Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brad Johnson
7.5
127 Hours (2010)
127 Hours (2010)IMDb Rating (7.5) / Rotten Tomatoes (93%) 127 hours တောင်တက်သမားတစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ 127 hours ဟာ Rating 7.5 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အေရွန်ရော်စတန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Franco ဟာ ဒီ 127 hours ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်မှာ အေရွန်တစ်ယောက် ဘယ်သူ့ကိုမှ မပြောဘဲ ကန်နွန်လမ်းကို ထွက်ခွာလာခဲ့ပါတယ်။လမ်းခရီးမှာ လမ်းပျောက်နေတဲ့ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို လမ်းပြပေးခဲ့ပါသေးတယ်။ခွဲခွာပြီးနောက် မကြာခင်မှာပဲ အေရွန်တစ်ယောက် ချောက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပြီး သူ့လက်က ကျောက်တုံးကြားမှာ ညှပ်နေခဲ့ပါတယ်။အေရွန်တစ်ယောက် သူ့မှာပါလာတဲ့ပစ္စည်းလေးတွေနဲ့ ဒီချောက်ထဲကနေ အပေါ်ကို ပြန်ရောက်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲ?ငါးရက်ကြာအောင် ...
movie
127 Hours (2010)
2010
4.5
Wild Things: Diamonds in the Rough (2005)
Wild Things: Diamonds in the Rough (2005) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။သုံးကားမြောက်ဇာတ်ကားဖြစ်တဲ့ Wild Things: Diamonds in the Rough မှာတော့ မာရီဆိုတဲ့ သူဌေးသမီးလေးနဲ့သူ့ပထွေးဖြစ်သူဂျေးတို့ဟာမာရီအတွက် သူ့မိခင်ချန်ထားခဲ့တဲ့ အမေနဲ့သမီး အမည်ရှိ ဒေါ်လာသန်းချီတန်စိန်နှစ်ပွင့်ကိုရဖို့ တရားရုံးမှာအမှုရင်ဆိုင်ဆဲဖြစ်နေတာကိုတွေ့ကြရမှာပါ။အဲ့ဒီမှာမှ မာရီနဲ့လုံး၀မတည့်တဲ့ သူတို့ကျောင်းကို ဒီနှစ်မှရောက်လာတဲ့ ဆင်းရဲသားရပ်ကွက်က ကောင်မလေး အယ်လီနာက သူ့ပထွေးဂျေးကို မုဒိမ်းမှုနဲ့တရားစွဲပါတော့တယ်။ပြောင်းလဲသွားတဲ့ အခြေအနေဟာ မာရီဘက်က အသာစီးရဖို့ဖြစ်လာခဲ့ပြီး အဲ့ဒီအခွင့်အရေးကိုဘယ်လိုအသုံးချအနိုင်ယူမလဲ?ဖြစ်စဉ်တွေဟာ အမြင်အတိုင်းရိုးရှင်းပါရဲ့လားဆိုတာ ထုံးစံအတိုင်းလှည့်ကွက်တွေအပြည့်နဲ့ရှုစားရမှာပါ၊ အရင်ကားတွေပုံစံအတိုင်း မိန်းမလှလေးတွေ၊ဘီကနီတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ဆယ့်ရှစ်နှစ်အောက်မကြည့်ရဇာတ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.9 GB) / (1.1 GB) Quality….WEB-Rip ...
movie
Wild Things: Diamonds in the Rough (2005)
2005
Alien Siege (2005)
Alien Siege (2005 )ဒီတစ်ခါ CM ပရိသတ်ကြီးတဲ့ ငယ်ငယ်တုန်းကခွေငှါးကြည့်ရတဲ့ အရသာရစေဖို့ ခွေဆိုင်ခေတ်က ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းက Sci-Fi အမျိုးအစားဖြစ်တဲ့အတွက် အဲ့ခေတ်က CGI မျိုးပဲသုံးထားတာဖြစ်ပြီး သူ့ဟာနဲ့သူတော့ ကြည့်ရမဆိုးဘူးလှပါဘူးဇာတ်လမ်းကလဲ ကမ္ဘာကြီးကိုဂြိုလ်သားတွေဝင်ရောက်လာပြီ ကမ္ဘာပျက်ဘေးကို ကာကွယ်ရမဲ့ Survival စတိုင်မို့ ဒီလိုဇာတ်ကားတွေကို ငယ်ငယ်တုန်းက ခွေထိုးကြည့်ခဲ့ရတဲ့ ကလေးဘဝအရသာလေးကို ရရှိမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးကို ကူလ်ကူလို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်နေပါတယ် သူတို့က လူနဲ့တော်တော်တူတဲ့ မျိုးစိတ်ဆိုပေမဲ့ နည်းပညာကတော့ အလင်းအလျင်နဲ့ ခရီးသွားနိုင်တဲ့ထိကို တိုးတက်နေပြီပဲ ဖြစ်ပါတယ် သူတို့မျိုးနွယ်မှာဖြစ်နေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးကို လူသားတွေကိုပေါင်းခံပြီးရတဲ့အရည်နဲ့ပဲ ကုသနိုင်တာမို့ ကမ္ဘာကြီးကိုလာရောက်ကျူးကျော်တိုက်ခိုက်နေတာပါ နောက်ဆုံးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂြိုလ်သားမျိုးစိတ်တွေက လူသားသန်းရှစ်ဆယ်ကို ကူလ်ကူတွေကို ပေးအပ်ပြီး စစ်ပွဲကိုရပ်ဖို့ သဘောတူခဲ့ကြပါတယ် အမေရိကန်နိုင်ငံကတော့ လူပေါင်း ငါးသန်းပေးဖို့ ခွဲတမ်းကျပြီး မဲစနစ်နဲ့ရွေးချယ်ကာ ပေးအပ်ဖို့စီစဉ််ထားပါတယ် ကူလ်ကူနည်းပညာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင် ဒေါက်တာချေ့စ်ရဲ့သမီးဟာ ခွဲတမ်းစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့အခါမှာ သမီးကိုချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ ...
movie
Alien Siege (2005)
2005