Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brahmanandam
4.1
Kannappa (2025)
Kannappa (2025) IMDb - 4/10WEB DL HDTC ဗားရှင်းဖြင့်တင်ဆက်ထားပါသောကြောင့်ကြော်ညာများပါဝင်ခြင်းကို သတိပြုပါ။ဘာဟုဘာလီသရုပ်ဆောင် တလေဂူးမင်းသားကြီး ပရာဘာ့စ်ရဲ့ ရုံတင်ကားသစ်ကြီး HDTCဗားရှင်း ထွက်လာတာမို တင်ဆက်ပေးလိုက်ပါတယ်။အရှေးကူးမားလည်း ပါဝင်အားဖြည့်ပေးထားပြီး တက်သစ်စမင်းသမီးချောလေး ပရီတီးမူခွန်ဒန်ရဲ့ အကအလှတွေကိုပါရှုစားကြရမှာပါ။(*ဘာသာရေးကားဖြစ်တာမို အခေါ်အဝေါ်တွေ အမည်တွေလွဲမှားခဲ့ပါက ကျွန်တော်တို Bollywood Teamကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်။*)ရွာမှာဖြစ်နေတဲ့ ကပ်ဘေးကြီးအဆုံးသတ်စေဖို ဘုရားနာမည်တပ်ပြီး ရွာရဲ့နတ်ဆရာမက သီနာဒူရဲ့သူငယ်ချင်းဖြစ်သူကိုယဇ်ပူဇော်လိုက်ပါတယ်။အဲဒီကစလို သီနာဒူတစ်ယောက် ဘုရားဆိုတာကို ကျောက်တုံးကြီးတစ်တုံးကလွဲရင် ဘာမှကောင်းကျိုးမပေးတဲ့အရာဆိုပြီးအမုန်းတရားကြီးထွားခဲ့ပါတယ်။အရာအားလုံးကို မြင်တော်မူတဲ့ အရှင်သိဝက သီနာဒူ ကလေးဘ၀ကတည်းက စောင့်ကြည့်နေပြီး တစ်နေ့ကျရင် သူ့ကိုကိုးကွယ်ယုံကြည်တဲ့သူဖြစ်လာမယ်ဆိုတာ သိနေခဲ့တာပေါ့။မုဆိုးတစ်ယောက်ဖြစ်လာတဲ့သီနာဒူ ဘုရားပေါ်သက်ဝင်ယုံကြည်လာပုံနဲ့ စရီကာလာဟာသ်စတီဗိမာန်တော်ကြီး တည်ဆောက်ကိုးကွယ်လာပုံကိုမြင်တွေ့ရမဲ့ စိတ်ဝင်စားစရာ သမိုင်းဝင်ဘာသာရေးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.6 GB / 1.8 GB Quality… HDTC 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Kannappa (2025)
7.3
Brahma Anandam (2025)
Brahma Anandam (2025) "အိပ်မက်ပြဇာတ်ခုံ"အသစ်ထွက်ရှိလာတဲ့ တေလဂူး ဟာသ/ဒရာမာ ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ဘရာမာဟာ ကိုးနှစ်လုံးလုံး ပြဇာတ်လောကထဲ ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပေမဲ့ ဇွဲမလျှော့ဘဲ ကြိုးစားနေသူဖြစ်ပြီးတာရာကတော့ သူ့ဘက်က အမြဲတမ်းအားပေးကူညီတတ်တဲ့ ချစ်စရာကောင်မလေးပါတစ်ရက်တော့ ညီမတစ်ဝမ်းကွဲက ခေါ်တာနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ ဘိုးဘွားရိပ်သာက \ အဘိုးကိုသွားပြန်တွေ့တဲ့အခါမှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားမလား၊သူ့ရဲ့ငွေရေးကြေးရေးအခက်အခဲတွေကို ဘယ်လိုဖြေရှင်းပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ဘယ်လိုဆက်ကြိုးစားမှာလဲ ဆိုတာကတော့ .....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.4 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Brahma Anandam (2025)
5.9
Yevadu (2014)
IMDb Rating ကတော့ 4.8 လောက်ပဲရရှိထားပေမယ့် အခုလထဲမှာအရမ်းကိုခေတ်စားနေတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမို့Channel Myanmar ပရိတ်သတ်ကြီးအတွက်တင်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာ Action နဲ့ Drama ကို တွဲဖက်ရိုက်ကူးထားပြီး မင်းသား Ram Charan က အဓိက သရုပ်ဆောင်ထားပါတယ်။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Shruti Haasan နဲ့ မင်းသမီး Amy Jackson တို့ရဲ့ ဆွဲဆောင်မှုကလည်း ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ရှုစေမှာပါ။ဇာတ်လမ်းမှာ လူမိုက် ဘီရူးဘိုင် ရဲ့ နှောက်ယှက်မှုနဲ့ မင်းသမီးကို လိုချင်တာကြောင့် အန္တရာယ်တွေကျရောက်ခါနီး အနေအထားမှာ သူမရဲ့မိဘတွေက ချစ်သူ နဲ့ အတူ ထွက်ပြေးခိုင်းတာကနေ စပါတယ်။ ဘတ်စ်ကားနဲ့ထွက်ပြေးနေရင်း ဘီရူးဘိုင်ရဲ့ လက်ကမလွတ်မြောက်ခဲ့တာကြောင့် မင်းသားဟာ အသေသတ်ခံရပြီး ကားကိုပါ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒါပေမဲ့ အသက်သေခါနီးဆဲဆဲ မှာပဲ ဆေးရုံပေါ်ရောက်ခဲ့ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မကြီးကြောင့် ဘဝအသစ်တစ်ခုကို ရရှိခဲ့ပြီး မိမိရဲ့ရန်သူများကို ပြန်လည်လက်စားချေပုံများကို အိန္ဒိယဇာတ်လမ်းအထာများနဲ့ ရိုက်ပြသွားတာကို တမေ့တမော ခံစားကြည့်ရှုနိုင်ကြမှာပါ။Genre..... Action, ...
movie
Yevadu (2014)
2014
6.1
Game Changer (2025)
Game changer (2025) ဝှက်ဖဲRRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့ မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။ File size… 4 GB /2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45min Subtitle….Myanmar Subtitle (Hard ...
movie
Game Changer (2025)
4K HEVC
7.1
Utsavam (2024)
Utsavam (2024) "ဘဝပြဇာတ်ခုံ"ရိုးရာပြဇာတ်ကပြခြင်းကို အခြေခံရိုက်ကူးထားတဲ့ တေလဂူး ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်ခရစ်ရှနာက ပြဇာတ်မျိုးရိုးကနေ ပေါက်ဖွားလာတဲ့သူ.. သူ့ရဲ့ အဖေက တစ်ချိန်ကဆုတံဆိပ်များစွာ ရရှိခဲ့တဲ့ သဘင်သည်ကြီးတစ်ယောက်ဒါပေမဲ့ တိုးတက်လာတဲ့ခေတ် ပြဇာတ်ဆိုတာကို ဘယ်သူမှတန်ဖိုးမထားတော့တဲ့ ကာလမှာ သူတို့အနုပညာလည်း မှေးမှိန်လာခဲ့တယ်ရိုးရာအနုပညာအတွက် စိတ်ဆန္ဒပြင်းပြတဲ့ ခရစ်ရှနာက သူ့ချစ်သူကောင်မလေး ရာမာနဲ့အတူ အဖေဖြစ်သူရဲ့ လမ်းညွှန်မှုနောက်ကိုလိုက်ပြီး ခေတ်သစ်ကမ္ဘာမှာ ပျောက်ကွယ်လုနီးဖြစ်တဲ့ ရိုးရာဓလေ့၊ သဘင်အနုပညာကို ဘယ်လိုပြန်အသက်သွင်းဖို့ ကြိုးစားမလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 3.2 GB / 1.7 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Utsavam (2024)
7.3
Purushothamudu (2024)
Purushothamudu (2024)စီအီးအိုလောင်းရဲ့ ချစ်ခရီးစဉ်IMDb-8.1/10ရာချစ်ရမ်ဆိုတဲ့ အင်္ဂလန်ပြန်ပညာတတ်လူငယ်တစ်ယောက်က မျိုးဆက်အဆက်ဆက် လက်ဆောင့်ပြောင်းတာဝန်ခံခဲ့ကြတဲ့ စီအီးအိုနေရာကိုလွှဲပြောင်းရယူရတော့မယ်သူဋ္ဌေးကြီးများ ရပ်ဝန်းထုံးစံအတိုင်း ဦးလေးဖြစ်သူနဲ့ မိသားစုက ဒီမိသားစုစီးပွားရေးကို ထိခိုက်နစ်နာအောင်လုပ်လို့ သူ့အဖေလက်ထက်မှာ ထိပ်တိုက်တွေ့ခဲ့ရပြီးသလို သူ့လက်ထက်မှာလည်း သူပြန်လာတည်းက ပြန်ပေါ်လာတဲ့ပြဿနာအရိပ်အယောင်တွေ ။ဒီလို ရှုပ်ထွေးပွေလီတဲ့ စီးပွားရေးလောကကြီးထဲ မဝင်ခင် ကျေးလက်ခရီးစဉ်ထွက်လာရာက သိပ်ချော သိပ်ထက်မြတ်တဲ့ အမ်မူလူနဲ့ တွေ့ဆုံလာခဲ့ကြတယ်။အမ်မူလူဆိုတာ ဘွဲ့ရပညာတတ်ပေမဲ့ ရွာပြန်လာပြီး ရွာမှာပဲ ကူညီအားပေးရင်း ကြိုးစားနေတဲ့သူလေးပေါ့...။ဒီလိုလူနှစ်ယောက်ဆုံတွေ့မှုနဲ့ သူတို့ပတ်ဝန်းကျင်က ပြဿနာတွေအတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို အချစ် ၊ အက်ရှင် ၊ ဟာသ ရသစုံတဲ့ဇာတ်ကားထဲမှာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.6GB / 1.25GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Purushothamudu (2024)
