Channel Myanmar

Bobby Kurian

Pani (2024) 6.8
Pani (2024) Pani 2024 (သရီဆူမှ ဂိုဏ်းခေါင်ဆောင်ကြီးဂီရိ)သရုပ်ဆောင် ပရိုဂျူဆာကြီး Joju George ကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားရုံမက သူကိုယ်တိုင်ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဂီရိလိုခေါ်တဲ့ သရီဆူက နာမည်ကြီးဂိုဏ်းတစ်ခုက ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်၊ လက်အောက်ငယ်သားတွေအပေါ်မှာ သေချာဂရုစိုက်ပေးတတ်တဲ့ ခေါင်းဆောင်ကြီးဆိုလည်း မမှားပါဘူး။သူ့မှာ ဇနီးချောလေးတစ်ယောက်လည်းရှိပါသေးတယ်။ ဒီအချိန်မှာ ရဲဌာနဘက်ကနေ သရီဆူမှာရှိတဲ့ ဂိုဏ်းတွေကို ဖြိုဖျက်ဖိုအတွက် လုပ်ဆောင်ဖို အမိန့်တွေ ကျလာပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှာပဲ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ဒွန်ဆိုတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းဟာ လစာရတာနည်းတဲ့အတွက်နဲ့ အလုပ်ကထွက်လာပြီး အလုပ်သစ်ရှာဖို ထွက်လာပါတော့တယ်။ဂျိုရှီဆိုတဲ့သူကတော့ ဂီရိတိုနဲ့ အပြိုင် လူဆိုးဂိုဏ်းတစ်ခုဆိုပေမယ့် ဂီရိနဲ့မတူညီတာကတော့ သူက မြေတွေကို အာဏာသုံးပြီး အလကားနီးပါး လိုက်လံသိမ်းဆည်းနေတာ ဖြစ်ပါတယ်။အဲဒီမှာ ဆူရက်ရှ်ဆိုတဲ့သူရဲ့ မြေကို အလကားနီးပါးလိုချင်ရာကနေ ဆူရက်ရှ်က ဂီရိကို အားကိုးတိုင်ပင်ဖို လုပ်တဲ့အချိန် အလုပ်သစ်ရှာဖိုထွက်လာခဲ့တဲ့ လူမိုက်လက်သစ်လေး ဒွန်တိုကို ဆူရက်ရှ်အား သတ်ခိုင်းလိုက်ပါတော့တယ်။ဒီလူသတ်မှုကနေ စတင်ပြီးတော့ သရီဆူမြိုကြီး လှုပ်ခတ်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး.........(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 2.56 GB / ...
movie

Pani (2024)