Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brett Dier
5.8
Good Bad Things (2024)
အချစ်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းနဲ့ထိုက်တန်ပါတယ်။Gender မရွေး လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မသန်စွမ်းသည်ဖြစ်စေလူသားအားလုံးရရှိနိုင်တဲ့ ရရှိသင့်တဲ့အရာတစ်ခုကိုပြောပါဆိုရင်တော့အချစ်ပဲဖြစ်ပါတယ်။အချစ်နဲ့ပတ်သတ်လာရင် မျက်ကန်းတောတိုးသလိုဖြစ်တတ်တဲ့လူတွေရှိသလို တစ်ဖက်သတ်တစ်ယူသန်ကြတဲ့လူတွေလည်း အမျိုးမျိုးအဖုံဖုံရှိကြပါတယ်။တစ်ခုမှတ်ထားရမှာကတော့ လူသားတိုင်းက အမှားနဲ့မကင်းသလိုအချစ်နဲ့ပတ်သတ်လာရင်လည်း မပြည့်စုံကြတဲ့အတွက် ဆိုးကောင်းတဲ့အရာလေးတွေလည်းရှိတာကိုလက်ခံနိုင်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါကိုလှလှပပပုံဖော်ဖန်တီးထားတဲ့ Good Bad Things ဆိုတဲ့IMDb Rating 5.8 ရရှိထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့အပြင်လောကမှာရောဇာတ်ကားထဲမှာပါ ဒန်နီဆိုတဲ့ဇာတ်ကောင်ဖြစ်ပြီး သူကတော့ မွေးရာပါမသန်မစွမ်းဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ သူ့ကိုအရမ်းချစ်တဲ့အဖေနဲ့ အချိန်ပြည့်ဘေးနားမှာစောင့်ရှောက်ပေးနေတဲ့သူငယ်ချင်းရှိနေတဲ့အတွက် သူ့ဘ၀လေးကတော့သာယာစိုပြည်နေခဲ့ပါတယ်။ဒါပေမယ့်လူသားတစ်ယောက်ဖြစ်တဲ့နည်းတူ အချစ်ဆိုတဲ့အရာကလည်းမရှိမဖြစ်လိုအပ်တဲ့အတွက် သူ့အလုပ်နဲ့သက်ဆိုင်တဲ့ ရူဘီဆိုတဲ့ Tinder လိုချိန်းတွေ့ App တစ်ခုကိုသုံးမိရင်းနဲ့မှ ကောင်မလေးတစ်ယောက်နဲ့ဇာတ်လမ်းစခဲ့ပြီး တစ်သက်လုံးအချစ်စစ်ကိုမခံစားခဲ့ဖူးတဲ့သူ့အတွက် အချစ်ဆိုတဲ့အရာက လှပလွန်းတယ်ဆိုတာကို ဖော်ကျူးရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.17GB) / (671MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Comedy , Drama , Romance Subtitle….Myanmar ...
