Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Bob Thornton
8.0
Sling Blade (1996)
1996မှာထွက်ရှိခဲ့တဲ့ sling bladeဟာ imdb 8/10 ရရှိထားတဲ့အပြင် rotten tomatoes မှာ 97%အထိရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Billy bob Thornton ဟာ ကိုယ်တိုင် သရုပ်ဆောင်ပြီး ကိုယ်တိုင်ဒါရိုက်တာ လုပ်ခဲ့တဲ့အပြင် ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားနဲ့ပဲ 1997 Academy awards မှာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်လမ်း ကတော့ ကားလ် ချိူင်းလ်ဒါဆိုတဲ့လူတစ်ယောက်ဟာ ငယ်ကလေးဘဝကတည်း သူ့အမေနဲ့ သူ့အမေရဲ့ချစ်သူကိုသတ်ခဲ့လို့ ဆေးရုံတင်ထားခဲ့ရတယ်။သူဟာဆေးရုံကနေလွတ်လာပြီး သူမွေးဖွားခဲ့တဲ့ မြို့ငယ်လေးမှာ ပဲနောက်ဘဝအသစ်ကို စဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် သိပ်မကြာခဲ့ဘူး သူဟာ သူရဲ့အတိတ်ကဖြစ်ရပ်ပုံစံမျိုး တစ်ဖန် ထပ်မံပြန်ရောက်လာတဲ့ အဖြစ်အပျက်ကို သူဘယ်လိုရင်ဆိုင်လဲဆိုတဲ့ အကြောင်း ဇာတ်ညွန်းကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ Drama indie ကားလေးတစ်ကားဖြစ်ပါတယ်။File size…(3.5GB) / (1.38GB) / (599.43MB) Quality…. ...
movie
Sling Blade (1996)
6.2
Cut Bank(2014)
Cut Bank(2014)============Cut Bank ရုပ်ရှင်လေးကတော့ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သရုပ်ဆောင်Liam Hemsworth၊ John Malkovich၊ Billy Bob Thornton အစရှိတဲ့နာမည်ရှိပြီးသား သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒါ့အပြင်ဇာတ်လမ်းလေးကလည်း သည်းထိတ်ရင်ဖိုစရာလည်းကောင်းတော့ကြည့်ရှုသူတွေ အကြိုက်တွေ့ကြမှာပါ။ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ကောင်က နေရပ်ကို စွန့်ဖို့ လုပ်ရင်းအသက်ဘေးနဲ့ ကြုံလာရပါတယ်။ ဇာတ်ရှိန်ရလာတာနဲ့အမျှ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ plot twist တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သင်က suspense၊thriller ဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ဖို့ တိုက်တွန်းပါတယ်။ ဝါရင့် ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု၊ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာကောင်းမှုတို့က သင့်အတွက် ကြည့်ရကျိုးနပ်စေမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.80GB / 592MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle ...
movie
Cut Bank(2014)
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
7.0
Whiskey Tango Foxtrot(2016)
Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie
Whiskey Tango Foxtrot(2016)
6.7
Puss in Boots (2011)
Puss in Boots (2011) IMDb (6.6/10) rotten tomatoes (86%) metacritics (65%)old but gold ကာတွန်းကားလေးတွေထဲမှာ အတော်နှစ်သက်မိတဲ့ movie တစ်ခုပြောပြမယ် ဒီထဲမှာ voice actor တွေအနေနဲ့ Antonio Banderas က Puss အဖစ် Salma Hayek က Kitty Softpaws အဖစ် Zach Galifianakis က Humpty Alexander Dumpty အဖစ် Billy Bob Thornton က Jack အဖစ် Amy Sedaris က Jill အဖစ်နဲ့ Sanricardo ဆိုတဲ့ မြို့တစ်ခုပေါ်မှာ ပုံဖော်ထားတာပါ type ကတော့ Action, Adventure ပေါ့ ဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆို လူတိုင်းသိကြမယ်ထင်တယ် Sherk ကားထဲမှာလဲပါတယ်လေ ...
movie
Puss in Boots (2011)
2011
4K HEVC
7
The Gray Man (2022)
နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ ...
