Channel Myanmar

Bob Hoskins

The Cotton Club (1984) 6.5
The Cotton Club (1984)  Cotton Club 1984IMDb Rating (6.5) / Rotten Tomatoes (74%)ဟာလမ်ရဲ့ နာမည်ကျော် "Cotton Club" ဆိုတာကတော့ လူမည်းဂီတပညာရှင်တွေတီးခတ်ပြီး လူဖြူလူကုံထံတွေအများဆုံးလာရောက် အပန်းဖြေလေ့ရှိတဲ့ နိုက်ကလပ်တစ်ခုပဲ ဖြစ်ပါတယ် ။ဒစ်စီဒွိုင်ရာကတော့ "Cotton Club" ရဲ့ ဂျက်ဇ်ကော်နက်တီးတဲ့ တစ်ဦးတည်းသော လူဖြူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကလပ်ကိုလာတဲ့ ဒတ်ချ်ရှော့ဇ်ဆိုတဲ့ လူဖြူသူဌေးတစ်ယောက်ကို ကယ်လိုက်ရာကနေ သူ့လက်အောက်မှာ အလုပ်ဝင်ဖို့ ဖြစ်သွားပါတယ်။အဲဒီအလုပ်ကတော့ ဒတ်ချ်ရဲ့ ရည်းစားကောင်မလေးဖြစ်တဲ့ ဗယ်ရာ့ကို အဖော်လိုက်လုပ်ပေးရမှာပါ။တကယ်တော့ ဒစ်စီကလည်း ဗယ်ရာ့ကို သဘောကျနေတာပါ။နောက်ပြီးတော့ ဒီကားလေးထဲမှာ ဒစ်စီတို့သုံးပွင့်ဆိုင်အပြင် တခြားသောဇာတ်ဆောင်တွေရဲ့အခန်းလည်း အများကြီးထည့်ထားပါသေးတယ်။လူဖြူ-လူမည်း ဇာတ်ကားတို့ထုံးစံအတိုင်း ဒီကားထဲမှာ လူမျိုးရေးခွဲခြားမှုတွေပါပြီးတော့ လူမည်းတွေရဲ့ ဂီတပါရမီထူးချွန်ပုံတို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။၈၀ခုနှစ်ကျော်က ထွက်ခဲ့တဲ့ musical film တစ်ပုဒ်ဖြစ်ပြီးတော့ ...
movie

The Cotton Club (1984)

1984
Enemy at the Gates (2001) 7.5
Enemy at the Gates (2001) Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကိုလက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကိုအင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေအတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလိုသူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်ကမီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။  Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေကဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီးအမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကိုသူရဲကောင်းဆန်ဆန် ရေးသားပြီး ...
movie

Enemy at the Gates (2001)

4K HEVC
Doomsday (2008) 6.0
Doomsday (2008) Doomsday (2008)IMDb Rating (5.9) / Rotten Tomatoes (50%)အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ...
movie

Doomsday (2008)

2008
Maid in Manhattan (2002)
Maid in Manhattan (2002)  ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon 
movie

Maid in Manhattan (2002)

Garfield: A Tail of Two Kitties (2006) 5.0
Garfield: A Tail of Two Kitties (2006) ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield: A Tail of Two Kitties (2006)

2006
Spice World (1997)
Spice World (1997) Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။  File size…    3.3 GB /  1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie

Spice World (1997)

1997
A Christmas Carol(2009) 6.8
A Christmas Carol(2009) A Christmas Carol(2009) IMDb....6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် ..  အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့   Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်းForrest Gump  ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်......ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ်...Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်......Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်... ...သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး  အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်...ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ....ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ...ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..ခလေးတွေအတွက်တော့  ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ...ကိုင်းခံစားကြည့်လိုက်ပါဦးနော်...File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather ...
movie

A Christmas Carol(2009)

2009
Hook (1991) 6.8
Hook (1991) 90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်.ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တစ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ.ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန်Captain Hook ကို အမှတ်သညာပြုပြီးအမည်ပေးထားတာ ဖြစ်ပါတယ်.ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီးပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်.သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကိုမေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့မပျက်ကွက်ခဲ့ပါဘူး.အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့အတိတ်ဘဝကို မမျှော်လင့်ဘဲပြန်လည်ရင်ဆိုင်ရချိန်မှာတော့ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့်မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲစိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား.မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်. File size…   3 GB /  1.5 GB Quality… Blu-Ray 1080p / ...
movie

