Channel Myanmar

Brian Caspe

Running Scared (2006) 7.3
Running Scared (2006)  Paul Walker နဲ့ Conjuring ဇာတ်ကြားတွေနဲ့လူသိများတဲ့ Vera Farmiga တိုရဲ့ အက်ရှင်ကားကောင်းတစ်ကားကို Paul Walker အလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်။ဂျိုဝီဟာ လူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး တစ်နေ့မှာ တိုက်ခိုက်လူသတ်မိကြရာ သူတိုသတ်လိုက်တဲ့သူတွေက အကျင့်ပျက်ရဲတွေဖြစ်နေတယ်။ သက်သေဖျောက်ရမယ့်တာ၀န်က ဂျိုဝီရဲ့တာ၀န်ဖြစ်တာမိုလို သေနတ်တွေကို လက်စဖျောက်ဖို ယူလာခဲ့တယ်။လက်စဖျောက်ရမယ့်သေနတ်ကို မဖျောက်ဘဲ သိမ်းထားရာကနေ သေနတ်တစ်လက်ကြောင့် ဂျိုဝီတစ်ယောက် အရူးမီးဝိုင်းရပြီ။ သေနတ်ကို ဘေးအိမ်က ဂျိုဝီ့သားရဲ့သူငယ်ချင်း ရုရှားကောင်လေးကယူသွားခဲ့တယ်။ သူတိုဟာလည်း ရုရှားမာဖီးယားတွေနဲ့ ဆက်စပ်နေလေတော့ ဂျိုဝီတစ်ယောက် ဘယ်လိုမျိုးတွေဖြေရှင်းရမလဲ။ ဇာတ်လမ်းက ၁၈ နာရီအတွင်း ဖြစ်ပျက်တာတွေကို ရိုက်ထားတာဖြစ်ပြီး တစ်ကားလုံး intense ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:02:00 Genre... Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Running Scared (2006)

Hitman’s Wife’s Bodyguard (2021) 6.9
Hitman’s Wife’s Bodyguard (2021) Hitman's Wife's Bodyguard (2021)IMDb Rating (6.9)ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကား The Hitman’s Bodyguard (2017)  ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီး ဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ ဝါရင့်တွေချည်း ...
movie

Hitman’s Wife’s Bodyguard (2021)

2021
4K HEVC
The Martian (2015) 8.0
The Martian (2015) Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာIMDb rating 8/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အင်္ဂါဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်းကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား ၃ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အင်္ဂါဂြိုလ်(Mars)ပေါ်မှာတစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ကမ္ဘာ မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အင်္ဂါဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့်ပညာရှင်တွေအကြပ်ရိုက်နေတုန်း ...
movie

The Martian (2015)

4K HEVC
Jojo Rabbit (2019) 7.9
Jojo Rabbit (2019) Jojo Rabbit (2019)IMDb Rating (7.9) / Rotten Tomatoes (80%)Jojo Betzler ဆိုတာ ဟစ်တလာကို အကြီးအကျယ်ထောက်ခံတဲ့ ၁၀ နှစ်အရွယ်ကောင်ကလေး။ သူ့ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းကလည်း ဟစ်တလာ။ Hitler Youth Camp ကိုသွားဖို့ ယူနီဖောင်းတွေ ဝတ်ပြီး စိတ်လှုပ်ရှားတက်ကြွနေတဲ့ နာဇီစစ်စစ်လေး။ သို့ပေမယ့် နာဇီစစ်စစ်လေး Jojo က Camp မှာ ယုန်လေးတကောင်ကို မသတ်ရက်နိုင်ခဲ့လို့ Jojo Rabbit ဆိုပြီး ရခဲ့တယ်။ သတ္တိကို ပြချင်လွန်းလို့ Camp မှာ ထပ်ပြီး တလွဲလုပ်မိတဲ့အခါမှာ ဗုံးပေါက်ကွဲပြီး ဒဏ်ရာတွေရခဲ့တယ်။ ဒါပေမဲ့ ဇွဲမလျှော့ဘူး။ နာဇီတွေရဲ့ တာဝန်ကို ထမ်းချင်သေးတဲ့အတွက် အမေ့ရဲ့ အကူအညီပေးမှုနဲ့အတူ Captain Klezendorf ရဲ့ ရုံးခန်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်တယ်။ ဒါပေမဲ့ ...
movie