movie
Good Bad Things (2024)
7.0
Snapshots (2018)
Snapshots (2018)IMDb Rating (7.0) / Rotten Tomatoes (75%) အချစ်ကို ဆုံးရှုံးဖူးသူတွေရှိမယ်..အချစ်ကို တွေ့ရှိခဲ့သူတွေ ရှိမယ်..အချစ်က သစ္စာဖောက်တာကို ခံခဲ့ရသူတွေရှိမယ်..အချစ်ဆိုတာဘာလဲ?ဒီအရာတွေအားလုံးကို တစ်ပြိုင်နက်တည်း သိရှိခံစားနိုင်မယ့် Snapshots ရုပ်ရှင်ကားကြီး။သမီးဖြစ်သူပက်တီနဲ့ မြေးဖြစ်သူအယ်လီဆန်တို့ ရောက်ရှိလာပြီး ရို့စ်ရဲ့ တဲအိမ်ထဲက ကင်မရာအဟောင်းတစ်ခုကို တွေ့ရှိကြတဲ့အခါ ဖုန်းကွယ်ထားတဲ့ ရို့စ်ရဲ့ ဘယ်သူမှမသိခဲ့တဲ့ အတိတ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ရို့စ်ရဲ့ အတိတ်က လျှို့ဝှက်ချက်က သူ့မြေးလေးရဲ့ အနာဂတ်လျှို့ဝှက်ချက်တစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ?လူဝီနဲ့ဇီးဆိုတဲ့ လင်မယားစုံတွဲက ရို့စ်နဲ့ ဂျိုးမူလာတို့ရဲ့ ဘဝထဲကို ဝင်လာတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့ကြသလဲ?လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်မှာ ဖြစ်ခဲ့တဲ့အရာတွေအားလုံးကို ကင်မရာတစ်လုံးကြောင့် သိလာရတဲ့အခါ။အချစ်၊ အလွမ်း၊ အဆွေး ရသပေါင်းစုံကို မတူညီတဲ့ ရှုထောင့်ကနေ ခံစားရမှာ ဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)File size…(1.6 GB) ...
movie
Snapshots (2018)
2018
6.2
Diary of a Wimpy Kid (2010)
Diary of a Wimpy Kid (2010)~ IMDb - 6.2/10, Rotten Tomatoes - 54% ~စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ "ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်" လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း ...
movie
Diary of a Wimpy Kid (2010)
2010
Scrambled (2024)
ဒီဇာတ်ကားမှာဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အမျိုးသမီးတစ်ယောက်ရဲ့ mid-life crisis တွေကို ရိုက်ပြထားတာတွေရပါမယ်။ ထူးခြားတာကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော Leah McKendrick ကိုယ်တိုင်ပါပဲ။နယ်လီ ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ ရှောန်နဲ့ပြတ်သွားပြီးတဲ့နောက်မှာ single တစ်ယောက်အနေနဲ့ သူ့ဘဝကြီးကို အပျော်ပွဲတွေတက်၊ ယောက်ျားတွေနဲ့ ဒိတ်လုပ်ရင်းအချိန်တွေကုန်ခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့သူငယ်ချင်းတွေအားလုံး သူ့အိမ်ထောင်၊ သူ့ဘဝနဲ့သူ တည်တည်ငြိမ်ငြိမ်ဖြတ်သန်းတော့မယ့်အချိန်မှာ... သူ့မိသားစုကပေးလာတဲ့ဖိအားတွေနဲ့ အသက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုင်ရာပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းက comedy, drama အမျိူအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာကြုံတွေ့ရတဲ့၊ အမျိုးသားတွေနဲ့မတူတဲ့ အချိန်ယန္တရားရဲ့ခြိမ်းခြောက်မှုတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(767 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca
movie
Scrambled (2024)
6.4
Dear Mr. Gacy (2010)
Dear Mr. Gacy (2010) ================= IMDb Rating - 6.4/10စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊ နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်း ပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လို လွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကို သေချာရိုက်ပြထားတာပါ။အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသား ဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်း စာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို...မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန် ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲ နေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ် ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။ အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့ တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့ အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့.... မော့စ် ...