Hook (1991)

1991
Stay(2005) 6.7
Stay(2005) Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြားလူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။  File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Stay(2005)

Balto(1995) 7.1
Balto(1995) Balto(1995)Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Balto ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ၁၉၉၅ ခုနှစ်တည်းက ထွက်ရှိခဲ့တာဖြစ်ပြီး သူရဲကောင်းခွေးလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ IMdb 7.1 နဲ့ Rotten Tomato 54% ရရှိထားတဲ့ Animated ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဘော်တို လို့အမည်ရတဲ့ ဝံပုလွေသွေးနှောတဲ့   ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ခွေးချစ်သူ တိချစ်သူလေးတွေကတော့ 1925 Serum Run to Nome မှာ ထင်ရှားတဲ့ ဘော်တို တို့ တိုဂို တို့ ကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အလက်စကာ မှာရှိတဲ့ နုမ်း မြို့လေးရဲ့ အလွန်ဆိုးရွားတဲ့ ဆောင်းရာသီတစ်ခုမှာ ကလေးငယ်လေးတွေဆီကို ကပ်ရောဂါတစ်ခု ကျရောက်လို့ လာခဲ့ပါတယ်။ နုမ်းမြို့ငယ်လေးရဲ့ တစ်ခုတည်းသောဆေးရုံမှာ ရောဂါဖြေဆေးတွေလည်း ...
movie

Balto(1995)

Neverland 6.5
Neverland ဒီညအတွက်အကောင်းဆုံးကားလေးတစ်ကားဖြစ်တဲ့  NeverLand Mini Series လေးကိုတင်ဆက်ပေးပါမယ်... နာမည်ကိုကြည့်လိုက်ကတည်းကအားလုံးလည်းအံ့သြသွားကြမှာပါ.... ဟုတ်ပါတယ်...ဒီကားက အပိုင်း ၂ ပိုင်းနဲ့ခွဲပြီးထွက်ထားတဲ့ Mini Series လေးပါ... ဒါပေမယ့် အခုတင်ပေးတာကတော့ အဲ ၂ပိုင်းလုံးကိုပေါင်းပြီးတစ်ကားတည်းဖြစ်အောင်လုပ်ထားတဲ Mini Series ပါ....အပြီးထိပါပါတယ်.. ဒါကြောင့်မို့လို့ကားရဲ့ကြာချိန်ဟာလည်း ၃ နာရီနီးပါးရှိပါတယ်... ဒီကားလေးအကြောင်းမပြောခင် Disney ကရိုက်ကူးခဲ့တဲ့ Peter Pan နဲ့ ကပ္ပတိန်ဟွတ်ဆိုတဲ့ Animantion ကားလေးတွေကိုတော့ အားလုံးလည်းသိကြမှာပါ... နာရီမြိုထားတဲ့ မိကျောင်းကိုကြောက်တဲ့ ပင်လယ်ဓားပြကြီးဟွတ်နဲ့ Neverland ဆိုတဲ့ ကျွန်းလေးကို ကာကွယ်ပေးနေတဲ့ လူပျံလေး ပီတာပန်တို့အကြောင်းတွေကိုရိုက်ကူးထားခဲ့တာပါ.... နောက်ပြီး တင်ကာဘဲလ် ဆိုတဲ့နတ်သမီးလေးအကြောင်းလည်းတွေ့ခဲ့ရမှာပါ.... ဒီ Animation ကားလေးတွေဟာ အောင်မြင်ခဲ့ပြီးတော့ Tinkerbell ဆိုတဲ့ Animation ကားလေး တစ်ကားလည်းသက်သက်ထွက်ရှိခဲ့ပါတယ်.... Peter Pan ဟာ ကျွန်တော်တို့ငယ်စဉ်ကအကြိုက်ဆုံးဇာတ်ကောင်တစ်ခုဖြစ်ခဲ့သလို ကပ္ပတိန်ဟွတ်ဆိုတာကလည်း အကောင်းဆုံးနဲ့အရယ်ရဆုံးဗီလိန်ကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်... ကဲဒါဆို ဒီဇာတ်ကားလေးအကြောင်းကိုပြောလိုက်ရအောင်.... ဒီဇာတ်ကားလေးဟာ ခုနကပြောခဲ့တဲ့ Animation ကားလေးတွေရဲ့ ပထမဆုံးဥလျောင်ကားဖြစ်ပါတယ်... ပီတာပန် ဘာလို့ပျံနိုင်လဲ... ကပ္ပတိန်ဟွတ် ဘာလို့လက်တဖတ်မရှိတာလဲ.... မိကျောင်းထဲကိုနာရီကဘယ်လိုရောက်သွားတာလဲ... အားလုံးမသိကြပါဘူး...ဘာလို့လဲဆိုတော့ Animation ကားလေးတွေက ဘယ်ကဘယ်လိုဖြစ်လဲမရိုက်ပြတော့ပဲ သာမာန်ဖြစ်နေကျအတိုင်းပဲရိုက်ပြထားခဲ့လို့ပါ...... ဒါကြောင့် အကုန်လုံးကိုအစဆုံးသိချင်ရင်တော့ ဒီ အစအဆုံးပါတဲ့ Mini Series လေးကသင်တို့အတွက် စိတ်ကျေနပ်မှု့ကိုလုံးဝရရှိစေမှာပါ.... ဒီဇာတ်ကားလေးထဲမှာပါတဲ့ ရှု့ခင်းတွေကသာယာကြည်နူးဖွယ်ကောင်းတဲ့အပြင် Animation ထဲမှာပါတဲ့လူရိုင်းကျေးရွာကလူရိုင်းလေးတွေရယ် တိုက်ဂါးလီလီဆိုတဲ့ ခေါင်းဆောင်သမီးလေးရယ် ပင်လယ်ဓားပြတွေရယ် ...
movie