Jojo Rabbit (2019)

4K HEVC
Young Woman and the Sea (2024) 7.5
Young Woman and the Sea (2024)  ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့ကဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထကြည့်ရှုရမှာပါ...ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ်ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ "ဒီနေ့ညကိုမကျော်နိုင်ဘူး" လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီးအသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူကသားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါကနားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက်ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်ခဲ့ပါတယ်..မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကိုအကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ်သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ...
movie

Young Woman and the Sea (2024)

4K HEVC
Hellboy (2004) 6.8
Hellboy (2004) Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie

Hellboy (2004)

2004
4K HEVC
The Illusionist (2006)
The Illusionist (2006)  မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Illusionist (2006)

Wanted (2008) 6.7
Wanted (2008) Wanted (2008)IMDb Rating (6.7) / Rotten Tomatoes (71%)တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။ဇာတ်လမ်းကတော့....Spoiler Alert....ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ ... ဖော့(စ်) ...
movie

Wanted (2008)

4K HEVC
Underworld: Blood Wars(2016) 6.5
Underworld: Blood Wars(2016) Underworld: Blood Wars(2016)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)     File size… 1.05GB& 429MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 31min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Blood Wars(2016)

Mission: Impossible – Ghost Protocol (2011) 7.4
Mission: Impossible – Ghost Protocol (2011) Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့  သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie

Mission: Impossible – Ghost Protocol (2011)

2000
4K HEVC
The Machine (2023) 6.1
The Machine (2023) Bert Kreischer (Machine) ဆိုတဲ့ comedian ကိုတော့လူတိုင်းလိုလိုကြားဖူးကြမှာပါ ဒီဇာတ်ကားကတော့ Bert ရဲ့ကိုယ်တွေ့ကျောင်းလေ့လာရေးခရီးကိုစိတ်ကူးယဉ်ဇာတ်လမ်းတွေထပ်ဖြည့်ပြီးရိုက်ကူးထားတဲ့ comedy and adventure movie ဖြစ်ပြီး IMDb 6.2/10 ရရှိထားပါတယ် ဇာတ်လမ်းထဲမှာ Bert ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး Star Wars မှာ Luke Skywalker အနေနဲ့လူသိများတဲ့ Mark Hamil ကတော့ Bert ရဲ့အဖေနေရာမှာသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Bert က comedian တစ်ယောက်ဖြစ်ပြီးသူရုရှားမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုအမြဲ‌ဟာသလုပ်ပြောတတ်တဲ့သူပါ တစ်နေ့တော့သူ့ရဲ့အတိတ်ကလုပ်ရပ်တွေကြောင့်သူတို့သားအဖနှစ်ယောက်ရုရှားကိုပြန်ပေးဆွဲခံလိုက်ရပါတော့တယ် ဖြစ်ချင်တော့ ရုရှားမာဖီးယားတွေရဲ့ဂိုဏ်းလုတဲ့ပွဲမှာ Bert လုယူသွားခဲ့တဲ့ပစ္စည်းတစ်ခုကအဓိကဖြစ်နေခဲ့တာပါ သားအဖနှစ်ယောက်ရုရှားမှာပစ္စည်းကိုပြန်လိုက်ရှာရင်းရုရှားမာဖီးယား‌တွေကြားမှာဘယ်လိုအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Comedy, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Machine (2023)

Anthropoid(2016) 7.2
Anthropoid(2016) Anthropoid(2016)*****************၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့်ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါကအိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာအသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။File ...
movie

Anthropoid(2016)

The Devil Conspiracy (2022)
The Devil Conspiracy (2022) The Devil Conspiracy (2022)ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ...
movie

The Devil Conspiracy (2022)

2022
Last Knights(2015) 6.2
Last Knights(2015) Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို‌ ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie

