Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy J. Mitchell
6.1
Never Say Never Again (1983)
ဒီဇာတ်ကားကတော့ James Bond Film စီးရီးတွေထဲကမှမင်းသားကြီး ရှောင်ကွန်နရီရဲ့ ဂန္တဝင်ကားတစ်ကားပဲဖြစ်ပါတယ်။1983 ခုနှစ်တုန်းက ထွက်ရှိပြီးတော့ အဲဒီခေတ်အဲဒီအခါတုန်းက အခြေအနေနဲ့ဆိုရင်တော်တော့်ကိုအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဗြိတိသျှလျှို့ဝှက်ထောက်လှမ်းရေးတွေ၊အက်ရှင်တွေ၊ စိတ်လှုပ်ရှားစရာတွေ တပုံကြီးပါမယ်။ဒီကားမှာတော့ SPECTRE အဖွဲ့ဟာ ဗြိတိန်နိုင်ငံထဲမှာရှိတဲ့ အမေရိကန်အစိုးရလက်အောက်ကအမေရိကန်လေတပ်စခန်းကနေ နျူကလီးယားဒုံးကျည်နှစ်လုံးကို ခိုးယူသွားပြီးတော့ဒီနိုင်ငံတွေဆီကို ခြိမ်းခြောက်အကျပ်ကိုင်ပါတယ်။ အဲဒါကြောင့် ဗြိတိသျှအစိုးရဟာ ၀၀၇ အေးဂျင့်ကိုအသုံးချပြီးတော့ ဒီလက်နက်တွေကိုပြန်ယူဖို့ကြိုးစားပါတော့တယ်။ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကတော့ ဟိုအရင်ကတည်းက ခေတ်မီခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီးနာမည်တစ်ခုနဲ့ရပ်တည်လာတာဖြစ်တဲ့အတွက် မကောင်းတဲ့ကားရယ်လို့မရှိဘူးလို့ပြောလို့ရပါတယ်။မင်းသားကြီးရှောင်ကွန်နရီဟာလည်း ခေသူမဟုတ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size… 2.47 GB / 1.16 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 2h 14m Genre ..... Action/Thriller/ Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Htet Aung
movie
Never Say Never Again (1983)
7.1
Bird (1988)
IMDb - 7.1, RT - 78% ဒီကားကို နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး Clint Eastwoodက ရိုက်ကူးခဲ့တာဖြစ်ပြီး Jazzဂီတအနုပညာရှင်ကြီး Charlie "Bird" Parkerရဲ့ဘ၀နဲ့ တေးဂီတအနုပညာကို ဂုဏ်ပြုဖန်တီးထားတဲ့ အနုပညာပန်းတိုင်တစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Charlie Parker အဖြစ် သရုပ်ဆောင်တဲ့ Forest Whitakerကတော့ လူသိများတဲ့မင်းသားကြီးပါပဲ။Forest Whitakerရဲ့ သရုပ်ဆောင်မှုကောင်းကြောင့် Charlie Parker ရဲ့စိတ်ဒဏ်ရာ၊ တေးဂီတအပေါ်ခံစားချက်နဲ့ကိုယ်ရေးကိုယ်တာဒုက္ခတွေကို သဘာဝကျကျဖော်ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ Parker ၏ အနုပညာရည်မှန်းချက်၊ မိသားစုအပေါ်ချစ်ခြင်း၊ မူးယစ်ဆေးဝါးအလေ့အထနဲ့ ကျန်းမာရေးပြဿနာများကြောင့် ကြုံတွေ့ရတဲ့ဒုက္ခများကို ပြသထားပါတယ်။ ဇာတ်ကွက်တွေက ပုံမှန်လိုမဟုတ်ဘဲ အချို့အခန်းတွေမှာ အတိတ်နဲ့ပစ္စုပ္ပန်ကို လွှဲပြောင်းဖော်ပြထားလို့ မရင်းနှီးသူတွေအတွက်ကတော့ တမျိုးဖြစ်နိုင်ပေမဲ့ အနုပညာဖန်တီးမှုနဲ့ စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်လို့ ဂျက်ဇ်ဂီတကို နှစ်သက်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။ File size…(3 GB)/(1.4 GB) Quality….WebRip 1080p / ...
