Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brendan Maclean
7.2
The Great Gatsby (2013)
The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie
The Great Gatsby (2013)
2013
4K HEVC
7.0
How to Make Gravy (2024)
How to Make Gravy (2024)IMDb Rating (7.0) ဒီကားလေးကတော့ Australian အဆိုတော်ကြီး Paul Kelly ရဲ့ How to Make Gravy ဆိုတဲ့သီချင်းလေးကို မှီမြန်းပြီး ရိုက်ထားတဲ့ မိသားစုခရစ်စမတ်ကားလေးပဲ ဖြစ်ပါတယ်။အဖွားမရှိတော့တဲ့ ပထမဆုံးခရစ်စမတ်ရဲ့နှစ်မှာပဲ အန်းဂတ်လို့ခေါ်တဲ့ ကောင်လေးရဲ့ မိသားစုဆွေးမျိုး တွေအားလုံး သိုက်သိုက်ဝန်းဝန်း အိမ်ကို ရောက်လာကြတဲ့အခါအရာအားလုံးအဆင်ပြေနေခဲ့ပေမဲ့ အန်းဂတ်ရဲ့အဖေ ဂျိုးကတော့ မိခင်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်နေခဲ့ပါတယ်။ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ပြဿနာလေးကြောင့် ဂျိုးနဲ့သူ့ယောက်ဖ ရော်ဂျာ ရန်ဖြစ်ကြတဲ့အခါ ဂျိုး တစ်ယောက် ထောင်ကျသွားခဲ့ပါတယ်။ထောင်ထဲမှာ ခက်ခဲကြမ်းတမ်းလှတာကြောင့် ညီဖြစ်သူဒန်က ဂျိုးမိသားစုကို စောင့်ရှောက်နေခဲ့ရပါတယ်။ထို့နောက် ဒန်ကို မိသားစုအား ဂရုစိုက်ဖို့ပြောရင်း ဂျိုးအတွက် ထောင်ထဲမှာနေရတာရောအဆင်ပြေရဲ့လား အပြင်မှာရော ဒန်နဲ့မိသားစုက ဘယ်လိုအခြေအနေတွေ ရှိလဲဆိုတာမိသားစုပြဿနာတွေကြား ခရစ်စမတ်အငွေ့အသက်လေးတွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်။) File size…(1.4 ...
movie
How to Make Gravy (2024)
2024