Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bret Aaron Knower
5.7
The Alto Knights (2025)
The Alto Knights (2025)IMDb Rating (5.7) / Rotten Tomatoes (39%) အမေရိကန်ရဲ့ အကြီးဆုံး ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။မင်းသားကြီးကတော့ ဆရာကြီး Robert De Niro ပါပဲ။ ဒါရိုက်တာကလည်း Rain Man ရဲ့ ဖန်တီးရှင် Barry Levinson ပါ။၁၉၅၀ ဝန်းကျင် အမေရိကန်နိုင်ငံတဝှမ်းလုံးမှာ ဒုစရိုက်ဂိုဏ်းမျိုးစုံကြီးစိုးခဲ့ပြီး နိုင်ငံအဆင့် ဧရာမဂိုဏ်းကြီးပါ ရှိခဲ့တာပါ။အဓိကဇာတ်ကောင် ဖရန့်ကော်စတယ်လိုကတော့ အဲဒီကာလ ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ချုပ် ဖြစ်ခဲ့တာပါ။Godfather ထဲက မင်းသားကြီး မာလွန်ဘရန်ဒိုတောင် သရုပ်ဆောင်ချိန်မှာ သူတီဗီမှာ မြင်ဖူးတဲ့ ဖရန့်ရဲ့အသံကို ကြည့်ပြီး အတုယူခဲ့ရပါသေးတယ်။ဇာတ်လမ်းအကျဉ်းဖရန့် နဲ့ ဗီတိုဟာ ရွှေ့ပြောင်း အီတလီသား ငယ်သူငယ်ချင်းတွေ၊ မိုက်ဖော်မိုက်ဖက်တွေပါပဲ။လူမိုက်အဆင့်ကနေ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်လာကြပြီးနောက်ပိုင်း တစ်နိုင်ငံလုံးသိတဲ့ အဆင့်တွေအထိ ရောက်လာတာပါ။ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ မူးယစ်ဆေးလုပ်ငန်းကို လုပ်ချင်တဲ့သူနဲ့မလုပ်ချင်တဲ့သူ ကွဲလာပြီး ...
movie
The Alto Knights (2025)
2025
4K HEVC
6.2
Alarum (2025)
Alarum (2025)IMDb Rating (6.2) ရမ်ဘိုမင်းသားကြီး Sylvester Stallone နဲ့ မင်းသား Scott Eastwood အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်က စပိုင်လုပ်ခဲ့ဖူးတဲ့ ဂျိုးဟာ ဒီအလုပ်ကနေ ကင်းကင်းကွာကွာနေခဲ့တာ 5 နှစ်ရှိနေပါပြီ။ဒါပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူ လော်ရာကလည်း စပိုင်တစ်ယောက် ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ဟာ လူမသိသူမသိ နေထိုင်ရပါတယ်။တစ်နေ့ သူတို့ အပန်းဖြေခရီးထွက်တဲ့ နေရာမှာ ဟယ်လီကော်ပတာတစ်စင်း ပျက်ကျခဲ့ပါတယ်။ဒါကို စပိုင်ဟောင်းပီပီ စူးစမ်းမိတဲ့ ဂျိုးဟာ လေယာဉ်မှူးသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်တာကို ချက်ချင်းသိလိုက်ပါတယ်။သို့ပေမဲ့ ပြဿနာက လေယာဉ်ပေါ်က ဆက်သွယ်ရေးကိရိယာက မပျက်စီးသေးတော့ ဂျိုးရဲ့ အသံကို တစ်ဖက်က ကြားလိုက်တာပါပဲ။ဒီလိုနဲ့ ပျောက်သွားပြီလို့ ယူဆရတဲ့ အာချီဘောလ်အမည်ခံ ဂျိုးတစ်ယောက် အသက်ရှိနေသေးတာကို သူ့ရဲ့ အေဂျင်စီဟောင်းက သိသွားပြီး ထွက်သွားသူကို အရှင်မထားတဲ့ သူတို့ ...
movie
Alarum (2025)
2025
4K HEVC
6.6
The Public (2018)
The Public(2018)IMDb ...... 6.6နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ...တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်...ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ...သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ...နွေရာသီအရမ်းပူတဲ့အချိန်...မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်...ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့...ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကိုအအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ...အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ်ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာတစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်...ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲ တားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြားပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်..... File Size : 1.97GB / 800MB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle ...
movie
The Public (2018)
5.0
First Kill (2017)
First Kill (2017) IMDb: 5.0/10 Genre: Action/ThrillerWall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ...
movie
First Kill (2017)
5.5
Donnybrook (2018)
Jarhead Earl ဆိုတဲ့လူဟာ ဇနီးသည်နဲ့ကလေးနှစ်ယောက်နဲ့အတူ အိမ်ငှားနေရာကနေတစ်နေ့မှာ အိမ်ပြောင်းပေးရဖို့ဖြစ်လာပါတော့တယ်...ကလေးတွေနဲ့မိန်းမအတွက် အိမ်ပိုင်တစ်လုံးဝယ်ပေးချင်တဲ့သူ့ရဲ့ဆန္ဒကို ဖြည့်ဖို့အတွက်"နပန်းထိုးပွဲ"လိုပြိုင်ပွဲကိုဝင်ပြိုင်ပြီး ဒေါ်လာ၁သိန်းရအောင်ကြိုးပမ်းဖို့လုပ်ပါတော့တယ်...တစ်ဖက်မှာလည်း မိန်းမဖြစ်သူက Angus ဆိုတဲ့လူအပေါ်အကြွေးအများကြီးတင်နေပါတယ်..ရေစက်ကပါလာတော့ သူယှဉ်ပြိုင်တိုက်ခိုက်ရမယ့်ပြိုင်ဘက်က သူ့မိန်းမအကြွေးတင်နေတဲ့ Angusဖြစ်လာတဲ့အခါမှာတော့.... File size…1.37GB / 610MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie
Donnybrook (2018)
7.8
Titanic (1997)
Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations. ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie
Titanic (1997)
1997
4K HEVC
5.4
Wrong Turn (2021)
Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie
Wrong Turn (2021)