Channel Myanmar

Brian Gross

2001 Maniacs (2005) 5.3
2001 Maniacs (2005) 2001 : Maniacs (2005)သွေးထွက်သံယိုဇာတ်ကွက်‌‌တွေ နဲ့ လူသတ်ကားခပ်ကြမ်းကြမ်းလေးကို တောင့်တနေမိတယ်ဆိုရင်တော့ ၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ 2001: Maniacs ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါမယ်။ ဒီဇာတ်ကားက ၂ ကားထွက်ထားတာဖြစ်ပြီး 2001 : Maniacs : Field of Screams (2010) ဆိုတဲ့ကားကိုလဲ တပါတည်းတင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့... ကျောင်းတွေပိတ်လို့ နွေရာသီအားလပ်ရက်ခရီးထွက်လာကြတဲ့ ကျောင်းသားတစ်စုဟာ လမ်းတစ်၀က်အရောက် လမ်းလယ်ခေါင်မှာပိတ်ထားတဲ့ လမ်းလွှဲဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့ကလည်း လမ်းညွှန်ရာအတိုင်း ၀င်လာခဲ့တဲ့နောက်မှာ အင်မတန်ထူးဆန်းတဲ့ မြို့တစ်မြို့ထဲကို ရောက်သွားခဲ့ပါတယ်။ မြို့သူမြို့သားတွေဟာ သူတို့ရောက်လာတာနဲ့ ၀မ်းပမ်းတသာ ကြိုဆိုနေခဲ့ကြပြီး နေရာထိုင်းခင်း အ‌စားအသောက်တွေ အဆင်သင့် ပြင်ဆင်ဧည့်ခံပါတော့တယ်။ဒါပေမယ့် တဖြေးဖြေးနဲ့ ကျောင်းသားတွေ တစ်ယောက်ချင်းစီ ပျောက်ပျောက်လာတဲ့နောက်မှာ သူတို့တွေဟာ သံသယတွေ ၀င်လာခဲ့ကြပါတယ်။ သူတို့ရောက်နေတာ ဘယ်မြို့လဲ။ ဘာလို့ သူတို့ကိုကြိုဆိုနေကြတာလဲ။ သူငယ်ချင်းတွေရော ဘယ်တွေရောက်ကုန်တာလဲ...စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ပဟေဠိဆန်လွန်းလှတဲ့ ဒီမြို့လေးမှာ ဘာလျို့ဝှက်ချက်တွေရှိနေမလဲ၊ သူတို့သူငယ်ချင်းတွေကို ရှာတွေ့မှာလား၊ သူတို့ရော လွှတ်မြှောက်နိုင်ပါ့မလားဆိုတာ....။(အသတ်အဖြတ်၊ အပြောအဆို ၊ ...
movie

2001 Maniacs (2005)

Trapped Inn (2024) 3.1
Trapped Inn (2024)  Trapped Inn (2024)IMDb Rating (3.1) / Rotten Tomatoes (86%) 2024 ထွက် Thriller ကားအသစ်ပါ။Thrillerကားတွေမှာတော့ ဇာတ်ကို ဘာမှမသိဘဲ ကြည့်ရတာ ပိုအရသာရှိလိမ့်မယ်ဆိုတော့ အရမ်းအကောင်းကြီး ခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့အတန်အသင့်လက်သင့်ခံလို့ရတဲ့ ပမာဏလောက်နဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ဘာတွေဖြစ်နေလဲ မသိဘဲ စီးမျောကြည့်ချင်ရင်တော့ ကြည့်လိုက်ပါ။ဘာတွေဖြစ်နေလဲဆိုတာက မထင်ထားလောက်တဲ့အချိန်ကျမှ ရုပ်လုံးပေါ်တာဆိုတော့ ဇာတ်လမ်းက မပြောင်မြောက်လှပေမဲ့ ကြည့်တော့ကြည့်ကောင်းမှာပါ၊။အညွှန်းဖတ်တာကို ဒီလောက်နဲ့ရပ်ပြီး ကြည့်ကြည့်လိုက်ပါ။ဇာတ်လမ်းကတော့ ပြိုင်ဘီးစီးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။သူတို့က ပြိုင်ဘီးစီးကျင့်ဖို့ တောင်မြင့်ပြီး ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကို ရောက်လာတယ်။ အဲဒီဒေသက အင်းမှာ သွားတည်းတယ်။အင်းပိုင်ရှင် လင်မယားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကောင်မလေးတွေလည်း အဲဒီမှာရှိတယ်။ဒီလိုနဲ့ အင်းပိုင်ရှင် လင်မယားမူမမှန်နေတာကို သူတို့အဖွဲ့ထဲက တစ်ယောက်က သတိထားမိသွားတဲ့အချိန် လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်လာတယ်။ဘာလို့ပျောက်ကုန်ကြလဲ ဘယ်သူတွေလွတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတော့။  (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.9 GB) / (980 MB) Quality….WEB-Rip 1080p HEVC ...
movie

Trapped Inn (2024)

2024
Red Tails (2012) 5.9
Red Tails (2012) Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie

Red Tails (2012)

2012