Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bill Clinton
8.1
Super/Man: The Christopher Reeve Story (2024)
ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေသွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေးသွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေကဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ...
movie
Super/Man: The Christopher Reeve Story (2024)
4K HEVC
7.5
Contact (1997)
Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie
Contact (1997)
6.8
Poisoned: The Dirty Truth About Your Food (2024)
ဒီတစ်ခါတော့ IMDB 6.8 ရထားပြီး RT 100% တောင် ရထားတဲ့ Netflix ရဲ့Documentary ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးကိုတော့ စာရေးစရာ Jeff Benedict ရဲ့Poisoned: the deadly truth about E ဆိုတဲ့ စာအုပ်ကိုကျောရိုးယူပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကိုပညာရှင်တွေနဲ့အတူတူ မေးမြန်းရိုက်ကူးထားတဲ့ ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ US မှာ ဖြစ်ပျက်နေတဲ့အစားအသောက်က ဖြစ်တဲ့ ရောဂါတွေ၊ အဲဒီရောဂါတွေ ကူးစက်နိုင်မှန်းသိသိနဲ့ပိုက်ဆံတစ်မျက်နှာပဲ ကြည့်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့၊ သေသေချာချာမထိန်းချုပ်တဲ့အစိုးရရဲ့ ပျက်ကွက်မှုတွေစတဲ့ ရုပ်ဆိုးတဲ့ အမှန်တရားကို ကြည့်ရှုရမှာဖြစ်ပြီးအဲဒီလို အခက်အခဲတွေကို ဂရုမစိုက်ဘဲ ပြည်သူတွေဘက်က ရပ်တည်ပြီးတရားစွဲဆိုပေးခဲ့တဲ့ ရှေ့နေ ဘေလ်မာလာ နဲ့အတူ နစ်နာသူတွေဆေးပညာရှင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဖွင့်ဟပြောဆိုမှုတွေနဲ့ဒီပြသနာတွေကို ဖြေရှင်းဖို့ ကြိုးစားပုံတွေ အကြံပြုချက်တွေကိုမေးမြန်းမှတ်တမ်းတင်ထားတာကို ကြည့်ရမှာဖြစ်ပါတယ်။ File size… 1.5 GB ...
movie
Poisoned: The Dirty Truth About Your Food (2024)
2024
5.8
Wasp Network 2019
ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လိုစွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie
Wasp Network 2019