Channel Myanmar

Boban Samuel

Azadi (2025) 5.4
Azadi (2025) Azadi 2025(လွတ်လပ်ခြင်း)ဇာတ်လမ်းအကျဉ်းAzadi ဟာ ဒါရိုက်တာ ဂျိုဂျော့စ်က ရိုက်ကူးထားတာဖြစ်ပြီး မလာယာလံပြည်နယ်ရုပ်ရှင်တစ်ခုပါ။စရင်းနက်ဘာစီ၊ လဲယ်၊ ဗန်နီဗစ်ဝါနာ နဲ့ ရာဗီးနား ရာဗီ တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းမှာ ကိုယ်ဝန်ဆောင်ထောင်သား ဂန်ဂါ က အမျိုးသားမိရာဂူးရဲ့အကူအညီနဲ့ ဆေးရုံမှ ထွက်ပြေးဖို့ကြိုးစားတဲ့အကြောင်းပါ။ဇာတ်လမ်းဟာ၂၀၂၅ မေမှာ ပြသပြီး စိတ်လှုပ်ရှားစရာ အက်ရှင်နဲ့ အနုပညာမြောက်မှုတွေပါဝင်ပါတယ်။ဂန်ဂါ ကို မွေးဖွားဖို့ ဆေးရုံတင်ထားတုန်းမှာ ရာဂူး က ၂၄ နာရီအတွင်း ထွက်ပြေးစီစဉ်ထားပါတယ်။အခက်အခဲတွေကြားမှာ ရန်သူတွေ တားဆီးဖို့ ကြိုးစားကြပါတယ်။ တရားမျှတမှု၊ မိသားစုနဲ့ စိတ်ဓာတ်နဲ့ အသက်ရှင်သန်ရခြင်းရဲ့ အကြောင်းတရားကို ပြသထားပါတယ်။ကြည့်သူတွေကို စိတ်လှုပ်ရှားစေပြီး စိတ်ဓာတ်ခွန်အားတွေလည်းပေးစွမ်းနိုင်ပါတယ်ခင်ဗျာ။Azadi ကြည့်ရင် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်စသည့် ခံစားချက်များကိုရရှိမှာပါ။အက်ရှင်ခန်းတွေက စိတ်ဝင်စားစရာအရမ်းကောင်းပြီး ဇာတ်ကောင်တွေကလည်း ပီပြင်လွန်းလှပြီးတော့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ စိတ်ဓာတ် ကိုမြင်သာအောင်ရိုက်ပြထားနိုင်ပါတယ်။အက်ရှင်ကောင်းကောင်းနဲ့ ရသအစုံလင်ကြိုက်သူဆိုရင်တော့ ဒီကားလေးကအကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Teamမှတင်ဆက်ထားပါတယ်။File size…2 ...
movie

Azadi (2025)

Oshana (2024) 6.3
Oshana (2024) Oshana (2024) "အချစ်မည်၏"ဘူတာရုံပလက်ဖောင်းက ခုံတန်းလျားလေးမှာ ထိုင်ပြီးပြုံးနေတဲ့အဘိုးကြီးကိုဘာလို့ပြုံးနေပါလိမ့်ဆိုတာ သိချင်စိတ်နဲ့ ဂျွန်တစ်ယောက် မေးကြည့်တာပေါ့။အဘိုးကြီးက ဒီလိုရှင်းပြတယ်။ သူငယ်ငယ်က ကောလိပ်ကျောင်းတစ်ခုရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ လက်ဖက်ရည်ရောင်းခဲ့တာ။တစ်နေ့ နတ်သမီးလေးလိုလှတဲ့ ကျောင်းသူလေးတစ်ယောက် သူ့ဆိုင်မှာလာသောက်တာပေါ့။ လာသောက်တိုင်းလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ သူဖျော်ပေးတဲ့ လက်ဖက်ရည်ကိုသောက်ရင်း ကျောင်းသူလေးက သူ့ချစ်ခြင်းမေတ္တာကိုခံစားသွားမိပါရောတဲ့။တစ်နေ့တော့ ကျောင်းသူလေးက သူ့ကိုချစ်လားလို့မေးသတဲ့။ တစ်နေ့လုပ်လို့ တစ်နေ့နပ်မမှန်တဲ့သူ့ဘ၀ကြောင့် လက်ဖက်ရည်ရောင်းတဲ့ကောင်လေး ဘာမှပြန်မဖြေခဲ့နိုင်ဘူးတဲ့။ ဒါပေမဲ့ အဲဒီအပြုံးလေးကို ပြန်တွေးတိုင်း ကျေနပ်တဲ့စိတ်နဲ့ သူပြုံးနေခဲ့တာပေါ့။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ဂျွန်ရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်။ တစ်ပုဒ်တော့မဟုတ်ဘူး အချစ်ဇာတ်လမ်းတွေ။ ဘယ်ရထားမှာမှ မလွဲခဲ့ဘဲ ချစ်ရတဲ့ကောင်မလေးကို ရထားပေါ်မှာတွေ့ပြီး လွဲခဲ့ရတဲ့ ဂျွန်။ ဒီရထားမှာ ဂျွန်တစ်ယောက်လွဲခဲ့ပြီး ဘယ်လောက်ထိလွဲမလဲဆိုတာ ဒီအိန္ဒိယတောင်ပိုင်းအချစ်ဇာတ်လမ်းလေးမှာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.6 GB / 923 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oshana (2024)

Voice of Sathyanathan (2023) 6.9
Voice of Sathyanathan (2023) Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့် ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB  / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Voice of Sathyanathan (2023)

2023
2018 (2023) 8.8
2018 (2023) 2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie

2018 (2023)

2023
Anjaam Pathiraa(2020) 8.0
Anjaam Pathiraa(2020) Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက  အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။  သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

Anjaam Pathiraa(2020)