Channel Myanmar

Brendan McCarthy

2001 Maniacs (2005) 5.3
2001 Maniacs (2005) 2001 : Maniacs (2005)သွေးထွက်သံယိုဇာတ်ကွက်‌‌တွေ နဲ့ လူသတ်ကားခပ်ကြမ်းကြမ်းလေးကို တောင့်တနေမိတယ်ဆိုရင်တော့ ၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ 2001: Maniacs ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါမယ်။ ဒီဇာတ်ကားက ၂ ကားထွက်ထားတာဖြစ်ပြီး 2001 : Maniacs : Field of Screams (2010) ဆိုတဲ့ကားကိုလဲ တပါတည်းတင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့... ကျောင်းတွေပိတ်လို့ နွေရာသီအားလပ်ရက်ခရီးထွက်လာကြတဲ့ ကျောင်းသားတစ်စုဟာ လမ်းတစ်၀က်အရောက် လမ်းလယ်ခေါင်မှာပိတ်ထားတဲ့ လမ်းလွှဲဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့ကလည်း လမ်းညွှန်ရာအတိုင်း ၀င်လာခဲ့တဲ့နောက်မှာ အင်မတန်ထူးဆန်းတဲ့ မြို့တစ်မြို့ထဲကို ရောက်သွားခဲ့ပါတယ်။ မြို့သူမြို့သားတွေဟာ သူတို့ရောက်လာတာနဲ့ ၀မ်းပမ်းတသာ ကြိုဆိုနေခဲ့ကြပြီး နေရာထိုင်းခင်း အ‌စားအသောက်တွေ အဆင်သင့် ပြင်ဆင်ဧည့်ခံပါတော့တယ်။ဒါပေမယ့် တဖြေးဖြေးနဲ့ ကျောင်းသားတွေ တစ်ယောက်ချင်းစီ ပျောက်ပျောက်လာတဲ့နောက်မှာ သူတို့တွေဟာ သံသယတွေ ၀င်လာခဲ့ကြပါတယ်။ သူတို့ရောက်နေတာ ဘယ်မြို့လဲ။ ဘာလို့ သူတို့ကိုကြိုဆိုနေကြတာလဲ။ သူငယ်ချင်းတွေရော ဘယ်တွေရောက်ကုန်တာလဲ...စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ပဟေဠိဆန်လွန်းလှတဲ့ ဒီမြို့လေးမှာ ဘာလျို့ဝှက်ချက်တွေရှိနေမလဲ၊ သူတို့သူငယ်ချင်းတွေကို ရှာတွေ့မှာလား၊ သူတို့ရော လွှတ်မြှောက်နိုင်ပါ့မလားဆိုတာ....။(အသတ်အဖြတ်၊ အပြောအဆို ၊ ...
movie

2001 Maniacs (2005)

Self/less(2015) 6.5
Self/less(2015) Self/less (2015)=============IMDb - 6.5CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကား‌ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ‌ နောက်ဆုံးအဆင့်‌ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်း‌ကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p  5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

Self/less(2015)

2015