Channel Myanmar

Bill Paxton

A Simple Plan (1998)
A Simple Plan (1998) IMDb 7.5/10 Rotten tomato 91% ဒီဇာတ်ကားကတော့ Scott B.Smith ရဲ့ ၁၉၉၃ခုနှစ်နှစ်ကထွက်ထားတဲ့ဝတ္ထုကိုသူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ Sam Raimiကရိုက်ကူးထားပါတယ် ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Billy BobThornton (ဘီလီဘော့သွန်တန်)၊Bill Paxton(ဘီလ်ပက်စ်တန်)နဲ့ Bridget Fonda(ဘရစ်ဂျစ်ဖောင်ဒါ)တို့ပါဝင်ထားပါတယ်။ ဘီလီဘော့သွန်တန်က ဇာတ်ပို့ဆုအတွက်အော်စကာနဲ့ရွှေကမ္ဘာလုံးဆုအတွက်နာမည်စာရင်းတင်သွင်းခံရသလိုအခြားဆုတွေရထားပါတယ်။Best Adapted Screenplay အတွက်လည်းရွှေကမ္ဘာလုံးဆုအမည်စာရင်းတင်သွင်းခံရပါ တယ်။အစပိုင်းကြည့်လိုက်ရင်တော့ သာမန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ တစ်ဖြည်းဖြည်းဇတ်ရှိန်မြင့်လာတဲ့အခါ မထင်မှတ်တဲ့အလှည့်အပြောင်းလေးတွေနဲ့တကယ်ကိုကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လာပါတယ်။ လူတွေအများစုက ငွေရှိရင်အကုန်ပြည့်စုံပျော်ရွှင်မယ်ထင်ကြတယ်။အဲဒီတော့ငွေထုတ်ကြီးကောက်ရပြီးပျော်လိုက်ရလားကြည့်ကြရအောင်။ဒီဇတ်ကားကတွေးစရာတွေလည်းအများကြီးပေးပါတယ်။ပုထုဇဥ်လူတွေဟာကိုယ့်အတ္တနဲ့ယှဥ်လာရင်သူငယ်ချင်းဆိုတာမရှိ ညီအကိုဆိုတာတောင်မရှိတော့ဘူးဆိုတဲ့အဆုံးအမတွေကိုလည်းသတိရမိတယ်။အထက်တန်းတုန်းကသင်ရတဲ့ မဟောသဓာဇာတ်တော်မှာလျို့ဝှက်ချက်ဆို အိမ်ကမိန်းမကိုတောင်မပြောနဲ့ မယုံရဘူးဆိုတာကိုလည်းသတိရမိတယ်။ကိုယ်မကောင်းတာလုပ်ထားရင် ဘယ်သူမသိသိကိုယ်တော့သိတယ် နောင်တရတတ်ရတယ်ဆိုတာကိုဒီဇာတ်ကားမှာပြထားပါတယ်။ လူတွေကတော့ အမရိကန်နိုင်ငံဆိုတာနတ်ဘုံလိုလိုထင်နေကြပေမဲ့ လူတန်းစေ့နေနိုင်ဖို့မနည်းရုန်းကန်နေရတဲ့မိသားစုဘဝတွေကို စကားလုံးတွေကမီးမောင်းထိုးပြထားပါတယ်။ယာတွေလယ်တွေပေါင် ကောလိပ်ထားရပြီး ရ လာတဲ့အလုပ်ရဲ့လစာကတော့မနည်းလူတန်းစေ့အောင်ရုန်းကန်နေရတယ်ဆိုတာလည်းတွေ့ရမှာပါ။သရုပ်ဆောင်တွေက မျက်လုံး၊မျက်နှာပေးတွေနဲ့သရုပ်ဆောင်တာတစ်အားကောင်းပါတယ်။တေးဂီတကလည်း ဇာတ်ကားကိုပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟန့်ခ်နဲ့ ဂျေကော့ဖ်ကညီအကိုတွေဖြစ်တယ်။ဟန့်ခ်ကတိရစ္ဆာန်အစာစက်ရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပြီး သူ့မိန်းမဆာရာက စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်။ သူတို့မကြာခင်သမီးဦးလေးရတော့မှာပါ။ ဂျေကော့ဘ်မှာ အချစ်ဆုံးသူငယ်ချင်း လူးဆိုတာရှိပါတယ်။ လူးမှာအချစ်ဆုံးခွေးကြီး မေရီဘက်သ်ဆိုတာရှိပါတယ်။တစ်နေ့ သူတို့သုံးယောက် ဟန့်ခ်တို့ရဲ့အဖေရဲ့ အုတ်ဂူမှာနှစ်ပတ်လည်အတွက်ပန်းစီးသွားချကြရင်းအပြန် သဘာဝကာကွယ်တောနားမှာ​မြေခွေးတစ်ကောင်ကြောင့်ကားချော်သွားပြီး နည်းနည်းပျက်စီးသွားလို့ မြေခွေးနောက်ကိုလိုက်ကြရင်းလေယာဥ်ပျက်တစ်စီးကိုမမျှော်လင့်ဘဲသွားတွေ့ပါတယ်။ လေယာဥ်မှူးကသေနေပါပြီ။ အားကစားအိတ်နဲ့အပြည့် ဒေါ်လာတစ်ရာတန်တွေကိုတွေ့လို့ယူမယ်မယူဘူး အပ်မယ်မအပ်ဘူး ...
movie

