Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brad Carter
The Devil and the Daylong Brothers (2025)
ဖအေတူ ၊ မအေကွဲ Daylong ညီအစ်ကိုသုံးယောက်ဟာ သူတို့မမွေးခင်ကတည်းက သူတို့ဝိညာဉ်တွေကို နတ်ဆိုးဆီမှာ ရောင်းစားခဲ့တဲ့ အဖေဖြစ်သူကြောင့် ကျိန်စာနဲ့အတူ ယှဉ်တွဲမွေးဖွားလာခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်း ကျေးလက်ဒေသကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းဟာ အရွယ်ရောက်လာတဲ့ Daylong ညီအစ်ကိုတွေ သူတို့အဖေ သူတို့ဆီက ခိုးယူသွားတဲ့အရာကို ပြန်ယူဖို့နဲ့ လက်စားချေဖို့အတွက် အဖေရှာပုံတော်ခရီးဖွင့်တဲ့ Musical Horror ရုပ်ရှင်ဇာတ်လမ်းပါ။သူတို့ရဲ့ ခရီးလမ်းတစ်လျှောက်မှာ အသက်ဘေးအန္တရာယ်တွေအပြင် အပြစ်ရှိစိတ်တွေ ၊ ဒေါသတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ရပြီး သူတို့ရဲ့ ဝိညာဉ်တွေက တန်ဖိုးရှိရဲ့လားလို့လည်း သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် မေးခွန်းပြန်ထုတ်ခဲ့ရပါတယ်။ Cast တွေအနေနဲ့ Daylong ညီအစ်ကိုသုံးယောက်အဖြစ် Brendan Andolsek Bradley , Jordon Bolden , Nican Robinson တို့အပြင် The substance ဇာတ်ကားနဲ့ နာမည်ကြီးထားတဲ့ မင်းသမီး Margaret ...
movie
The Devil and the Daylong Brothers (2025)
5.5
Day of Reckoning (2025)
Vampire Diaries နဲ့လူသိများကြတဲ့ မင်းသားချောZach Roerig ကြမ်းကြမ်းတမ်းတမ်း အက်ရှင်မင်းသားကြီး Scott Atkins နဲ့ Rapper ကြီး Yelawolfတို့ကပါ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးထားတဲ့ Day Of Reckoning ဆိုတဲ့ အက်ရှင်ဇာတ်ကားကြမ်းအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ရဲနဲ့လူဆိုးတို့ယှဉ်ဖိုက်တဲ့ အက်ရှင်ကားဆိုပေမဲ့မမျှမတကြီးတွေမဟုတ်ဘဲ နှစ်ဖက်လုံးမျှမျှတတ သူတစ်ပြန်ကိုယ်တစ်ပြန်ကြုံးတဲ့ဇာတ်ကားမျိုးဖြစ်တဲ့အတွက်အက်ရှင်ချစ်သူတွေအတွက်ကတော့ ရှယ်မိုက်မဲ့ကားတစ်ကားပါပဲ။ဂျွန်ဆိုတဲ့ နယ်မြို့လေးတစ်ခုရဲ့ ရဲမှူးတစ်ယောက်ကသူရထားတဲ့ ရဲမှူးဆိုတဲ့ဂုဏ်ပုဒ်နဲ့သေချာကိုက်ညီအောင်မထိန်းသိမ်းနိုင်တဲ့အတွက် အခက်အခဲကြုံတွေ့နေရသူတစ်ယောက်ဖြစ်ပါတယ်။မိန်းမကလည်း အားမလိုအားမရတွေဖြစ်ပြီး ဘ၀မှာအဖက်ဖက်ကရှုံးနိမ့်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ဘ၀မှာတောက်ပရမဲ့အခွင့်အရေးတစ်ခုကိုရလာခဲ့ပါတော့တယ်။အဲ့ဒါကတော့ သူနေနေတဲ့မြို့လေးမှာ ဘဏ်ဓားပြ၀ရမ်းပြေးရဲ့ကောင်မလေးရှိနေတာပါပဲ။အဲ့ဒီဓားပြကိုလိုက်ဖမ်းတဲ့ အရာရှိကြီးတွေက အဲ့ဒီကောင်မလေးကိုဓားစာခံဖမ်းထားလိုက်ပြီး ဘဏ်ဓားပြလာမှာကိုစောင့်နေတဲ့အချိန်မှာဂျွန်ကလည်းနယ်ခံရဲမှူးအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီအားဖြည့်ပေးရင်းနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘဏ်ဓားပြကြီးကို အမိဖမ်းနိုင်ပါ့မလားဆိုတာတွေကိုရှုစားရမဲ့ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (1.27 GB) / (808 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre …..Action , Western Subtitle….Myanmar Subtitle (Hard ...
movie
Day of Reckoning (2025)
8.0
The Revenant (2015)
အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါတွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။survival adventure ...