7.6
Kalki 2898-AD (2024)
Kalki 2898 AD (2024) IMDb - 7.6/10စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကို Netflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာ ပါဝင်ထားကြပါတယ်။Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကို အရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ... လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့အခါ... ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန် ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်း အဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (10 GB) / (3.67 GB) / (2GB) Quality…WEB DL 4K EHVC ...
movie
Kalki 2898-AD (2024)
4K HEVC
7.6
Darling (2024)
Darling 2024 (ဒါလင်)စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ....... မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Darling (2024)
2024
5.7
Indian 2: Zero Tolerance (2024)
Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
Indian 2: Zero Tolerance (2024)
2024
6.9
Bubblegum (2023)
Bubble Gum 2023 (ပီကေလိုအချစ်)IMDb-6.9/10Best Screenplay writer ဆုရဖူးတဲ့ ဒါရိုက်တာကြီး Ravikanth Perepu ရဲ့ လက်ရာကို အချောအလှလေးတွေရှုစားရင်း နှလုံးအေးစေမဲ့ ရိုမန့်ဒရာမာလေးတင်ဆက်ပေးလိုက်ပါတယ်ငြီးငွေ့ဖို့ကောင်းတဲ့အချိန်တွေမှာ ပီကေပူရှိန်းလေးတစ်ခုကောက်ဝါးလိုက်ရင် လန်းဆန်းပြီးအိုင်ဒီယာအသစ်တွေရလာတတ်ကြတဲ့သူတွေရှိတယ် အဝါးကြာအချိုကုန်လာတဲ့အချိန်ရောက်လာရင်တော့ အာညောင်းလာပြီး ထွေးထုတ်ပစ်ကြတာပေါ့ ဒါပေမဲ့ကြိုက်တဲ့သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထပ်ထပ်ဝယ်ပြီးထပ်ဝါးတတ်ကြတာပါပဲဒီဇာတ်ကားမှာ........ဒီဂျေတစ်ယောက်အရမ်းဖြစ်ချင်တဲ့ အာဒီမပြည့်စုံတဲ့ဘဝမှာ ဒီဂျေအိပ်မက်ကအရမ်းမြင့်မားလွန်းနေတယ်မပြည့်စုံနိုင်တဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရမ်းငြီးငွေ့စရာကောင်းတဲ့သူ့ဘဝထဲ သူဌေးသမီးအလှပဂေးလေးရောက်လာခဲ့တယ် ငြီးငွေ့စရာသူ့ဘဝအတွက် ခဏတာလန်းဆန်းစေတဲ့ ပီကေလိုအချစ်ဇာတ်လမ်းလေးပေါ့ သူတို့အချစ်ခရီးလမ်းဟာလည်း အချိန်ကြာအကြောင်းသိလာလေ ခက်ခဲလာလေပါပဲအချိုကုန် အချစ်တွေလျော့လာတဲ့တစ်နေ့ အထင်လွဲမှားမှုတွေနဲ့ သူတို့အချစ်ဇာတ်လမ်းတစ်ခန်းရပ်မလိုဖြစ်ခဲ့ရတယ်တစ်သက်လုံးရူးသွပ်လာတဲ့ ဒီဂျေအိပ်မက် နဲ့ တစ်သက်မှာတစ်ခါ ရူးရူးမူးမူးချစ်မိတဲ့အချစ် ဒီနှစ်ခုတည်းက တစ်ခုကိုပဲရွေးချယ်သွားမလား သူတို့ အချစ်ဇာတ်လမ်းရော ပီကေအသစ်တစ်ခုထပ်ထုတ်ဝါးသလို ပြန်စနိုင်ဦးမလား...အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.68GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Bubblegum (2023)
2023
8.3
Keedaa Cola (2023)
Keedaa Cola (2023) "ကီဒါ ကိုလာ"အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင် "ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း" လို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့ စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း ...