Last Knights(2015)

Medieval (2022)
Medieval (2022) Mediveal (2022)ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​ ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။ သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။ ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ...
movie

Medieval (2022)

The Catcher Was a Spy (2018) 5.9
The Catcher Was a Spy (2018) ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
movie


2018
Unlocked (2017) 6.1
Unlocked (2017)  အက်ရှင်ကားကြိုက်သူတွေအတွက်၂၀၁၇စက်တင်ဘာလဆန်းထွက်ပဲဖြစ်တဲ့အသစ်စက်စက်အက်ရှင်ကားလေးတစ်ကားတင်ပေးလိုက်ပါတယ်။IMDb rating-6.1ရထားတဲ့အက်ရှင်ကားလေးဆိုတော့မဆိုးဘူးလို့ပြောရမှာပါပဲ။လူပေါင်းများစွာအသက်ဆုံးရှုံးလိုက်ရတဲ့ပြင်သစ်နိုင်ငံပါရီမြို့အကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်ကကြိုးကိုင်သူကိုမဖော်နိုင်တဲ့နောက်စုံထောက်အဲလစ်တစ်ယောက်လန်ဒန်ကိုပြောင်းရွေ့တာဝန်ပေးခြင်းခံလိုက်ရပါတော့တယ်။ဒါပေမယ့်လည်းသိပ်မကြာခင်မှာပဲနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မယ့်သတင်းသဲလွန်စကိုစီအိုင်အေကရရှိပြီးနောက်မှာတော့ သူ့ကိုအထက်ကပြန်ခေါ်ယူလိုက်ပါတယ်။နောက်ထပ်အကြမ်းဖက်မယ့်ဖြစ်စဉ်ကိုစုံစမ်းရင်းပဲသူ့ကိုကူညီနေတဲ့စစ်သားဟောင်းတစ်ယာက်နဲ့ကသီကလင်ဖြစ်နေပုံကိုလည်းရသစုံအောင်ရိုက်ပြထားပါသေးတယ်။ကဲ အဲလစ်တစ်ယောက်အဲဒီအကြမ်းဖက်မှုကိုဖော်ထုတ်နိုင်မလား။ကြိုတင်တားဆီးနိုင်မလား။ဒီတခါဘယ်မှာဖြစ်မှာလဲ။စစ်သားဟောင်းကြီးနဲ့အတူအဲလစ်တစ်ယောက်လူတွေအသက်ကိုကယ်နိုင်ပါ့မလားဆိုတာတော့ဇာတ်ကားလေးကိုရှုစားလိုက်ပါဦးဗျာ။(ဘာသာပြန်သူကတော့နေခြည်ပါ)  File Size : (750 MB) and (280 MB) Quality : 720p Bluray Running Time : 1hr 38min Format : Mp4 Genre :Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encode by Thanhtike Zaw
movie

Unlocked (2017)

2017
The Zookeeper’s Wife (2017) 7.0
The Zookeeper’s Wife (2017)  ဒီဇာတ်ကားက စစ်ကားကြိုက်တဲ့ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။၁၉၃၉ခုနှစ် ပိုလန်ကအကြောင်းကို အခြေပြုရိုက်ထားတာပါ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့အန်တိုနီနာ ဇဘင်စကီရဲ့ ဂရုစိုက်မှု နဲ့ သူမယောကျာ်း ဂျန် ဇဘင်စကီရဲ့  ဦးဆောင်မှုကြောင့် ၀ါစော်တိရစ္ဆာန်ရုံဟာ များစွာကာင်းမွန်လာခဲ့ပါတယ်။ဒါပေမယ့် နာဇီတွေ ပိုလန်နိုင်ငံကို ကျူးကျော်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ နာဇီတွေရဲ့ တိရစ္ဆာန်ဗေဒပညာရှင် လုဇ်ဟက်နဲ့ အလုပ် တူတူတွဲလုပ်ဖို့ ဖိအားပေးခံရပါတော့တယ်။ဇဘင်စကီလင်မယားက တော်လှန်ရေးအဖွဲ့နဲ့ စတင်ပူးပေါင်းပြီး ၀ါစော်ဂတ်တိုမြို့ကနေ ရာပေါင်းများစွာသော ဂျူးတွေကို ဘယ်လို အစီအစဉ်ချပြီး ကယ်တင်မလဲ။နာဇီတွေရဲ့ မျက်စိရှေ့မှာ ဘယ်လိုလှည့်စားပြီး ၀ှက်ထားမလဲဆိုတာကတော့………….တစ်ကယ်ကို ၀မ်းနည်းစရာ စိတ်လှုပ်ရှားစရာ ဥာဏ်ကွန့်မြူးစရာ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလို့ ညွှန်းပါရစေ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ အဉ္ဇလီ သန်းထိုက် ပါ)  File Size : (850 MB) and (360 MB) Quality : ...
movie