A Simple Plan (1998)

Mighty Joe Young (1998)
Mighty Joe Young (1998) Charlize Theron ခေါင်းဆောင်ပါဝင်ထားတဲ့ 90s family ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးမလေး Jill Young ဟာ နို့တိုက်သတ္တဝါတွေကို လေ့လာနေတဲ့ သတ္တဇီဝပညာရှင် မိခင်ဖြစ်သူ Ruth Young နဲ့အတူ အာဖရိက တောတောင်ထဲမှာ ဂေါ်ရီလာမျောက်ဝံမျိုးစိတ်တွေကို လေ့လာနေတာပါ။တစ်ညမှာတိရစ္ဆာန်တွေကို တရားမဝင် အမဲခိုးလိုက်ပြီး ရောင်းစားတဲ့ အဖွဲ့တစ်ဖွဲ့က မျောက်ဝံလေး Joe နဲ့ သူ့မိခင် အနောက်ကို လိုက်ရင်း Joe ရဲ့ မိခင်နဲ့ Jill ရဲ့ မိခင် နှစ်ဦးစလုံး ဆုံးသွားခဲ့ပါတယ်။ တစ်ညထဲမှာပဲ မိဘမဲ့ ဖြစ်ခဲ့ရတဲ့ Joe နဲ့ Jill ဟာ အချင်းချင်း စောင့်ရှောက်ပြီး ကြီးလာကြပါတယ်။ တစ်ရက် California တိရစ္ဆာန်ထိန်းသိမ်းရေး စခန်းက Gregg O'Hara ဆိုတဲ့ ပညာရှင် တစ်ယောက်က ကျားသစ်တစ်ကောင်ရဲ့ ...
movie

Mighty Joe Young (1998)

U-571 (2000) 6.6
U-571 (2000) U-571 (2000) ************************ IMDb...6.6,,,Rotten ....68%   ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တဒိန်းဒိန်းပစ်ခေတ်ပြီး ရေအောက်ကို နှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်... ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို  ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ... ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်... ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမဲ့ သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ.. Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။ Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး   U boat နဲ့ ဂျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။ Enigma ဟာ ...
movie

U-571 (2000)

The Circle (2017) 5.3
The Circle (2017) မင်းသားကြီး တွန်မ် ဟန့်ခ် နဲ့ မင်းသမီး အမ်မာဝက်ဆန်တို့ရဲ့ ဇာတ်ကားသစ်ပါ။ IMDb ကတော့ 5.3 ပဲရှိပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ တွန်ဟန့်ခ်နဲ့ သူငယ်ချင်းတစ်ယောက်တည်ထောင်ထားတဲ့ အင်မတန်ကြီးမားတဲ့ နည်းပညာကုမ္မကြီးတစ်ခုဆီကို သာမာန်ဝန်ထမ်းလေးအဖြစ် Mae Holland(အမ်မာဝတ်ဆန်) ရောက်ရှိလာပါတယ်။ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းတွေကြောင့် အမြန်ပဲ ရာထူးတွေ တက်လာခဲ့ပြီး ကုမ္မဏီရဲ့ အရေးပါတဲ့ လျိုှုဝှက်ချက်တစ်ခုကို သိလိုက်ရပါတော့တယ်။ သူသိလိုက်ရတဲ့ အချက်က လူသားတွေရဲ့ လွတ်လပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ အရာကြီးဖြစ်နေတဲ့အခါ.....ဒီရုပ်ရှင်က လက်ရှိ လူမှုကွန်ယက်သုံးစွဲနေတဲ့သူတွေကို ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သတ်ပြီး သတိထားမိစေချင်လို့ မီးမောင်းထိုးပြတဲ့ သဘော ရိုက်ကူးထားပုံရပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းနည်းပြီး အေးစက်စက်နိုင်တဲ့အတွက် ပရိသတ်တွေ အကြိုက်မတွေ့ကြဘူးထင်ပါတယ်။ မြည်းစမ်းကြည့်ချင်သူတွေတော့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။File size…(1.5 GB)/(671 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ MKV Duration….01:56:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by ...
movie

