Channel Myanmar
Bette Midler
Oliver & Company (1988) 6.6
Oliver & Company (1988) ဂန္ထဝင်စာရေးဆရာကြီး Charles Dickens ရဲ့အထင်ရှားဆုံး ပုံပြင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့Oliver Twist ကို မှီငြမ်းရိုက်ကူးထားတဲ့ ကာတွန်းဇာတ်ကား ကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကာတွန်းထဲမှာတော့ အိုလီဗာဟာ အိမ်ခြေမဲ့ကောင်လေးမဟုတ်တော့ဘဲအိမ်ခြေမဲ့ကြောင်ပေါက်လေးတစ်ကောင်အနေနဲ့ ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ခြေမဲ့ကြောင်ပေါက်စလေးဖြစ်သူ အိုလီဗာဟာနယူးယော့ခ်မြို့ရဲ့လမ်းမတွေပေါ်မှာ ခြေဦးတည့်ရာလျောက်သွားနေရင်းဒေါ့ဂျာဆိုတဲ့ခွေးကြီးနဲ့တွေ့မိတာကနေ အိမ်ခြေမဲ့ ခွေးလေးတွေစုနေတဲ့ အဖွဲ့ထဲရောက်သွားခဲ့ပါတယ်။သူတို့အဖွဲ့ကလည်း လူတွေဆီကပစ္စည်းခိုးကြရင်း စားသောက်ရှင်သန်ကြတာဖြစ်လို့ အိုလီဗာလည်းသူတို့နဲ့အတူ လူတွေဆီကပစ္စည်းလိုက်ခိုးရင်း တသက်မှ တခါကြုံရမဲ့စွန့်စားခန်းထွက်ရပုံကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။File size…    2.13 GB /  968 MB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 14m Genre ..... Comedy/Animation/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by TMMT
movie
Oliver & Company (1988)
Drowning Mona (2000)
Drowning Mona (2000) ဇာတ်လမ်းရဲ့အစမှာ မိုနာဒီယာလီဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကားမောင်းနေရာကနေ ဘရိတ်မမိပဲ မြစ်ထဲကို ပြုတ်ကျသွားပါတယ် ရဲအရာရှိတွေက သူမသေသွားပြီဆိုတာကို အတည်ပြုပြီးနောက်မှာ စုံစမ်းစစ်ဆေးရေးတွေစပါတော့တယ် ကားကိုစစ်ကြည့်လိုက်တော့ တစ်ယောက်ယောက်က ကားရဲ့ ဘရိတ်တွေကို တမင်ဖြုတ်ထားတာ ဘရိတ်ဆီဘူးတွေ ဖောက်ထားတာကို တွေ့ရတဲ့အခါမှာတော့ ရဲအရာရှိရဲ့ စိတ်ထဲမှာ သံသယတွေကြီးထွားလာပါတယ် ဘယ်သူကများ မိုနာဒီယာလီကို သတ်တာလဲ…ရဲအရာရှိဟာ မြို့လေးထဲက တစ်ယောက်ပြီးတစ်ယောက်ကို လိုက်မေးရင်း စုံစမ်းပါတော့တယ် ဒီဇာတ်ကားရဲ့ထူးခြားတဲ့အချက်က နောက်ကြောင်းပြန်ပြကွက်တွေကို ဖောဖောသီသီသုံးပြီး အရင်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းနဲ့ လက်ရှိအချိန်နဲ့ ချိတ်ဆက်ပြထားတာပါပဲ မိုနာသေသွားတဲ့အချိန်မှာ လူတွေက ဝမ်းနည်းရမယ့်အစား ပျော်နေကြလေရဲ့သူ့ယောကျာ်းဖီးလ်ကလည်း စားပွဲထိုးတစ်ယောက်ဖြစ်တဲ့ ရိုနာနဲ့ ဖောက်ပြန်နေတဲ့သူပေါ့ ဒါဆိုဖီးလ်က မိုနာကို အပြတ်ရှင်းလိုက်တာများလား ဒါမှမဟုတ် မိုနာရဲ့သား ဂျက်ဖ်ကပဲ သူ့အမေနဲ့ ခဏခဏရန်ဖြစ်နေတာဆိုတော့ စိတ်ကုန်ပြီး တစ်ခုခုလုပ်လိုက်တာလား ဒါမှမဟုတ်လည်း စားပွဲထိုးရိုနာကပဲ မယားကြီးဖြစ်တဲ့ မိုနာကို လက်စဖျောက်တာလား ဒါမှမဟုတ် ဘော်ဘီဆိုတဲ့ ...
