Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brent Jennings
7.6
Moneyball (2011)
Moneyball (2011)************************IMDb..... 7.6/ Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ် သူရတဲ့လစာဟာ တခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမဲ့ သူဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီး လမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့ အခက်အခဲတွေ အားကစားသမားတွေရဲ့ ခံယူချက်တွေကို တွေ့ရမှာဖြစ်သလိုအားကစားလောကရဲ့ အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်း အတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin ...
movie
Moneyball (2011)
Life (1999)
ဒီ ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့ အရင်တုန်းက ဟာသ ဇာတ်ကား လေးတစ်ကားဖြစ်ပါတယ် 2000 ခုနှစ် အော်စကာပေးပွဲမှာ အကောင်းဆုံးမိတ်ကပ်ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Eddie Murphy နဲ့ Martin Lawrence တို့က ပါဝင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ray Gibson နဲ့ Claude Banks လို့ ခေါ်တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ တွေ့ဆုံပြီးတော့ အလုပ်တစ်ခုကို အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲ့ဒီ့အချိန်မှာပဲ လူသတ်မှု တစ်ခုကြားမှာ ပါဝင် ပတ်သက်မိပြီး ချောက်ချခံရပြီး မှားယွင်းစွပ်စွဲခံရပြီးတော့ နှစ်ယောက်လုံး ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျသွားပါတော့တယ် ထောင်ထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့မလဲ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြံစည်သွားမလဲဆိုတာကို ...
movie
Life (1999)
7.4
Witness (1985)
ဒီရုပ်ရှင်ကတော့ စိတ်လှုပ်ရှားစရာ၊ လွမ်းမောစရာတွေနဲ့ ပြည့်နေတဲ့ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပဲ ရိုက်ထားတာ ၁၉၈၅ ခုနှစ်တုန်းကတည်းကဆိုပေမယ့် အခုအချိန်အထိ တော်တော်လေး ကြည့်လို့ကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာပါပါတယ် ဒီရုပ်ရှင်က ဒါရိုက်တာပီတာရေးရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားဘူး အကယ်ဒမီဇကာတင်စာရင်းမှာတောင် စာရင်းသွင်းတာခံထားရတဲ့ ကားတစ်ကားပါဇာတ်ကားထဲမှာ အားမစ်ရှ်လို့ခေါ်တဲ့ မိမိမှာရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေတတ်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေအပေါ် အရမ်း မှီခိုနေကြတဲ့ အမေရိကန်တွေအကြောင်း ယှဉ်တွဲပြထားတယ်အားမစ်ရှ်တွေဟာ သူတို့အသိုင်းအဝိုင်းရဲ့ပြင်ပက လူတွေကို သံသယမျက်လုံးနဲ့ကြည့်လေ့ရှိပြီး သူတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲတိုးတက်နေနေ သူတို့ကတော့ မြင်းတွေ ရထားတွေနဲ့ သွားလာကြတုန်း လျှပ်စစ်မီးအစား မီးအိမ်တွေ သုံးကြတုန်းပါပဲဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ယောကျာ်း အားမစ်ရှ်တစ်ယောက်သေသွားတယ် မင်းသမီးနဲ့ သူ့သားငယ်လေးတို့က ရထားနဲ့ သူ့ညီမဆီကို ခရီးထွက်လာကြတယ် ရထားဘူတာရုံမှာ ကလေးလေးက လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားတယ် ဒီမှာ ...
movie
Witness (1985)
6.1
Red Heat (1988)
Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆိုတော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားကတော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်းကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie
Red Heat (1988)
1988