Channel Myanmar

Billy Ray Sharkey

After Midnight (1989) 5.5
After Midnight (1989) After Midnight (1989) ================အလီဆင်နဲ့ရှရဲဆိုတဲ့ ကောလိပ်ကျောင်းသူလေးနှစ်ဦးဟာ အက်ဒွပ်ဒဲရတ်ခ် ဆိုတဲ့ထူးဆန်းပြီးပဟေဠိဆန်တဲ့ ဆရာအသစ်တစ်ယောက်ကသင်ကြားတဲ့ အကြောက်တရားစိတ်ပညာဆိုတဲ့အတန်းကိုတက်ဖို့ရွေးချယ်ခဲ့မိကြပါတယ်။ ဆရာရဲ့တမူထူးခြားတဲ့သင်ကြားပုံနည်းစနစ်ကြောင့် ပထမဆုံးအတန်းချိန်မှာပဲ ကျောင်းသားတစ်ဦးအကြောက်လွန်ပြီးအရှက်ကွဲတဲ့အထိဖြစ်သွားခဲ့တဲ့အ တွက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ပရော်ဖက်ဆာဒဲရတ်ကို သင်ရိုးအတိုင်း သင်ကြားဖို့ကန့်သတ်ခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲ ပရော်ဖက်ဆာဒဲရတ်က တကယ့်အကြောက်တရားဆိုတာကို တွေ့ကြုံခံစားချင်တဲ့ ကျောင်းသားတွေအနေနဲ့ သူ့အိမ်ကိုလာနိုင်ကြောင်း ဖိတ် ခေါ်ခဲ့ပြီးနောက် ရောက်လာကြတဲ့ ကျောင်းသားတစ်စုနဲ့ ထိတ်လန့်ဖွယ်ဇာတ် လမ်းသုံးခုကို အကြောက်တရားသင်ခန်းစာအဖြစ်ဖလှယ်ပြောပြကြပါတော့ တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မသိလိုက်တာကတော့ ပထမဆုံးနေ့မှာအရှက်ကွဲ သွားခဲ့တဲ့ကျောင်းသားဟာ ဆရာ့ကိုလက်တုန့်ပြန်ဖို့ ပုဆိန်တစ်လက်နဲ့ချောင်း မြောင်းနေပြီဆိုတာပါပဲ။ Creepshow တို့ Tales From the Darkside တို့လို Horror Anthology တစ်ကားဖြစ်ပြီး၊ လူသိနည်းတဲ့ဇာတ်ကားကောင်းတစ် ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.42 GB) / (675 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

After Midnight (1989)

1989
Blue Thunder (1983)
Blue Thunder (1983) ၁၉၈၃ခုနှစ် မေလ၁၃ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Blue thunder ဟာဆိုရင် action thirller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ၁၉၇၅ နဲ့ ၁၉၇၈ ခုနှစ်တို့မှာ ထွက်ရှိခဲ့တဲ့ Jaws , Jaws2 စတဲ့ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Roy Scheiderမှ Frank Murphy နေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် home alone ဇာတ်ကားတွေထဲက သူခိုးအဖြစ်နာမည်ကြီး သွား Daniel Stern က richard lymangoodaနေရာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ အသွားကတော့ ဖရန့်ခ်မာဖီဆိုတဲ့ ရဲရင့်တဲ့ လော့စ်အိန်ဂျယ်လိစ် ရဲအရာရှိက အသစ်‌ရောက်ရှိလာတဲ့ blue thunder အမည်ရှိတဲ့ အဆင့်မြင့် နည်းပညာတွေတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသုံး ဟယ်လီကော်ပတာ တစ်စီးကို စမ်းသပ်ဖို့‌ရွေးချယ်ခံခဲ့ရပါတယ်တယ်။ဒါပေမယ့် သူနဲ့ သူပါတနာက ဟာ Blue thunder ကိုပျံသန်းနေစဥ်မှာပဲ အစိုးရက ...
movie

Blue Thunder (1983)

WarGames (1983) 7.1
WarGames (1983) ဒီကားလေးကတော့IMDb7.1ရထားတဲ့ကားလေးဖြစ်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးဆိုလည်းမမှားပါဘူးကွန်ပျူတာစနစ်တွေကိုလူငယ်လေးတယောက်ခိုးဝင်ရာကအစပြုပြီးတတိယကမ္ဘာစစ်စတင်ဖို့ပြဿနာတွေဖြစ်လာတာကိုရိုက်ကူးထားတာဖြစ်ပါတယ်တတိယကမ္ဘာစစ်စဖို့အချေအတင်ဖြစ်နေတယ့်ဆိုဗီယက်နဲ့မြောက်အမေရိကဒုံးကျည်လွှတ်တင်ရာမှာသော့ကိုလှည့်ဖို့တုန့်ဆိုင်းနေတယ့်ဝန်ထမ်းအစားကွန်ပျူတာစနစ်ကိုအသုံးပြုဖို့မြောက်အမေရိကကစတင်လိုက်ပါတယ်အဲ့အချိန်မှာပဲဂိမ်းတွေကိုစွဲလန်းတဲ့လူငယ်လေးတယောက်ကဂိမ်းကုမ္ပဏီရဲ့ကွန်ပျူတာစနစ်ထဲခိုးဝင်ပြီးဂိမ်းအသစ်တွေကိုဆော့ဖို့ကြိုးစားရင်းနဲ့မြောက်အမေရိကရဲ့ကွန်ပျူတာစနစ်ဆီရာက်သွားပြီးနကလီးယားစစ်ပွဲကိုဂိမ်းအထင်နဲ့ဆော့မိတဲ့အခါမှာ.....သူဆော့နေတာဂိမ်းတခုမဟုတ်ပဲအပြင်မှာတကယ်ဖြစ်လာဖို့ဂိမ်းကဦးတည်နေတဲ့အခါမှာသူဘယ်လိုရပ်တန့်မလဲကွန်ပျူတာစနစ်ကလည်းအဲ့ကောင်လေးဆော့တာရပ်လိုက်တောင်မရပ်ပဲသူ့ဟာသူဆက်ဆော့နေတဲ့အခါ..တတိယကမ္ဘာစစ်ကြီးစတင်မလား အဲ့ဒါတွေအဆုံးသတ်သွားအောင်သူဘယ်လိုလုပ်မလဲဆိုတာ...ဒီကားလေးကိုကြည့်ပြီးအဖြေရှာလိုက်ပါနော် File Size : (1 GB) & ( 370 MB)Quality : BluRay 720pRunning Time : 1 hr 54 minFormat : Mp4Genre : Sci-Fi , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

WarGames (1983)

1983