movie
Keedaa Cola (2023)
2023
7.5
Aarya 2 (2009)
Arya 2 (2009) "သုံးပွင့်ဆိုင်"အာလူးအာဂျွန်ရဲ့ လူကြိုက်များပြီး IMDb 7.4 rotten tomatoes 83%လို ratingကောင်းတွေပိုင်ဆိုင်ထားတဲ့ old but gold ရုပ်ရှင်လေးတစ်ကားကို Bollywood ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြန်ပါပြီ။ ဒီမှာတော့ ဇာတ်လိုက်ကျော်ကြီးအာလူးအာဂျွန်ကို လုံးဝကွဲထွက်နေတဲ့ ကာရိုက်တာ 2 ခုအနေနဲ့ မြင်တွေ့ရမှာပါ။မိဘမဲ့ကျောင်းလေးတစ်ခုမှာ ငယ်စဉ်ကတည်းက ဉာဏ်များလွန်းပြီး toxicတဲ့ အာရ်ယာဆိုတဲ့ကောင်လေးဟာ မထုံတတ်တေး အဂျေးဆိုတဲ့ကောင်လေးကို ပီကေတစ်ခုနဲ့ မရမကအကွက်ဆင်ပြီး သူငယ်ချင်းလုပ်ပြီး ကပ်နေလိုက်ပါတယ်။ မအူမလည်နဲ့ခံလိုက်ရတာပေမဲ့ အဂျေးကတော့ အာရ်ယာကို ကွေ့ပတ်ရှောင်လေ ပြေးမလွတ်လေမလို့ အခွင့်ကောင်းစောင့်ပြီးပြေးဖို့ချောင်းနေတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာသူတို့နှစ်ယောက်ထဲက တစ်ယောက်က ချမ်းသာတဲ့အိမ်မှာ မွေးစားခံရဖို့ဖြစ်လာချိန်မှာ အာရ်ယာတစ်ယောက် အဂျေးကိုသွားခွင့်ပေးလိုက်ပြီး သူကတော့ကျန်နေရစ်ပါတယ်။ အဂျေးကတော့ အာရ်ယာလက်ကလွတ်ပြီဆိုတဲ့အတွေးနဲ့ မွေးစားခံလိုက်တာပေါ့။ဒါပေမဲ့ ကိုယ်စီအရွယ်ရောက်လာချိန်မှာတော့ အဂျေးဆီကို ပြဿနာတစ်ခုနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အာရ်ယာ၊ နဂိုထဲကမှ ပြဿနာရှာတတ် မကောင်းတာအစုံတတ်တဲ့လူမိုက်ဆန်ဆန်အာရ်ယာတစ်ယောက် ဘွားခနဲပြန်ပေါ်လာချိန်မှာ အဂျေးတစ်ယောက် ခေါင်းကိုက်ရပြန်ပေမဲ့ ထုံးစံအတိုင်းပဲ | ရှောင်မရတာမလို့ သူ့ကုမ္ပဏီမှာ အလုပ်ခန့်လိုက်ရပြန်ပါတယ်။ ဒါပေမဲ့ ...