The Zookeeper’s Wife (2017)

2017
The Ottoman Lieutenant (2017) 6.6
The Ottoman Lieutenant (2017) The Ottoman Lieutenant (2017)_____IMDb - 6.6/10    ဒီဇာတ်ကားလေးကတော့ ဒီနှစ်မှ အသစ်စက်စက်ထွက်ထားတဲ့ ရိုမက်တစ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးပါ ပထမကမ္ဘာစစ်အတွင်းက ခရစ်ယာန်သူနာပြုမလေးနဲ့ အော့တမန်စစ်တပ်က အစ္စလာမ်စစ်ဗိုလ်တို့ရဲ့ အချစ်အကြောင်းလေးပါ သူတို့နှစ်ယောက် ဆုံတွေ့ပုံလေးတွေ ဘာသာမတူဘဲချစ်မိသွားပုံလေးတွေကတော့ ညွှန်းစရာမလိုလောက်အောင်ကို ရိုမက်တစ်ဆန်လွန်းပါတယ် အဲလို ရင်ခုန်စရာအချစ်ဇာတ်ဝင်ခန်းလေးတွေအပြင် ပတမကမ္ဘာစစ်ကြောင့် ဖြစ်ခဲ့ရတဲ့အပျက်အစီးတွေ အဖြစ်အပျက်လေးတွေလဲ ဝေဝေဆာဆာနဲ့ရိုက်ကူးထားတာပါ တကယ့်ကိုကောင်းတဲ့ ဇာတ်ကားလေးလို့ ညွှန်းပါရစေ စိတ်ဝင်စားစရာ ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ကြည့်ရှုအားပေးကြပါလို့   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်က မေသရဖီလွင် ပါ)    ဒီဇာတ်ကားလေးကတော့ ဒီနှစ်မှ အသစ်စက်စက်ထွက်ထားတဲ့ ရိုမက်တစ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးပါ ပထမကမ္ဘာစစ်အတွင်းက ခရစ်ယာန်သူနာပြုမလေးနဲ့ အော့တမန်စစ်တပ်က အစ္စလာမ်စစ်ဗိုလ်တို့ရဲ့ အချစ်အကြောင်းလေးပါ သူတို့နှစ်ယောက် ဆုံတွေ့ပုံလေးတွေ ဘာသာမတူဘဲချစ်မိသွားပုံလေးတွေကတော့ ညွှန်းစရာမလိုလောက်အောင်ကို ရိုမက်တစ်ဆန်လွန်းပါတယ် အဲလို ရင်ခုန်စရာအချစ်ဇာတ်ဝင်ခန်းလေးတွေအပြင် ပတမကမ္ဘာစစ်ကြောင့် ဖြစ်ခဲ့ရတဲ့အပျက်အစီးတွေ အဖြစ်အပျက်လေးတွေလဲ ဝေဝေဆာဆာနဲ့ရိုက်ကူးထားတာပါ တကယ့်ကိုကောင်းတဲ့ ဇာတ်ကားလေးလို့ ညွှန်းပါရစေ စိတ်ဝင်စားစရာ ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ကြည့်ရှုအားပေးကြပါလို့   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်က မေသရဖီလွင် ပါ)     File Size : (800 MB) Quality : Bluray 720p Running Time ...
movie


2017