Channel Myanmar

Brendan O'Carroll

Angela’s Ashes (1999)
Angela’s Ashes (1999) "Angela's Ashes" (1999) ဇာတ်ကားကို Frank McCourt ရဲ့ Pulitzer Prize ဆုရထားတဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို အခြေခံပြီး Alan Parker က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားက 1930 ခုနှစ်ဝန်းကျင် အိုင်ယာလန်နိုင်ငံ Limerick မြို့မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ မက်ကော့မိသားစုရဲ့ ဘဝကို လှလှပပပြသထားတယ်။ဇာတ်လမ်းက ဖရန်ကီ မက်ကော့ဆိုတဲ့ ကောင်လေးရဲ့ ငယ်ဘဝကနေ ဆယ်ကျော်သက်အရွယ်ထိ သူ့မိသားစုနဲ့အတူ ဆင်းရဲမွဲတေမှု ရောဂါ သေဆုံးမှုတွေနဲ့ ရင်ဆိုင်ရင်း ဘယ်လိုရုန်းကန်ရသလဲဆိုတာကို ပြသထားတယ်။ ဇာတ်လမ်းအစမှာ ဖရန်ကီတို့မိသားစု နယူးယော့ခ်ကနေ အိုင်ယာလန်ကို ပြန်လာကြတယ် ဒါပေမယ့် အဲဒီမှာ ဘဝက ပိုဆိုးသွားတယ်။ ဖရန်ကီရဲ့ဖခင် မလက်ချီ (Robert Carlyle) က အရက်စွဲနေတဲ့သူဖြစ်ပြီး အလုပ်မရှိ ရှိရင်လည်း ရတဲ့ပိုက်ဆံကို အရက်သောက်ပစ်တယ်။ မိခင် အန်ဂျလာ (Emily ...
movie

Angela’s Ashes (1999)

Tyler Perry’s A Madea Homecoming (2022) 5.8
Tyler Perry’s A Madea Homecoming (2022) Tyler Perry's A Madea Homecoming (2022)===============================အခု တင်ဆက်ပေးမှာကတော့ ဟာသကားကြိုက်သူများအတွက် Madea film series တွေထဲက နောက်ဆုံးထွက် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Madea film ဖြစ်တာနဲ့အညီ ရယ်‌မောဖွယ် ဟာသများဖြင့် မြူးမြူးကြွကြွ တင်ဆက်ထားပါတယ်။ တချို့ ဟာသများ အနေနဲ့ကတော့ လွန်လွန်ကျူးကျူးလုပ်ပြတာတွေ ပါရှိသော်လည်း ခြုံကြည့်ရင်တော့ ကလိထိုးစရာမလိုဘဲ ရယ်မောရမှာပဲဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာတွေများနေတဲ့ အချိန် မျိုးမှာ ခဏတာ စိတ်အပန်းပြေစေဖို့ ကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။မက်ဒီယာ ဟာ မြစ်ဖြစ်သူ တင်မ် ဘွဲ့ရတဲ့ အထိမ်းအမှတ်အဖြစ် စားပွဲသောက်ပွဲကျင်းပဖို့ စီစဥ်ပါတော့တယ်။ သို့သော် မက်ဒီယာ မလာစေချင်သောသူ တစ်ယောက် မထင်မှတ်ဘဲ ရောက်လာရာကနေ ပြဿနာတက်ပါတော့တယ်။ လူများတဲ့ မိသားစု ဖြစ်တာနဲ့အညီ ကိုယ်စီကိုယ်စီ အထင်အမြင်၊ အယူအဆတွေ ကွဲပြားကြတာမို့ ထိုသူတွေကို တစ်နေရာတည်း စုလိုက်ရမှာမှပြဿနာများ၊ အလွဲများ ဖြစ်လာပါတော့တယ်။ ထို ကိစ္စများကို မက်ဒီယာ ဘယ်လို ဖြေရှင်းမလဲ၊ ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ပါ့မလားဆိုတာကိုတော့ ဟာသနှောလျက် ...
movie

Tyler Perry’s A Madea Homecoming (2022)

2022