movie
Bird (1988)
5.8
Death Wish 3 (1985)
ဒီဇာတ်ကားမှာတော့ ပေါလ်ကာဆင်တစ်ယောက် နယူးယောက်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။နယူးယောက်မြို့အရှေ့ပိုင်းက သူငယ်ချင်းဖြစ်သူ ချာလီဆီကို အလည်အပတ် ပြန်လာတဲ့အချိန်မှာတော့ဓားခုတ်ရာလက်ဝင်လျှိုမိတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ပေါလ်ရောက်လာချိန်မှာ ချာလီကို လမ်းသရဲတွေ ရိုက်နှက်ပြီး ထားခဲ့တဲ့အချိန်ဖြစ်နေပါတယ်။ပေါလ်လက်ထဲမှာ ချာလီသေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့ ပေါလ်ကိုလူသတ်သမားလို့ ယူဆပြီး ဖမ်းဆီးသွားခဲ့ပါတော့တယ်.။ရဲစခန်းအရောက်မှာတော့ ရဲမှူးဖြစ်တဲ့ ရစ်ချတ်ရှရိုက်ကာက နယူးယောက်မြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကကျော်ကြားခဲ့တဲ့ မစ္စတာ "ဗစ်ဂျီလန်တီ" ဖြစ်နေမှန်း မှတ်မိသွားခဲ့ပါတယ်။ရှရိုက်ကာက ပေါလ်ကို ထောင်ထဲမှာအရိုးမဆွေးချင်ရင် သူ့လက်အောက်မှာ လုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ ရဲတွေကို ရှောင်တိမ်းကာ လုယက်သူတွေကို နှိမ်နင်းခဲ့တဲ့ "ဗစ်ဂျီလန်တီ" က ဒီတစ်ခေါက်မှာတော့ရဲလက်အောက်ကနေ လျှို့ဝှက်အမှုထမ်းရသူ ဖြစ်လာခဲ့ပါတယ်။ဒီနောက်မှာတော့ ပေါလ်ဟာ သေဆုံးသူ ချာလီရဲ့တိုက်ခန်းဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဆိုပါဧရိယာမှာ ကြီးစိုးနေတဲ့ လမ်းသရဲဂိုဏ်းကြောင့် ပေါလ်နေတဲ့ အဆောက်အဦမှာနေထိုင်သူ သက်ကြီးရွယ်အိုတွေဟာ ကျီးလန့်စာစား နေထိုင်နေရပါတယ်။ပေါလ်အနေနဲ့ သူ့ရဲ့လမ်းစဉ်အတိုင်း လမ်းသရဲဂိုဏ်းကို လုံးပါးပါးအောင် နှိမ်နင်းရင်းနဲ့ပဲထိုအသိုက်အဝန်းက လူကောင်းသူကောင်းတွေရဲ့ ...
movie
Death Wish 3 (1985)
8.3
Star Wars: Episode VI – Return of the Jedi (1983)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VI – Return of the Jedi (1983)
4K HEVC
8.2
Indiana Jones and the Last Crusade (1989)
Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie
Indiana Jones and the Last Crusade (1989)
1989
4K HEVC
7.4
Superman I (1978)
Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie
Superman I (1978)
1978
7.2
[James Bond] GoldenEye (1995) Golden Eye
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။ File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] GoldenEye (1995) Golden Eye
HEVC 1080p 5.1
7.2
Top Secret!(1984)
Top Secret!(1984)IMDb....7.2(unicode)အရှေ့ဂျာမနီကိုရောက်နေတဲ့ အမေရိကန်ရော့ခ်အန်ရိုး အဆိုတော် နစ်ခ်ရေးဗားဟာ ဟီလာရီဖလန်မွန်းဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ ဟီလာရီဟာ တော်လှန်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဂျာမန်တွေရဲ့ ဖမ်းဆီးခံ စွမ်းအားကြီး အဖျက်လက်နက်ဖန်တီးဖို့ အကျပ်ကိုင်ခံနေရတဲ့ သူ့အဖေ သိပ္ပံပညာရှင်ဒေါက်တာဖလန်းမွန်းကို ကယ်တင် ဖို့ စောင့်နေတာပါ။ နစ်ခ်က ဒေါက်တာ ဖလန်းမွန်းကို ထောင်ထဲမှာတွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့ပြီးတဲ့နောက် ဟီလာရီ နဲ့ နစ်ခ်ဟာ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဂျယ်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းတော့ တော်လှန်ရေးအဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေလို့ သူတို့ထက် ပြိုင်ဘက်ဟာအမြဲတမ်း ကွက်ကျော်မြင်နေခဲ့ ကြောင်းသိရချိန်မှာ.. အဲ့ဒီသစ္စာဖောက် ဟာ ဘယ်သူဖြစ်မလဲ? ဟီလာရီနဲ့နိုင်ဂျယ်မှာ တစ်ခြားပတ်သက်မှုတွေရှိနေမလား? Top Secret!ဟာ ဒုတိယကမ္ဘာစစ် စပိုင်ဇာတ်ကားတွေနဲ့ ဂီတအခြေခံရုပ်ရှင်တွေ အများစုကို သရော်လှောင်ပြောင်ထားတဲ့ parody ကားတစ်ကားပါ။ ငယ်ငယ်က ရင်းနှီးပြီးသဘောကျခဲ့ရတဲ့ Hot shots! 1/2 နဲ့ Scary movies ...
movie
Top Secret!(1984)