movie
Aarya 2 (2009)
2009
7.2
Yamadonga (2007)
Yamadonga (2007) "ယမမင်းရဲ့ ခိုးသားကြီး" IMDb-7.2/10RRR(2022)ထဲမှာ မင်းသားရန်ချရန်နဲ့အပြိုင် ပါဝင်ခဲ့တဲ့ မင်းသားချောကြီး NTRရဲ့ ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ငယ်ငယ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ပေမယ့် ကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့ဆိုတဲ့ ကလေးမလေး။ အရွယ်ရောက်လာတဲ့အခါ ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးလို ယောကျ်ားမျိုးနဲ့ ဖူးစာဆုံမယ်ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ဟောစကားကို ယုံကြည်ရင်း ချစ်သူကိုစောင့်မျှော်နေခဲ့ရှာတယ်။ကံကောင်းခြင်းတွေ မရောက်လာခင်မှာတော့ စင်ဒရဲလားလိုဘ၀မျိုးနဲ့ အဒေါ်ဖြစ်သူရဲ့ အနှိမ်ခံ၊ အငြူစူခံ၊ အနှိပ်စက်ခံရင်း နေနေရရှာတုန်း။ သူနဲ့ဖူးစာဆုံမယ့်ယောကျ်ားက ရှေ့ကသွားနေပြီဆို လူတွေ ကြွေးကြော်သံတွေနဲ့အတူ နောက်ကလိုက်နေမယ့်ယောကျ်ားမျိုးတဲ့။ တကယ်လည်း လူတွေနောက်ကနေ လိုက်ကြပါတယ်။"သူခိုးဟေ့..သူခိုး"ဆိုတဲ့ ကြွေးကြော်သံတွေဖြစ်နေတာတစ်ခုပဲ။ အဲဒီသူခိုးက တကယ်ပဲ မင်းသားတစ်ပါးလို အဆင့်အတန်းနဲ့ သူ့ဆီကိုရောက်လာနိုင်မှာလား။ သူတို့တွေ ဖူးစာဆုံပြီး ပျော်ရွှင်တဲ့ ဘ၀တစ်ခုကိုတည်ဆောက်နိုင်မှာလားဆိုတာ မင်းသားကြီး NTRရဲ့ Devara(2024)ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိမလာခင် အပျင်းပြေကြည့်ရှုကြပါဦးလို့...။ (အညွှန်းနဲ့ဘာသူပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.8GB ...
movie
Yamadonga (2007)
2007
6.2
Kushi (2023)
Kushi(2023)ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့ အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက် အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီး အကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက် မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာ သူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့ သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကို ဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့ အညွှန်းကိုတော့ Aditi မှ ရေးသားပြီး CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…11GB / 3.5GB / 1.52GB Quality…4k SDR HEVC ...
movie
Kushi (2023)
2023
4K HEVC
8.4
Kick (2023)
Kick (2023)IMDb-8.5/10ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်သွားတဲ့ကားလည်းဖြစ်ပါတယ်။ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ် File size…3.18GB / 1.35GB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ...
movie
Kick (2023)
2023
7.8
BRO (2023)
IMDb-7.8/10ရုံတင်ငွေ ၁ ဘီလီယံကျော်ရခဲ့တဲ့ ဘဝအတွက်ခဏလောက် အတွေးဝင်သွားစေမဲ့ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်ဒီကားရဲ့ ဒါရိုက်တာ Samuthirakani ရိုက်သမျှကားတိုင်းဟာလည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ဘ၀ဒဿနဇာတ်ကားကောင်းတွေချည်းပါပဲအစ်ကိုကြီးအဖရာဆိုတဲ့အတိုင်း တစ်မိသားစုလုံးရဲ့တာဝန်တွေအတွက် အလုပ်တွေစီးပွားရေးတွေနဲ့ပဲ အချိန်ကုန်နေတဲ့ မာ့ခ် မုန့်တစ်ခုကိုကုန်အောင်မစားနိုင်ချစ်သူနဲ့တောင် နှစ်ဦးအတူထိုင်စကားမပြောနိုင် ညီအစ်ကိုမောင်နှမတွေနဲ့တောင် စကားလက်ဆုံမကျနိုင်သည်ထိ အဆုံးစွန်ကြိုးစားနေခဲ့တာပေါ့သူအစွမ်းကုန်ကြိုးစားလို့ ရလဒ်ကောင်းတွေရလာတဲ့အသက်သုံးဆယ်အရွယ် GM ဖြစ်တော့မဲ့အချိန် ချစ်သူမိသားစုညီအစ်ကိုမောင်နှမတွေကို အချိန်ပေးတော့မဲ့အချိန်မှာ သေသွားခဲ့ရတယ်တမလွန်နဲ့ ပစ္စုပ္ပန်ကြားကာလလေးမှာ အချိန်နတ်ဘုရားနဲ့တွေ့ပြီး လူ့ပြည်ကိုပြန်ဖို့တောင်းဆိုခဲ့တယ် သူပြန်လာနိုင်တဲ့အချိန်က ရက်ပေါင်းကိုးဆယ်... လူပြည့်ပြန်ရောက်တဲ့အချိန်မှာလည်း အချိန်နတ်ဘုရားက ထပ်ကြပ်မကွာလိုက်နေခဲ့တယ်.. သူရရှိတဲ့ ရက်ပေါင်းကိုးဆယ်မှာ အဓိပ္ပာယ်ရှိတဲ့ဘဝပိုင်ဆိုင်အောင်ကြိုးစားနိုင်မလား... တစ်ချက်ချက်အသံပေးပြီး ရွေ့လျားနေတဲ့အချိန်မှာ ချစ်ရသူတွေနဲ့အတူ ဘဝကိုဖြတ်သန်းဖို့ မမေ့ကြနဲ့နော် (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.54GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Moon ~ ...
