Channel Myanmar

Brad Harder

Jingle Bell Run (2024) 6.5
Jingle Bell Run (2024)  IMDb Rating – 6.5/10ဒီကားကိုတော့ ဒါရိုက်တာ Lucie Guest ရိုက်ကူးထားပြီး မင်းသားAndrew Walker နဲ့ မင်းသမီး Ashley Williams တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ခရစ်စမတ်ပွဲတော်ချိန်လဲနီးလာပြီဆိုတော့ ခရစ်စမတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။ ဒီကားလေးဟာတော့ အချစ်ဇာတ်လမ်းတစ်ခုကိုဟာသဆန်ဆန်ရိုက်ကူးထားပြီး ခရစ်စမတ်ပွဲတော်အကြောင်းလဲအများအပြားပါဝင်တဲ့အတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းပါ။အယ်ဗရီဆိုတဲ့မူကြိုကျောင်းဆရာမလေးက ကလေးတွေတွက်စာဖတ်ခန်းလုပ်ဖို့ အလှူငွေရှာနေတာဖြစ်ပြီးတော့ စာဂျပိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကစာအုပ်တွေကိုကြိုက်သလောက် အားကစားကတော့ သုညလို့တောင် ပြောလို့ရတဲ့ထိပါပဲ။ ဒီလိုနဲ့ gym trainer အမဖြစ်သူရဲ့ကောင်းမှုနဲ့ခရစ်စမတ်ပြိုင်ပွဲတစ်ခုမှာ ဒေါ်လာတစ်သန်းအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာပါတယ်။ စာလုံးဆက်ပဟေဠိတွေမှာအရမ်းတော်တဲ့အယ်ဗရီကတော့ ပြိုင်ပွဲကိုနိုင်ဖို့ထက် အရင်ဆုံးမထွက်ရဖို့ဆိုတဲ့ ပန်းတိုင်နဲ့သွားပြိုင်မှာပါ။ဝက်စ်ကတော့ ဟော်ကီကစားသမားဟောင်းဖြစ်ပြီး အနားယူပြီးကတည်းက နာမည်ကျနေတဲ့သူပါ။ ဒီလိုနဲ့ သူ့ကျော်ကြားမှုတွေပြန်ရဖို့အတွက် ခရစ်စမတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့လုပ်ပါတော့တယ်။အားကစားမှာအရမ်းထူးချွန်ပေမဲ့ ဗဟုသုတကတော့ သုညဖြစ်နေတဲ့ဝက်စ်ကတော့ ဘာပဲဖြစ်ဖြစ်သူနိုင်ရမယ်ဆိုပြီး ယှဉ်ပြိုင်လိုစိတ်အပြည့်နဲ့ ဆုကိုရဖို့ပြိုင်ပွဲဝင်တာပါတဲ့။ဒီလိုနဲ့ အရာရာဆန့်ကျင်ဘက်နှစ်ယောက်ဟာ ပြိုင်ပွဲမှာ အသင်းတစ်သင်းတည်းအတွဲခံလိုက်ရတဲ့အခါမှာတော့ ပြဿနာတွေရှိလာပါတယ်။ ဒါမဲ့ဦးနှောက်သမားနဲ့ခွန်အားသမားပူးပေါင်းထားတဲ့သူတို့အသင်းဟာ အလွဲတွေရဲ့ကြားမှာ အချင်းချင်းရဲ့အားနည်းချက်တွေကိုဖြည့်ပေးရင်း အကောင်းဆုံးအသင်းတဖြည်းဖြည်းဖြစ်လာခဲ့ပါတယ်။ထုတ်လုပ်သူကလဲ ကြည့်ရှုနှုန်းတက်ဖို့ ဝက်စ်ကိုအယ်ဗရီနဲ့ဖလစ်ခိုင်းတဲ့အခါ ...
movie

Jingle Bell Run (2024)

Cut, Color, Murder (2022) 6.2
Cut, Color, Murder (2022) Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie

Cut, Color, Murder (2022)

2022
[18+] Fifty Shades Freed (2018) 4.4
[18+] Fifty Shades Freed (2018) Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ ...
movie

[18+] Fifty Shades Freed (2018)

2018
4K HEVC