movie
The Gray Man (2022)
4K HEVC Web-DL
7
Monster’s Ball(2001)
Monster's Ball ဆိုတဲ့စကားလုံးဟာ ရှေးအင်္ဂလိပ်အသုံးအနှုန်းတစ်ခုဖြစ်တယ်။ သေဒဏ်ကျလူတစ်ယောက်ရဲ့ နောက်ဆုံးည ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီကားတစ်ကားလုံးရဲ့ ဇာတ်ရှိန်နဲ့ အဖြစ်အပျက်တွေကလည်း အဲဒီညကနေ အစပြုတယ်။ ပါဝင်တဲ့ဇာတ်ကောင်တစ်ကောင်ချင်းစီဟာ သူ့ကျရာဇာတ်ရုပ်နဲ့ လုံးဝသွေဖီခြင်းမရှိလောက်အောင်ထိကို ကောင်းလွန်းခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Heath Ledger နဲ့ Halle Berry ရဲ့ ဇာတ်ကောင်တွေပဲ။ ဒီရုပ်ရှင်ဟာ Heath Ledger ရဲ့ သရုပ်ဆောင်ဘဝ အစပိုင်းကို အရောင်တင်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တယ်။ Halle Berry အတွက်လည်း အော်စကာဆုကြီးကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်စေခဲ့တဲ့ကားဖြစ်တယ်။ ဒီကားရဲ့ ဇာတ်လမ်းကို ပြောပါဆို ကျွန်တော်ပြောတတ်မှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့ကားဆိုပြီး ပြောလိုက်ရင် ဒီရုပ်ရှင်ကို စော်ကားရာကျသလိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကြည့်ပြီး ရလာတဲ့ ခံစားချက်တွေကတော့ တစ်ပတ်လောက်ထိ ဆက်ရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ဇာတ်လမ်းကို သေချာပိုင်းခြားလိုက်ရင် နှစ်ပိုင်းတော့ ထွက်လာနိုင်တယ်။ Hank ...
movie
Monster’s Ball(2001)
2001
6.8
U Turn (1997)
[Unicode] U Turn (1997) ========= ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။ ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်းဘေးမှာ လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။ ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။ လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ် အင်းဒီယန်းတစ်ဝက်မလေးရေ။ မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန် အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။ ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။ ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင် အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့ မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။ စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။ ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ် မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။ အလှကိုတပ်မက်မှုပါ။ အချစ်ဟာ လှတာကိုလိုချင်တာဆိုတဲ့ ...
movie
U Turn (1997)
6.4
Faster (2010)
(Unicode)Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။မကြမ်းမှာတော့မပူပါနဲ့။အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီးထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ...
movie
Faster (2010)
6.6
A Million Little Pieces(2019)
A Million Little Pieces(2019)အညွှန်း******************************(unicode)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ များတာကို အတော်များများ သိကြမှာပါ....ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်.. သူဆေးပြတ်သွားမလား...ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့ ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ ...
movie
2018
4.5
London Fields(2018)
London Fields(2018)IMDb 4.5IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်...မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ....အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ...ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်......ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီးJohnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
movie
London Fields(2018)
2018
The Informers (2008)
မင်းသမီးချော Amber Heard ရဲ့အလန်းစားနောက်တစ်ကား လာပါပြီ။The Informers ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ Gregor Jordan ကရိုက်ကူးခဲ့ပါတယ်။1980 အစောပိုင်း ဟောလီးဝုဒ်ကလူတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ဘဝနဲ့ လူမှုဆက်ဆံရေးတွေကို သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။နာမည်ကြီး လူကုံထံအသိုင်းအဝိုင်းတွေရဲ့ လိင်မှုကိစ္စ၊ မူးယစ်ဆေးကိစ္စ အရှုပ်အထွေးတွေကိုသာ အသားပေးရိုက်ကူးထားတဲ့အတွက် ဇာတ်လမ်းအညွှန်းလို့ညွှန်းဆိုရအောင် ထွေထွေထူးထူးရယ်လို့မရှိပါဘူး။သို့ပေမယ့် မင်းသားကြီး Johnny Depp ရဲ့ဇနီးဟောင်းဖြစ်ပြီးတော့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Justice League Movie မှာ Mera အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ငယ်သွေးကြွယ်နေတဲ့ အလှပုံရိပ်တွေကိုတော့ ဖောဖောသီသီကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးတွေကြားထဲမှာ ဇီးသီးဘန်းမှောက်ခဲ့ပေမယ့် Amber Heard ကိုချစ်ကြတဲ့ အမျိုးသားထုကြီးအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size…(800 MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Thant Kyaw
movie
The Informers (2008)
1
2
Previous