Channel Myanmar

Bong Tae-gyu

Happiness for Sale (2013) 6.4
Happiness for Sale (2013) Happiness for Sale (2013)************************** Hello Me ထဲက မင်းသမီး Choi Kang Hee နဲ့ Penthouse ထဲက မင်းသား Bong Tae Gyu တို့ ပါဝင်ပြီး IMDb RATING 6.4 ရရှိထားတဲ့ comedy drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။မီနာ(ချွဲဂန်ဟီး)ဟာ ဆိုးလ်မှာ အခွန်ဌာနဝန်ထမ်းတစ်ဦးဖြစ်ပါ။ တစ်နေ့မှာတော့ မွေးရပ်မြေ မူဂျူမှာနေထိုင်တဲ့ သူမရဲ့အဖေ ဆေးရုံတက်လိုက်ရတာကို သိခဲ့ရပါတယ်။သူမရဲ့အဖေက မီနာရဲ့ကုန်စုံဆိုင်ဆိုတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ အဖေ ဆေးရုံတက်နေရတော့ မီနာက အိမ်ခြံမြေအကျိုးဆောင်နဲ့ ဆက်သွယ်ပြီး ကုန်စုံဆိုင်ကို ရောင်းဖို့လုပ်တယ်။ ဒါပေမဲ့ ဆိုင်ကိုရောင်းဖို့ဆိုရင် မီနာပြန်လာပြီး ဆိုင်ဖွင့်ပေးရမယ်လို့ အိမ်ခြံမြေအကျိုးဆောင်က ပြောခဲ့တယ်။မီနာက မွေးရပ်မြေမှာ အပယ်ခံတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရ‌တာကြောင့် သူ့ရဲ့ငယ်ဘဝကို မနှစ်ခြိုက်ဘဲ မွေးရပ်မြေကိုလည်း မပြန်ချင်ခဲ့ဘူး ။ သို့ပေမဲ့ မီနာရဲ့ချစ်သူက ဖောက်ပြန်ခဲ့ပြီး အလုပ်မှာလည်း ပြဿနာတက်ခဲ့ပြီးတဲ့နောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။အလုပ်ရပ်ဆိုင်းခံရတဲ့ မီနာဟာ မွေးရပ်မြေဆီ ...
movie

Happiness for Sale (2013)

When Romance Meets Destiny (2005) 6.3
When Romance Meets Destiny (2005) When Romance Meets Destiny (2005)**********************************ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ..ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအညွှန်း ***************အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူ‌ရိုးလူအေးကြီးပါ ..ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ ..တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် ..တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် ...
movie

When Romance Meets Destiny (2005)

[18+] A Tale of Legendary Libido (2008) 5.4
[18+] A Tale of Legendary Libido (2008) Penthouse ရဲ့ ရှေ့နေလီ တဖြစ်လဲ မင်းသားကြီး Bong Tae-gyu ဟာရုပ်မြင်တာနဲ့ ရယ်ရတဲ့ ဟာသသရုပ်ဆောင်ကောင်းတစ်ယောက်ပါ။အခုလဲ သူ့ရဲ့ 18+ ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့... ငယ်စဉ်ကတည်းက မိဘဖြစ်သူတွေ မရှိတော့လို့ အစ်ကိုဖြစ်သူနဲ့သာကြီးပြင်းနေထိုင်ခဲ့ရတဲ့ဗြောင် ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့မတူဘဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေရှာတာပါ။ ဒီလိုနဲ့ တနေ့မှာ ကံကြမ္မာအလှည့်ပြောင်းပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီးနဲ့ တွေ့လိုက်တဲ့အခါမှာတော့ အဲ့ကောင်လေးရဲ့ မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ ရွာထဲမှာ ယောကျာ်းတွေအကုန်နီးပါး စစ်မှုထမ်းဖို့ တစ်အိမ်တစ်ယောက်နဲ့ စစ်ထဲပါသွားကြပြီး တစ်ရွာလုံး မာတုကာမတွေချည်းသာကျန်ပါတော့တယ်။ ကိုင်း...နတ်ဆေးတွေ့ထားတဲ့ ဗြောင်ဆိုတဲ့ကောင်လေးနဲ့ တရွာလုံးက မိန်းမတွေ တွေ့ကြတဲ့အခါမှာတော့....။ (BluRay Quality 1080p 5.1 CH နဲ့ စာတန်းထိုးအမှန်အကန်နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။)File size…(1.8 GB) / (1.1 GB) / (500 MB) Quality…BluRay 1080p /720p / Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JJ
movie

[18+] A Tale of Legendary Libido (2008)

2008
The President’s Last Bang (2005) 7.2
The President’s Last Bang (2005) ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။   File Size - 733 MB Quality - Bluray 720P Runtime -  1h 42min  Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie

The President’s Last Bang (2005)

2005