movie
Dear Mr. Gacy (2010)
2010
5.8
About My Father (2023)
About My Father (2023)သားတစ်ယောက်က လက်ပေါက်ကပ်တဲ့သူ့အဖေအကြောင်း ဖောက်သည်ချထားတဲ့ပုံစံ အမေရိကန်ဟာသရုပ်ရှင်ပါ။ သားအဖနှစ်ယောက်အဖြစ် Sebastian Maniscalco နဲ့ ဂန္ထဝင်မင်းသားကြီး Robert De Niro တို့က အတွဲညီညီသရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဥ်း ~ဆီဘက်ရှန်တို့မိသားစုက အီတလီနိုင်ငံ စစ္စလီကျွန်းက မန်နီစကယ်ကိုမျိုးဆက်ဖြစ်ပြီး ချီကာဂိုအမေရိကန်ကိုပြောင်းရွှေ့ခဲ့ကြတဲ့ Immigrant မိသားစုပါ။ ဆီဘက်ရှန်ဟာ ဖခင်ရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတာနဲ့ရောင့်ရဲတတ်ဖို့ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူကြီးပြင်းခဲ့ရတယ်။ ဆီဘက်ရှန်ရဲ့ချစ်သူ အယ်လီကတော့ ပွင့်လင်းတဲ့အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့်တဲ့ ကြေးရတတ်မိသားစုကနေ ဆင်းသက်လာတဲ့သူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ခါကောင်းကိုစောင့်နေတုန်း အယ်လီ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားက သူတို့ရဲ့နွေရာသီစံအိမ်ကို အားလပ်ရက်လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ကံဆိုးတာကတော့ ဆီဘက်ရှန်ရဲ့အဖေပါလိုက်လာတာပါပဲ။ သားအဖနှစ်ယောက်ရဲ့ တကျက်ကျက်ဆက်ဆံရေး၊ ယဥ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခုရဲ့ဂယက်တစ်သိန်းနဲ့တွေ့ဆုံမှု၊ ဆီဘက်ရှန်တစ်ယောက် သူ့အဖေလူ့ဂွစာကြီးနဲ့ အယ်လီတို့မိသားစုကြား ဗျာများရပုံတွေကို တစိမ့်စိမ့်တွေးပြီးရယ်ရတဲ့ဟာသတွေနဲ့ တင်ဆက်ထားလို့ ကြည့်ရကျိုးနပ်စေမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin ...
movie
About My Father (2023)
2023
6.7
Fresh (2022)
IMDb Rating (6.7) / Rotten Tomatoes (81%)Horror/ Thriller ကားကောင်းတွေရှားလာတဲ့ခေတ်မှာ ဒီလို နိုင်ငံတကာ Rating မြင့်တဲ့ ကားမျိုးကို Horror/Thriller ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါ..ဒီထဲက မင်းသား Sebastian Stan ကိုတော့ Captain America ဇာတ်ကားထဲက Winter Soldier အဖြစ် လူသိများကြပါတယ်။ဇာတ်ကားကစကြည့်တည်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး တောက်လျှောက် သိချင်စိတ်အပြည့်နဲ့ ရင်တုန်ပြီးကြည့်ရမယ့်ကားမျိုးပါ။ ဒီဇာတ်ကားဟာ လူသတ်ကားဖြစ်တဲ့အပြင် Hannibal လိုမျိုး လူသားစားတဲ့ဓလေ့ Cannibalism လည်းပါတဲ့ကားပါ။ ရှယ်ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်...နိုရာဆိုတဲ့ကောင်မလေးဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ယောက်တည်းနေရတဲ့သူလေးပါ။ ဒီတော့ ဒိတ်တွေခဏခဏဒိတ်ပြီး လက်တွဲဖော်ကောင်းကောင်းလေးကို လိုက်ရှာနေပေမဲ့ သူနဲ့သဟဇာတဖြစ်တဲ့သူကို တစ်ခါမှမတွေ့ရသလို၊ ဒိတ်ရတာတွေကိုလည်း မုန်းနေတဲ့ကောင်မလေးပါ။ အချစ်ဆုံးသူငယ်ချင်း မော်လီနဲ့ သူဒိတ်ခဲ့ရတဲ့ ဒိတ်တွေအကြောင်း ပြန်ပြောင်းပြောပြလေ့ရှိပြီး တစ်နေ့မှာတော့ စီစဉ်ပြီး ဒိတ်တဲ့ ...
movie
Fresh (2022)
6.8
After Yang (2021)
After Yang (2021) ~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~Directed By KogonadaA24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ ...
movie
After Yang (2021)
2021