The Circle (2017)

2017
Frailty (2001) 7.2
Frailty (2001) Frailty (2001) Genre- Horror/Mystery IMDb - 7.2/10 ---------------------------- ၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ ‘Frailty’ ရုပ်ရှင်ကတော့ မင်းသားကြီး Bill Paxton ရဲ့ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။မင်းသားကြီးအပြင် Interstellar, Dallas Buyers Club နဲ့ The Wolf of Wall Street တို့မှာပါဝင်သရုပ်ထားတဲ့ နာမည်ကြီးမင်းသား Matthew McConaughey ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။IMDb မှာလည်း 7.2 ရရှိထားတဲ့အပြင် Rotten Tomatoes မှာလည်း 75% ရထားတဲ့အတွက် တော်တော်လေးအဆင်ပြေတဲ့ Rating တွေလို့ပြောရမှာပါ။ဖန်တန်ဆိုတဲ့ထူးဆန်းတဲ့လူတယောက်က အက်ဖ်ဘီအိုင်အေးဂျင့်စီကိုလာပြီး သူတို့ရှာနေတဲ့ကွင်းဆက်လူသတ်သမားက သူ့အကိုဖြစ်ကြောင်းပြောပြခဲ့တယ်သူတို့ညီအကိုငယ်စဥ်ထဲကသူ့အဖေကနေဘုရားသခင်က သူတို့မိသားစုကိုနတ်ဆိုးတွေကို နှိမ်နင်းဖို့အထူးလျှို့ဝှက်တာဝန်ပေးထားတာဆိုပြီး လူတွေတယောက်ပြီးတယောက်ကိုသတ်ခဲ့တယ်တကယ်ပဲနတ်ဆိုးတွေကိုနှိမ်နင်းတာလား အမှုရဲ့တရားခံအစစ်ကရောဘယ်သူလဲဆိုတာမျိုးကို ဇာတ်လမ်းတခုလုံးအဖြေရှာသွားရမယ့် Mysteryအမျိုးအစားပီသတဲ့ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ် File size… 1.6 GB / 726 MB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by LaMin Khin
movie

Frailty (2001)

Aliens (1986) 8.4
Aliens (1986)   Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Aliens (1986)

1986
Thunderbirds (2004)
Thunderbirds (2004) “Thunderbirds (2004)”အနာဂါတ်မှာ ကမ္ဘာကြီးကို International Rescue လို့ခေါ်တဲ့အဖွဲ့ဟာ Thunderbirds လို့ခေါ်တဲ့ယာဥ်တွေကို စီးနင်းပြီး ကာကွယ် စောင့်ရှောက် လျက်ရှိပါတယ်။ ဘာပြဿနာပဲဖြစ်ဖြစ် InternationalRescue ဟာထိပ်ဆုံးကနေ ဖြေရှင်းပေးနေကျပါ။ International rescue အဖွဲ့က ထင်သလို JusticeLeague တို့ Avengers တို့လိုလူကြီး Super Heroes တွေ မဟုတ်ပဲနဲ့ Tracy  မိသားစု‌လေးပဲဖြစ်ပါတယ်။တနေ့ သူတို့ဟာ လူဆိုးအဖွဲ့ကြီး တခုနဲ့ ရင်ဆိုင်ရတဲ့အချိန် တမိသားစုလုံးအဖမ်းခံလိုက်ရတဲ့ အခါမှာ အခြားသူတွေနဲ့ ယှဥ်ရင်နောက်ကောက်ကျနေတဲ့ သားအငယ်ဆုံးဖြစ်သူAllan Tracy နဲ့သူ့သူငယ်ချင်းများက ဦးဆောင် ဖြေရှင်းဖို့ ဖြစ်လာတဲ့အခါမှာတော့ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကFamily Genre ဖြစ်တာကြောင့်မိသားစုနဲ့ ပျော်ပျော်ပါးပါး ကြည့်ဖို့ အရမ်းကောင်းတယ်လို့ပဲညွှန်းပါရစေခင်ဗျာ။ File size…    2.5 GB /  1.1 GB Quality… BluRay 1080p ...
movie

