန်ဒရူးက မှောင်ခိုကူးပေးတဲ့ဘန့်ဇ်ဆိုတဲ့လူဆိုးနေရာကနေအသွင်ယူပြီး ထိုင်းမှာကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အေးဂျင့်အန်ဒရူး ထိုင်းကိုရောက်လာခဲ့ပြီး ဒီမူးယစ်မှောင်ခိုလုပ်ငန်းကြီးရဲ့နောက်ကွယ်က လူဆိုးဂေါင်ကြီးကို ဘယ်လိုစုံစမ်းဖမ်းဆီးသွားမယ်ဆိုတာကို အက်ရှင်တွေ အပစ်အခတ်တွေနဲ့စိတ်ဝင်စားစရာရှုစားရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။  File size… (1.52 GB) / (664 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre …..Action , Crime , Thriller Subtitle….Myanmar Subtitle ...
movie

Bangkok Dog (2024)

Everything Everywhere All at Once(2022) 8.7
Everything Everywhere All at Once(2022) Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie

Everything Everywhere All at Once(2022)

4K HEVC
Hanuman Shadow Master (2022) 7.3
Hanuman Shadow Master (2022) ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။ File size…1.35GB /600MB Quality… 1080p WEBRIP /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Hanuman Shadow Master (2022)