Channel Myanmar

Bilas Chandrahasan Nair

Kishkindha Kaandam (2024) 8.6
Kishkindha Kaandam (2024) Kishkindha Kaandam 2024 (သေနတ်တစ်လက်ပျောက်ဆုံးမှု၏နောက်ကွယ်)ရွေးကောက်ပွဲနီးလာတာကြောင့်နဲ့ ဆူပူမှုတွေမဖြစ်စေဖို့အတွက် လိုင်စင်လုပ်ထားတဲ့ သေနတ်တွေအကုန်လုံးကို ရဲဌာနကနေ ပြန်လည်အပ်ဖို့အတွက် အကြောင်းကြားစာတွေ ပို့ခဲ့ပါတယ်။ဒီလိုနဲ့ သေနတ်အပ်ဖို့ နောက်ဆုံးနေ့ရောက်လာတာတောင် လူတစ်ယောက်ကတော့ သေနတ်ကို လာမအပ်ဘဲရှိနေတဲ့အတွက် ရဲစခန်းကနေ ဖုန်းဆက်ပြီးတော့ အကျိုးအကြောင်းမေးတော့တာပေါ့။အဲဒီလူကတော့ အပူပါလိုင်ပဲဖြစ်ပါတယ်။ သူဟာ စစ်တပ်ကနေ အငြိမ်းစားယူထားတာဖြစ်ပြီးတော့ သားဖြစ်သူကတော့ သစ်တောရေးဌာနမှာ အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။သူတို့နေထိုင်နေတဲ့နေရာကတော့ မျောက်အမျိုးပေါင်း သောင်းခြောက်ထောင်ရှိတဲ့ သစ်တောကြိုးဝိုင်းအနားမှာနေတာပဲဖြစ်ပါတယ်။ အဲဒီတောထဲက မျောက်တွေဟာ ခြေဆော့လက်ဆော့နဲ့ လူတွေရဲ့ပစ္စည်းတွေကို လာလာခိုးပြီး သစ်ပင်တွေမှာ ချိတ်ထားတတ်တဲ့အကျင့်ကလည်း ရှိနေပြန်ပါသေးတယ်။သေနတ်မအပ်လို့ ဆက်သွယ်တဲ့အချိန်ကျမှ အပူပါလိုင်ဟာ သေနတ်ပျောက်နေတာဖြစ်ကြောင်းကို ရဲဌာနက သိလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အဲဒီနေ့ဟာ အပူပါလိုင်ရဲ့သားဖြစ်သူ မင်္ဂလာပွဲလေးကို အကျဉ်းရုံးဆောင်ရွက်တဲ့နေ့ဖြစ်နေပါတယ်။ ဇနီးအသစ်စက်စက်လေးကိုလည်း စိတ်အဆင်မပြေမဖြစ်စေရဖို့က တစ်ကြောင်း၊အဖေဖြစ်သူအတွက် သေနတ်ပျောက်လို့ ရှင်းပေးရမယ့် ပြဿနာတွေက တစ်ကြောင်းနဲ့ သားဖြစ်သူခမျာ ဗျာများလို့နေပါတော့တယ်။ဒီလိုနဲ့ ပျောက်ဆုံးနေတဲ့ သေနတ်ဟာ သစ်တောကြိုးဝိုင်းထဲက မျောက်တွေလက်ဆော့လို့ပဲ ပါသွားတာလား ...... ဒါမှမဟုတ် မသမာသူတွေရဲ့ လက်ထဲကိုပဲ ပါသွားလား ....... သားဖြစ်သူနဲ့ ဇနီးအသစ်စက်စက်လေးတို့ အဖေဖြစ်သူရဲ့ သေနတ်ပျောက်တဲ့ကိစ္စအတွက် ဘယ်လိုတွေ ဆက်ပြီးစုံစမ်းသွားမလဲ .... ဆိုတာတွေကို ကြည့်ရှုရမယ့် ...
movie

Kishkindha Kaandam (2024)

Thalavan (2024) 7.4
Thalavan (2024) Thalavan (2024) "ခေါင်းဆောင်" IMDb - 7.4/10အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ သဘောတွေ့စေမဲ့ မလေယာလမ်းမှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မလေယာလမ်းမင်းသားတွေဖြစ်တဲ့ အာဆစ်ဖ်နဲ့ ဘီဂျူးတို့ အပြိုင်ကြဲထားတဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ကားကြီးပေါ့။ဇာတ်လမ်းအစ တီဗီချန်နယ်တစ်ခုမှာ အောင်မြင်တဲ့အပိုင်းတွဲအဖြစ်နဲ့ ထုတ်လွှင့်နေပြီး ဖြစ်ရပ်မှန်မှုခင်းတွေကို ပြန်ပြောပြနေတဲ့ အငြိမ်းစားရဲအရာရှိ အူဒယာဘဟာနူး။ သူ မပြောချင်တဲ့ အမှုတွဲတစ်ခုကို ချန်နယ်ကတာဝန်ရှိသူတစ်ယောက်တိုက်တွန်းချက်အရ ငါးပိုင်းမြောက်မှာ ထုတ်ပြောဖို့လုပ်ပါတယ်။ဒီအမှုတွဲမှာအဓိကပါဝင်နေတာက ရဲအရာရှိနှစ်ယောက်။ အထက်အောက်ရာထူးမတူညီကြတဲ့ ရဲအရာရှိနှစ်ယောက်ကြားက အားပြိုင်မှု။ သူတို့နှစ်ယောက် အဓိကပါဝင်ထားတဲ့အမှုမှာ ဇာတ်ကြောင်းပြောပြနေတဲ့ ရဲအရာရှိလည်းပါဝင်နေပြီး မထင်မှတ်စရာအလှည့်အပြောင်းတွေနဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားတွေ ပေါ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…  1.8 GB / 842 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Thalavan (2024)