movie
Drowning Mona (2000)
The Fabulous Four (2024)
The Fabulous Four (2024) လတ်တလောထွက်ရှိထားတဲ့ The Fabulous four ဆိုတဲ့ comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်း ကတော့ဝေးကွာနေတဲ့ငယ်သူငယ်ချင်း လေးယောက် ထဲက တစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ကျန်သုံးယောက်က သတို့သမီးအရံလုပ်ဖို့ ဖလော်ရီဒါ ကီးဝက်စ်မြို့လေးဆီ ရောက်လာခဲ့ကြပုံပါ။ တစ်ယောက် တစ်မျိုးစီ ကြောင်တောင်တောင် အမူအကျင့်တွေရယ် စိတ်မပြေနိုင်သေးတဲ့ အတိတ်က ရန်စတွေနဲ့ တစ်လွဲတစ်ချော် ဖြစ်ပုံတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ကြရမှာပါ။ပိတ်ရက်မှာစိတ်အပန်းဖြေစေနိုင်ပြီး ငယ်သူငယ်ချင်းတွေကိုပါသတိရသွားစေနိုင်တဲ့ comedy ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုသင့်ကြောင်းတိုက်တွန်းပေးလိုက်ပါတယ်။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:38:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie
The Fabulous Four (2024)
The Greatest Night in Pop (2024) 8.0
The Greatest Night in Pop (2024)  နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ "We are the world"သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေ မီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File ...
movie
The Greatest Night in Pop (2024)
Sitting in Bars with Cake (2023) 6.5
Sitting in Bars with Cake (2023) "အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း" ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့.... Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ်တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး "Cakebarring" ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့..... ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ "Cakebarring" ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား ...
movie
Sitting in Bars with Cake (2023)
Parental Guidance (2012) 6.0
Parental Guidance (2012)  အာတီဟာ အသက် ၄၅ နှစ်အရွယ် ဘေ့စ်ဘောအားကစားပွဲတွေရဲ့ နောက်ခံအသံတင်ဆက်သူတစ်ယောက်ပါ။ သူဟာ အလုပ်ကို ချစ်လို့လုပ်တဲ့လူစားမျိုးဖြစ်ပေမဲ့လည်း အာတီတစ်ယောက် Facebook လေးတောင်မသုံးတတ်လို့ဆိုပြီး အလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့သမီးဖြစ်သူက ကလေးတွေကိုထိန်းပေးဖို့ အကူအညီတောင်းတော့ အာတီတို့လင်မယားနှစ်ယောက် ကလေးတွေထိန်းပေးဖို့သွားပါတော့တယ်။ အမေရိကန်မိသားစုတွေဆိုပေမဲ့လည်း မတူညီတဲ့မျိုးဆက်တွေကြားထဲက မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ သွန်သင်ဆုံးမတဲ့ပုံစံတွေကလလည်း ကွာခြားနေတော့ အာတီတို့လင်မယားနှစ်ယောက် သူ့မြေး၃ကောင်နဲ့ ဘယ်လိုဘယ်ပုံစခန်းသွားကြမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ကအစ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြဖူးထားကြပြီး IMDb 6.0 ရရှိထားတဲ့ အမေရိကန် မိသားစုဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေကြည့်ရှုဖို့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mako
movie
Parental Guidance (2012)
What Women Want (2000) 6.4
What Women Want (2000) What Women Want (2000)~ IMDb - 6.4/10, Rotten Tomatoes - 54% ~ကမ္ဘာပေါ်က ပုရိသယောက်ျားတိုင်း အဖြေရှာနေဆဲ ဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။အဲဒါကတော့ " မင်းတို့မိန်းမတွေလိုချင်တာဘာလဲ " ဆိုတာပါပဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ဒီဇာတ်ကားထဲက နစ်ခ်မာရှယ်လ် ဆိုတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး တစ်ဖြစ်လဲ Mel Gibson ကြီးက သိသွားခဲ့ပါတယ်။ကြော်ငြာအမှုဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခ်မာရှယ်ဟာ ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာရပြီး ကြီးလာတော့လဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်လာပါတယ်။ ကြော်ငြာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာကြတဲ့အချိန်မှာ အမျိုးသမီးတွေကို ဦးတည်တဲ့ ကြော်ငြာတွေ ဖန်တီးဖို့အတွက် နစ်ခ် လိုချင်နေတဲ့ရာထူးနေရာမှာ ဒါစီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။အခဲမကျေဖြစ်နေတဲ့ နစ်ခ်တစ်ယောက် ညဘက် အလုပ်လုပ်ရင်းမှာ မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့အစွမ်း ...