movie
BRO (2023)
2023
6.6
Sarrainodu (2016)
Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie
Sarrainodu (2016)
2016
Rangamarthanda (2023)
Rangamarthanda (2023)IMDb-8.2/10ဗီလိန်ဇာတ်ရုပ်တွေနဲ့ ကျွန်တော်တို့ရင်းနှီးခဲ့ကြတဲ့မင်းသားကြီး Prakash Raj ကို ပြဇာတ်ကိုမြတ်နိုးတန်ဖိုးထားရူးသွပ်လွန်းတဲ့ ပြဇာတ်မင်းသားကြီးအဖြစ် မြင်တွေ့ရမဲ့ဇာတ်လမ်းဖြစ်ပါတယ် မင်းသမီးလေးကတော့ ငယ်ငယ်ချောချောShivathmika Rajashekar လေးပါသက်တံ့ကိုနှစ်ရောင်ပဲခြယ်နိုင်ရင်တောင် ခံစားချက်ကိုးမျိုးထိပေးစွမ်းနိုင်တဲ့ အနုပညာရှင် လက်ခုပ်အားပေးသံတွေကိုစားသုံးပြီး လေချွန်သံတွေနဲ့ အသက်ဆက်ခဲ့ရတဲ့ အနုပညာရှင်ဆစ်ဒူးဆိုတာ အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ချင်တဲ့ တက်သစ်စ လူငယ်လေးတစ်ယောက် တစ်နေ့ပြဇာတ်အဖွဲ့တစ်ခုကို စိတ်ဝင်စားလို့လိုက်ကြည့်ရင်း ပန်းကန်ဆေးနေတဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့သွားတယ် အဲဒီအဘိုးကြီးက သူ့ရဲ့ဆရာ တ စ်ချိန်ကပြဇာတ်သဘင်လောကမှာ သူတထူးပြောရလောက်သည်ထိ နာမည်ကျော်ကြားခဲ့သူရန်ဂါ အဲဒီချိန်မှာပဲ ပြဇာတ်ရုံကြီးမီးလောင်ပြာကျတဲ့သတင်းကလည်းကြားလိုက်ရချိန်ရင်ကွဲနာကျခဲ့ရသူက ရန်ဂါမီးလောင်ပြင်ပြဇာတ်ရုံကြီးမှာ အတိတ် နဲ့ ပစ္စုပ္ပန်ကို ယှဉ်ပြီး တသသတမ်းတပြောဆိုနေတဲ့ ပြဇာတ်မင်းသားကြီးရဲ့အတိတ်ဘဝဇာတ်ကြောင်းကို ကြည့်ရှုခံစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Zwe ~ Cherry ~Yunni ~ V တို့ပဲဖြစ်ပါတယ်) File size…2.69GB / 1.09GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31mins Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Moon ...
movie
Rangamarthanda (2023)
5.8
Veera Simha Reddy (2023)
Veera Simha Reddy (2023) Action/ Drama IMDb 5.8/10နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasan ပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကို ပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့... ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…5.19GB / 2.21GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie
Veera Simha Reddy (2023)
2023
4.4
Badrinath (2011)
Badrinath 2011 -----------------------------ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Badrinath (2011)
1
2
Next