Thunderbirds (2004)

Million Dollar Arm (2014) 7.0
Million Dollar Arm (2014)  ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီအဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော ...
movie

Million Dollar Arm (2014)

Arnold & Sly: Rivals, Friends, Icons (2024) 7.3
Arnold & Sly: Rivals, Friends, Icons (2024) Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating - 7.3/10အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ ...
movie

Arnold & Sly: Rivals, Friends, Icons (2024)

2024
Club Dread (2004) 5.7
Club Dread (2004)  ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ"သုခဘုံကျွန်း"ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် "Pete Coconut" က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲတစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ်ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါလိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

Club Dread (2004)

The Terminator (1984) 8.1
The Terminator (1984) ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ...
movie

The Terminator (1984)

1984
Commando (1985)
Commando (1985) တောင်းဆိုနေကြတဲ့ အာနိုးကား တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်က Commando ဆိုတဲ့ဇာတ်ကားပါ။ သူရဲကောင်းဝါဒနဲ့ မင်းသားအသားပေးရိုက်ချက်တွေ ခေတ်စားတဲ့ကာလက ဇာတ်ကားဆိုတော့ မင်းသားက လေးလုံးပြူးလောင်ချာကြီးထမ်းပြီး လူအယောက် ၂၀ လောက် ဝိုင်းပစ်နေတဲ့ကြားကနေ ကားကားကြီးထရပ်ပြီး လမ်းလျှောက်နေတာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့အာဏာရူး သမ္မတရူးတစ်ယောက်က သမ္မတလုပ်ချင်တာနဲ့ပဲ အမေရိကန်ကို လာပါသတဲ့။ သူ့ရဲ့နိုင်ငံက ဇာတ်လမ်းထဲမှာပဲရှိတယ်။ ဘာတဲ့ ဗော်လ် ဗယ်ရ်ဒေး ဆိုလားပဲ။ အဲဒီနိုင်ငံက သမ္မတကို လုပ်ကြံဖို့ မင်းသားဆီ လာအပူကပ်တာပေါ့လေ။ သတ်ပေးပါနော် ကိုကို လို့ အပူကပ်တာမဟုတ်ဘူးနော်။ မင်းရဲ့ သမီးကို ငါတို့ဖမ်းထားတယ်။ သူ့ကို မသေစေချင်ရင် လက်ရှိသမ္မတကို လုပ်ကြံပြီး ငါ့ကို သမ္မတမြောက်ပေး ဘာညာပေါ့ဗျာ။ကျွန်တော်တို့ အာနိုးကြီးက ဂဂျိုးဂဂျောင်ကောင်မှ မဟုတ်ဘဲဗျာ။ သူ့သမီးကို ဖမ်းသွားတဲ့သူတွေ သေခြင်းဆိုးနဲ့သေအောင် လိုက်သတ်တာများ စူပါမန်းထက်မိုက်တယ်။ သိတဲ့အတိုင်းပဲ။ တုတ်ပြီးဓားပြီး သေနတ်ပြီးတဲ့ ကာနယ်ကြီး ...
movie

Commando (1985)

2 Guns (2013) 6.7
2 Guns (2013) 2 Guns (2013)~ IMDb - 6.7/10, Rotten Tomatoes - 64% ~2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ...
movie

2 Guns (2013)

2013
4K HEVC
Trespass (1992) 6.3
Trespass (1992)  ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာမီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်းသေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦးအဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲကသစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦးဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲလူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်းကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက်ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ရွှေထည်ပစ္စည်းတွေပါတဲ့ ...
movie

Trespass (1992)

True Lies(1994) 7.2
True Lies(1994) True Lies(1994)*************** Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် .......သမီးလေး Dana ရဲ့ ချစ်ဖေဖေ... ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး... ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ... အမှန်ကတော့.... Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ... Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ.. . ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်.. .ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်.. . ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးပေါ်လာပါတော့တယ်...  ပြသနာအားလုံးကို အာနိုးကြီးဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး File Size…(3.4GB)(1.7GB)&(409MB) Quality…BluRay ...
movie

True Lies(1994)

