Channel Myanmar

Brad Greenquist

Lost Souls (2000) 4.8
Lost Souls (2000)  Lost Souls (2000)IMDb Rating (4.8) / Rotten Tomatoes (8%) ရုပ်ရှင်အကြောင်းမပြောခင် အခြေခံအကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။ပထမတစ်ခုက စာတန်မာရ်နတ် (Satan)ပါ။ စာတန်သည် ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး အဆိုးယုတ်ဆုံးစွမ်းအားတွေရဲ့ အရင်းအမြစ်၊ လူသားတွေကို ဘုရားသခင်ထံမှ ခွဲထုတ်ဖို့ ကြိုးပမ်းသူ၊ လှည့်ဖြားမှုတွေ၊ ဖျက်ဆီးမှုတွေကို လုပ်ဆောင်သူဖြစ်ပါတယ်။တပည့်တပန်းမိစ္ဆာတွေကို ကမ္ဘာမြေပေါ်လွှတ်ပြီး မကောင်းမှုတွေ ခိုင်းစေတတ်သူဖြစ်ပါတယ်။နောက်တစ်ခုက ခရစ်တော်၏ ရန်သူတော် (Antichrist)ပါ။ သူကတော့ အန္တိမကာလ (End Times)မှာ ပေါ်ထွန်းလာမယ့် ယုတ်မာသော၊ အာဏာရှင်ဆန်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လူသားတွေကိုလှည့်စားပြီး ဘုရားသခင်ကိုငြင်းပယ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ဗျာဒိတ်တော်ကျမ်း(Revelation) မှာ Antichrist ကို သားရဲကြီး (The Beast) လို့ ဖော်ပြထားပြီး စာတန်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ မာယာ (Winona Ryder)ဟာ ဘုန်းတော်ကြီးတစ်စုနဲ့အတူ နတ်ဆိုးနှင်ပွဲတစ်ခုမှာပါဝင်ခဲ့ရာကနေ စာတန်မာရ်နတ်ရဲ့ အနာဂတ်အကြံအစည်တွေကို ...
movie

Lost Souls (2000)

2000
The Call of the Wild (2020) 6.7
The Call of the Wild (2020)  စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။ အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့ စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre... Adventure, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wai Yan Maung
movie

The Call of the Wild (2020)

Pet Sematary (1989) 6.6
Pet Sematary (1989) စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ သင်္ချိုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသင်္ချိုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်)ဇာတ်လမ်းအကျဉ်း ============မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ ...
movie

Pet Sematary (1989)

1989
Annabelle: Creation (2017) 6.9
Annabelle: Creation (2017) ၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီးအခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်းကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီးဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကိုယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးမိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလိုလှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ဂျန်နစ္စက ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေမိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်ကဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ ...
movie

Annabelle: Creation (2017)

2017
4K HEVC
Resurrected (2023)
Resurrected (2023) Resurrected (2023)ဒီ Resurrected ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ လူတွေကိုပြန်အသက်သွင်းတဲ့ အကြောင်းအပေါ် ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ဒီဇာတ်ကားလေးမှာဆိုရင်တော့ The Walking Dead နဲ့ Logan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Dave Davis ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ၂၀၁၉ နဲ့ ၂၀၂၀ မှာထွက်ထားတဲ့ Manifest နဲ့ Dynasty ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Erika Chase ကနေပြီးတော့ ပါဝင်အားဖြည့်ပေးထားပါတယ်။ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။ တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး ...
movie

Resurrected (2023)

2023
The Trials of Cate McCall(2013) 6.2
The Trials of Cate McCall(2013)  Genre – Crime, Drama IMDB – 6.2/10ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင်သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်းမဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်းဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်းသမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှုတစ်ခုပေါ့လေ။ အဲဒီမှာ ...
movie

The Trials of Cate McCall(2013)

Water for Elephants (2011) 6.9
Water for Elephants (2011) Water for Elephants (2011) ===========================ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ‌ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်The Greatest Showman လို ...
movie

Water for Elephants (2011)

2011
King Richard (2021) 7.5
King Richard (2021) 2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါတင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး ...
movie

King Richard (2021)