Channel Myanmar

Brian Friedman

She’s All That (1999)
She’s All That (1999) IMDb Rating 5.9/10ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့် She’s All That ……………. မင်းသားချောလေး Freddie Prinze Jr ပါဝင်ထားတဲ့ ကြည်နူးစရာအချစ်ကားလေးတစ်ကားဖြစ်ပြီး ဒီကားမှာ ဖရတ်ဒီက ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်....ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာက Queen တေလာဗန်ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ... သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်.... အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာက Queen ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ် သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီဖြစ်နေတဲ့အခါ......သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာက လန်နီကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ? ...
movie

She’s All That (1999)

Rock Star (2001) 6.3
Rock Star (2001) ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်2001 ခုနှစ်တုန်းက မင်းသား Mark Wahlberg ပါဝင်ရိုက်ကူးထားတဲ့ Rock Star ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက လေးဖြူ အငဲ ဇော်ဝင်းထွဋ် စတဲ့ မက်ဂါစတားကြီးတွေတစ်ခါက သူတို့သီချင်းတွေကို သီဆိုခဲ့ဖူးတဲ့ Judas Priest တီးဝိုင်းရဲ့ဖြစ်ရပ်မှန်ကို လျော့တိလျော့ရဲ မရေမရာ အခြေခံထားတယ်လို့ ဆိုပါတယ်...ရော့ခ် ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါ...ဇာတ်လမ်းအကျဉ်းလေးကတော့...ခရစ် ဆိုတဲ့ ဟဲဗီးရော့ခ်တွေကို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ဟာ Steel Dragon ဆိုတဲ့တီးဝိုင်းကို အရမ်း ကြိုက်နှစ်သက်ပြီးအဆိုတော်ရဲ့ အဝတ်အစားတွေ ဟန်ပန်တွေ သီချင်းဆိုဟန်တွေကအစ အားလုံးအလွတ်ရတဲ့အထိ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့.. ..သူ့မှာ Steel Dragon တို့ရဲ့သီချင်းတွေ ကာဗာဆိုတဲ့ ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ရှိတယ်....တစ်နေ့တော့ သူ့တီးဝိုင်းဟာ ကာဗာသီချင်းတွေမဆိုချင်တော့တဲ့အခါ သူနဲ့ ခွာပြဲပြီး သူ့တီးဝိုင်းကသူ့ကိုကန်ထုတ်လိုက်ချိန်မှာကံအားလျော်စွာပဲ သူရူးသွပ်တဲ့ Steel dragon က အဆိုတော်သစ်ရှာနေချိန်ဖြစ်နေပါတယ်....သူ Steel Dragon ...
movie

Rock Star (2001)

2001