1994
Predator 2 (1990) 6.3
Predator 2 (1990) Predator 2(1990)IMDb Rating (6.3)ဒီဇာတ်ကားကတော့ ၁၉၈၇ မှာထွက်ရှိခဲ့တဲ့မင်းသားကြီးအာနိုးရဲ့ Predator ဇာတ်ကားရဲ့ Sequel ပါပဲ။ တခြားကမ္ဘာကဂြိုဟ်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းနဲ့ဗီလိန်ဖြစ်တဲ့ Predator ကိုသာကျောရိုးယူထားပြီး အဓိကဇာတ်ဆောင်တွေနဲ့ Storyline ပဲကွာသွားတာပါ။ဒီတစ်ခါမှာတော့ရဲအုပ်ကြီးဟယ်ရီဂန်နဲ့သူ့ရဲ့အဖွဲ့က ဒီအမျိုးအမည်မသိရပဲ လူအစုလိုက်သတ်ဖြတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ Predator ကိုကြိုးစားဖမ်းဆီးကြပုံတွေကို ထုံးစံအတိုင်းအက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုရမှာပါ။ အက်ရှင်အသားပေးသိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာကြောင့်ရှည်ရှည်ဝေးဝေးညွှန်းစရာရယ်တော့သိပ်မရှိလှပါဘူး။ ထူးခြားချက်ကတော့ သူ့ခေတ်သူ့အခါနဲ့အထူးပြုလုပ်ချက်တွေကတကယ်ကိုချီးကျူးစရာပါ။အခုအချိန်မှာတော့ ဒီ Predator franchise ထဲကဇာတ်ကားခုနစ်ကားထိထွက်ရှိထားပြီဖြစ်ပြီး နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Prey ဟာဆိုရင်ဒီနှစ်ထဲမှာပဲလောလောလတ်လတ်ထွက်ရှိထားတာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/  ကြည့်ပါ။File size…(2.8 GB)/(1.2 GB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

Predator 2 (1990)

1080p HEVC
Haywire(2011) 7.0
Haywire(2011) Haywire(2011)အညွှန်း******************ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲကမင်းသမီးချောလေး Gina Carano ပါဗျာ...တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက်သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီးသူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်..File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Haywire(2011)

Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie

Titanic (1997)

1997
4K HEVC
Nightcrawler (2014) 7.9
Nightcrawler (2014) IMDb Rating (7.8) / Rotten Tomatoes (95%)အကြံအဖန်လုပ်တတ်တဲ့သူခိုး... အဲဒီလိုပြောလို့ ဒီ Nightcrawler ကို သူခိုးကားလို့မထင်ပါနဲ့။ ဒီကားဟာ တကယ်တော့ သတင်းထောက်ကားလို့တောင်ပြောလို့ရတယ်။ မင်းသားက Jake Gyllenhaal ဆိုတော့ သရုပ်ဆောင် လန်ထွက်ချက်က ၂ချက်​လောက် နားရင်းအုပ်ချင်လာမှာပါ...ဇာတ်လမ်းကတော့ မင်းသားက အလုပ်မရှိတဲ့ သူခိုးဂျပိုးပါ။ ဒါပေမယ့် ပညာတတ်သူခိုး​ပေါ့ လူပေါ်လူဇော်လုပ်တတ်တယ်။ အဲဒါနဲ့ တစ်ရက်ကျ အနေအစားချောင်ပြီး မျိုးမျိုးမြက်မြက်ရတဲ့ အလုပ်တစ်ခုကို သူတွေ့သွားတယ်။ အဲဒါက သတင်းရောင်းစားတဲ့အလုပ်... သတင်းရောင်းစားတယ်ဆိုလို့လည်း အထင်မကြီးပါနဲ့။ ကူလီကူမာ မျိုးစုံလုပ်ပြီး သတင်းတွေကို လီဆယ်ပြီး နေရာချ၊ တစ်ကိုယ်ကောင်းဆန်ပြီး အထာမထားတဲ့သူ။ သူ့အနေနဲ့ ပညာရေးအရ အတန်းပညာမတတ်ပေမယ့် လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ၊ ဘယ်အချိန်မှာ ကလိမ်ကကျစ်ကျရမလဲဆိုတာ မွေးရာပါတတ်နေသလိုမျိုး...မင်းသား Jake Gyllenhaal ကလည်း ဒီလိုမျိုး အကျင့်ယုတ်၊ ကလိမ်ကျတဲ့ ...
movie

Nightcrawler (2014)

2014