movie
The Revenant (2015)
2015
4K HEVC
5.3
Candy Land (2022)
Candy Land (2022) =============="Candy Land" ဆိုလို့ ဇာတ်ကားက အချိုလေးတွေမပါ,ပါဘူး။ 18+ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း 18+မို့ ဆယ့်ရှစ်ယောက်စုကြည့်ကြပါ။ ကလေးသူငယ်တွေကိုမပြပါနဲ့။ Candy Land ဆိုတာ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုမှာ ကျက် စားနေတဲ့ sex worker ကောင်မလေးတစ်စုရဲ့ နာမည်ပြောင်ပါ။ ရပ်ထားတဲ့ထရပ်ကားတွေ၊ စားသောက်ဆိုင်အိမ်သာတွေနဲ့ သူတို့ရဲ့ အခန်းငယ်တွေက သူတို့ကျက်စားရာနယ်မြေတွေပါပဲ။တစ်နေ့တော့ ရယ်မ်မီဆိုတဲ့ အင်နိုးစန့်ကောင်မလေးက သူတို့အဖွဲ့နဲ့ အကြောင်းပါလာပါတော့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ယာဉ်ရပ်နားစခန်းအိမ်သာထဲ လူသတ်မှုဖြစ်သွားခဲ့တာပေါ့။ အဲ့နောက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ဆယ့်ရှစ်ယောက်စုကြည့်ရမယ့် အခန်းတွေရော၊ သွေးသံရဲရဲအခန်းတွေရော စုံလို့လာပါတော့တယ်။ လူသတ်မှုနောက်ကွယ်ကအကြောင်းအရင်းတွေ၊ လူသတ်ပုံသတ်နည်း တွေကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Ngwe Zin, Fiona Gillen ဖြစ်ပါတယ်)File Size..........(2.14 GB) / (578 MB) / (332 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, ...
movie
Candy Land (2022)
2022
7.3
Old Henry (2021)
IMDb Rating (7.3) / Rotten Tomatoes (96%)လူသူဝေးတဲ့တစ်နေရာမှာ မုဆိုးဖိုလယ်သမားကြီးတစ်ယောက်ဟာ သူ့သားလေးနဲ့အတူတူ အေးအေးလူလူ နေထိုင်ပါတယ်၊ တစ်နေ့မှာ သားရေလွယ်အိတ်ငွေထုပ်နဲ့သေနတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို အိမ်ခေါပြီးကယ်မိလိုက်ပါတယ်၊ အဲ့ဒီ ပိုက်ဆံတွေအတွက် လာရှာတဲ့လူတွေ ရှိတဲ့အခါမှာတော့ လယ်သမားကြီးက ဘယ်သူ့ကိုယုံရမလည်းစဉ်းစားရကြပ်သွားပါတော့တယ်။သူ့ကိုယ်သူနဲ့ သူ့သားကို ကာကွယ်ရတဲ့အချိန်မှာတော့ သူ့ရဲ့ ပုံစံအစစ်လို့ပြောလို့ရတဲ့ သေနတ်ပစ် စွမ်းရည်တွေနဲ့ တိုက်ရည်ခိုက်ရည်တွေကိုထုတ်ပြရပါတော့တယ်။1900 ခုနှစ် အစပိုင်းကိုအခြေတည်ထားတာဖြစ်ပြီးဇာတ်လမ်းက အချိန်ကြာလာလေ ဇာတ်ရှိန်မြင့်လာလေမို့ အေးအေးဆေးဆေး နှပ်ကြည့်မယ့်သူတွေအတွက်တော့အသင့်တော်ဆုံးပါပဲ။ IMDb rating 7.3 နဲ့ Old Henry ပါ။ File size…(1.4 GB)/(800 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy
movie
Old Henry (2021)
7.0
Black Mass(2015)
Black Mass(2015)အညွှန်း********************(အလန်းစားကားမို့ 1080p5.1ch ပါပြုလုပ်ပေးထားပါတယ်....)IMDb...7.0,,,,Rottten...73%ဘော်စတွန်မှာနေတဲ့သူတွေဆိုရင် ဂျိမ်းစ်ဘော်လ်ဂျာကို မသိတဲ့လူမရှိဘူးတဲ့... သူဟာဘော်စတွန်မြို့တောင်ပိုင်းမှာ ကြီးပြင်းတယ် သူ့မှာ ဘီလီဆိုတဲ့ညီတစ်ယောက်ရှိတယ် သူ့ကို ဘော်စတွန်မြို့တောင်ပိုင်းက လူတွေတော်တော်များများချစ်ကြတယ် ဒါပေမဲ့ ဒီကောင်ကလူဆိုး လူမိုက် လူပေ လူတေ သူ့ဘဝရဲ့အရေးအကြီးဆုံး တန်ဖိုးအထားဆုံးက သစ္စာတရားပဲ ငယ်ငယ်တုန်းက ခင်ဗျားတို့တွေ ကိုယ့်ကို နာမည်ပြောင်လာခေါ်ရင် စိတ်ဆိုးရန်ဖြစ်တတ်ကြတယ်မလား.. .ပြောင်ကြီးတို့ ခေါလေးတို့... ဒီဘော်လ်ဂျာဆိုတဲ့ဘဲလည်း သူ့ကိုနာမည်ပြောင်လာခေါ်ရင် မကြိုက်ဘူး... ဒါပေမဲ့ သူက ရန်တော့မဖြစ်ဘူး... သတ်တာ... ဇာတ်ကားက အရမ်းကြမ်းပါတယ်..ကလေးသူငယ်နဲ့ သွေးသံရဲရဲကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အပြင် Johnny Depp နဲ့ Benedict Cumberbatch အဓိကသရုပ်ဆောင်ထားလေတော့ဒီကားကိုနင်းကန်ကြည့်သင့်ပါတယ်..စပွိုင်လာလုပ်လို့မကောင်းတဲ့ကားမျိုးမို့ ဒီလောက်ပဲပြောပါရစေ....ဇာတ်ကားတစ်ကားလုံး အစကနေအဆုံးထိ ဘာတွေဖြစ်မလဲ စိုးတထိတ်ထိတ်နဲ့ ကြည့်ရတဲ့ကားမို့လူမိုက်အကြမ်းစားကားတွေသဘောကျတဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း... File Size :(2.16GB)(1.04GB) and (451 MB) Quality :Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded ...
movie
Black Mass(2015)
6.5
White Boy Rick (2018)
White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ...
movie
White Boy Rick (2018)
2018