Neverland

2011
Unleashed (2005) 7.0
Unleashed (2005)  Unleash (သို့မဟုတ်) Danny the dogဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာရုံတင်ပြသခဲ့ပြီးIMDb 7.0 ရရှိခဲ့ပါတယ်ဂျက်လီရဲ့အကောင်းဆုံးဆိုတဲ့ ဇာတ်လမ်းတွေထဲက တစ်ကားဖြစ်ခဲ့ပြီး Hollywood ရဲ့ နာမည်ကြီးလူမည်း မင်းသားကြီး Morgan Freeman ပါဝင် အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအမျိုးအစားကAction,Crime,Drama အမျိုးအစားဖြစ်လို့ Drama ဇာတ်ရုပ်ဆိုရင် ရုပ်ရှင်ရိုက်နေတယ်လို့တောင်မထင်ရပဲ ပီပြင်စွာသရုပ်ဆောင်နိုင်သူ မော်ဂန်နဲ့ ကွန်ဖူးအက်ရှင်မှာဆိုရင်တရုတ်မင်းသားတွေထဲမှာ အတော်ဆုံးထဲကတစ်ယောက်ဖြစ်တဲ့ ဂျက်လီတို့ရဲ့ တွဲဖက်သရုပ်ဆောင်မှုဟာ ဒီဇာတ်လမ်းရဲ့ အကြီးမားဆုံးသော ဆွဲဆောင်မှုတစ်ခုပါပဲဇာတ်လမ်းအကျဉ်းကတော့ လူသားလား တိရိစ္ဆာန်တစ်ကောင်လား ကိုယ်တိုင်ခွဲခြားသိနိုင်ခြင်းမရှိအောင် ရိုက်သွင်းပြုပြင်ခြင်းခံခဲ့ရတဲ့ ဒန်နီဆိုတဲ့ အာရှသားလေးတစ်ယောက်နောက်ပြီးစန္ဒရားတွေကို ကြိုးညှိ့ပေးရင် အသက်မွေးနေခဲ့တဲ့ မျက်မမြင်အဖိုးကြီးတစ်ယောက် မိသားစုဆိုတာ ဘာမှန်းမသိတဲ့ အရိုင်းတစ်ကောင်ကို မိသားစုရဲ့ နွေးထွေးမှုတွေ ပေးမိတဲ့အခါလောဘရဲ့သားကောင်တစ်ယောက်ကြောင့် သူတို့ဘာတွေကြုံရမလဲအရိုင်းအစိုင်း ဒန်နီရဲ့ဟိုး...အရင်ကငယ်ဘဝကရော ဘယ်လိုလဲသူအဲ့ဒီ့လို ဘဝဆိုးကနေရော ရူန်းထွက်နိုင်ပါ့မလား ......Old but gold. ...
movie

Unleashed (2005)

2005