Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bilal Hasna
6.1
Layla (2024)
Rotten tomatoes- 87%IMDB- 6.1/10လန်ဒန်မှာနေထိုင်တဲ့ အာရပ်လူမျိုး မွတ်စလင်ဘာသာဝင်drag queen တစ်ယောက်အနေနဲ့ လူမှုရေးနှိမ်ချဆက်ဆံမှုတွေ၊ ဝေဖန်မှုတွေကို အံကြိတ်ခံနေရတဲ့ လေလာ။သူမရဲ့ ကွန်းခိုရာကတော့ ဖဲသားစ်လို့ခေါ်တဲ့ ဂေးကလပ်လေးတစ်ခုပေါ့။ ဖဲသားစ်က မိတ်ဆွေတွေနဲ့အတူ သူမဟာ ဘဝကိုရုန်းကန်ဖြတ်သန်းရင်း တစ်နေ့မှာပဲ သူမဟာ ကုမ္ပဏီကြီးတစ်ခုကကျင်းပတဲ့ Pride ပွဲမှာ ဖျော်ဖြေဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီလုပ်ငန်းကြီးကလူတွေဟာ လိင်တူချစ်သူတွေရဲ့အခွင့်အရေးကို တကယ်ဂရုမစိုက်ဘဲ စီးပွားရေးအရလူမြင်ကောင်းအောင်သာ သူ့ကိုခေါ်လိုက်မှန်း၊ ဖျော်ဖြေရေးသမားအစစ်လို သူ့ကိုမသတ်မှတ်မှန်း လေလာမျက်မြင်ကိုယ်ကျ မြင်လိုက်ရတဲ့အခါ ပုန်ကန်မှုအသေးစားလေးနဲ့အတူ ပွဲထဲက ဒုန်းစိုင်းထွက်ခဲ့တော့တယ်။သူမ မသိလိုက်တာကတော့ သူမရဲ့ပုန်ကန်မှုမှာ ကြွေဆင်းသွားခဲ့တဲ့ မားကတ်တင်း အမှုဆောင်ဒါရိုက်တာတစ်ယောက်ရှိနေခဲ့တယ်ဆိုတာပဲ။ဒီလိုနဲ့ သူမဟာ ဂေးအချင်းချင်းဖြစ်ရင်တောင် drag queenတွေဆို အထင်သေးကြတဲ့ လူ့အသိုင်းအဝိုင်းထဲ အချစ်နဲ့စထိတွေ့မိတဲ့အချိန်မှာတော့...........။ File size… (1.22GB) / (628MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / ...
movie
Layla (2024)
6.6
The Lord of the Rings: The War of the Rohirrim (2024)
ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကိုထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီးမဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towersထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm's Deep ရဲတိုက်ကြီးရဲ့ သမိုင်းကိုအခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းကဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Returnof the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီးÉowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင်ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကိုပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ...
movie
The Lord of the Rings: The War of the Rohirrim (2024)
4K HEVC