Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bob Adrian
7.9
Spider-Man: Homecoming (2017)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Spider-Man: Homecoming (2017)
2017
4K HEVC
7.4
The Conjuring 2 (2016)
ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့်မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက်ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာအဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကိုဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်းပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။ File size… 3.74 GB / 1.54 GB / 744 ...
movie
The Conjuring 2 (2016)
2016
4K HEVC
8.0
Twelve Monkeys (1995)
[Unicode]12 Monkeys (1995)ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာတော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို ...
movie
Twelve Monkeys (1995)