movie
What Women Want (2000)
2000
The Stepford Wives (2004) 5.3
The Stepford Wives (2004) The Stepford Wives (2004)မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ ...
movie
The Stepford Wives (2004)
2004
Hocus Pocus 2 (2022) 6.5
Hocus Pocus 2 (2022) Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ဇာတ်လမ်းအညွှန်းမီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်.....ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ...
movie
Hocus Pocus 2 (2022)
Get Shorty (1995) 6.9
Get Shorty (1995) Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie
Get Shorty (1995)
Hocus Pocus (1993) 6.9
Hocus Pocus (1993) အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်ဇာတ်လမ်းအကျဉ်းဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျသူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။ တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။ အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့ ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့ သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ သူတို့တွေ ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့ဒါကတော့ ...
movie
Hocus Pocus (1993)
The Addams Family 2 (2021) 6.2
The Addams Family 2 (2021) The Addams Family 2 (2021)======================IMDb Rating - 6.2/10ဒီတစ်ခါတော့ Animation ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ The Addams Family ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီ Animation ဟာ အပိုင်း(၁)တုန်းကလည်း လူကြိုက်များခဲ့ပြီး . အခုထွက်ရှိတာကတော့ သူ့ရဲ့ အဆက် အပိုင်း(၂)ဖြစ်ပါတယ်။အရင်ကားမှာတုန်းက အက်ဒမ်မိသားစုရဲ့ ထူးဆန်းတဲ့ နေထိုင်ပုံ‌တွေ၊ ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်မှု‌‌တွေ၊ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကို ဟာသနှောပြီးတင်ဆက်ခဲ့သလိုမျိုးပဲ၊ ယခုနံပါတ် 2 မှာကတော့ မိသားစုအချင်းချင်း စည်းလုံးမှုပိုမိုရရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခရီးအတူတူထွက်ကြတဲ့အကြောင်းကို လွဲချော်မှုတွေ၊ ရယ်စရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။Addam Family Animation ဟာ ထူးဆန်းတဲ့ရေးဆွဲဟန်ကြောင့် Animation တွေထဲမှာ အမြင်တစ်မျိုးတစ်မျိုးဆန်းသစ်ပြီးHotel Transylvania လို Type မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါလိမ့်မယ်လို့လို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe ...
movie
The Addams Family 2 (2021)
2021
The Addams Family (2019) 5.8
movie
The Addams Family (2019)
2019
Cats & Dogs: The Revenge of Kitty Galore (2010) 5.6
Cats & Dogs: The Revenge of Kitty Galore (2010) Cats & Dogs: The Revenge of Kitty Galore (2010)==================================IMDb Rating - 5.3/10#Unicode“My name is Bond..James Bond” လို့ကြားလိုက်တာနဲ့ ဆန်းသစ်တဲ့နည်းပညာတွေကိုသုံးပြီးလူဆိုးတွေကို စုံစမ်းဖော်ထုတ်တဲ့ အထူးအေးဂျင့်ကြီးကိုပြေးမြင်ကြပါလိမ့်မယ်။ ဒီကားလေးကတော့James Bondလိုမျိုး နည်းပညာကို သုံးပြီး လူဆိုးကိုရှာဖွေဖော်ထုတ်တဲ့ ထောက်လှမ်းရေးကားလေးတစ်ကားပါပဲ။ အဲ James Bond နဲ့မတူတာက ဒီကားလေးထဲက အထူးအေးဂျင့်လေးတွေက ခွေးလေးကြောင်လေးတွေဖြစ်နေတာပါ။ ခွေးတွေကိုအပြတ်ရှင်းပြီး လူသားတွေကိုအုပ်ချုပ်ချင်နေတဲ့ ကြောင်ဆိုးမလေး ကစ်တီဂလိုရီကို ခွေးအေးဂျင့်တွေဖြစ်တဲ့ ဒစ်ဂ် ၊ ဘတ်ချ်၊ ကြောင်အေးဂျင့်မလေး ကတ်သရင်းတို့နဲ့ရူးကြောင်ကြောင်ခိုလေး ရှိန်းမက်စ်တို့ အတူပူးပေါင်းဖော်ထုတ်တားဆီးကြတဲ့ အိမ်မွေးတိရိစာ္ဆန်လေးတွေရဲ့စွန့်စားခန်းဇာတ်ကားလေးတစ်ကားပါ။ နောက်ပြီးတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ကားလေးဆိုတော့ ၂၀၁၀တုန်းကအကြောင်းလေးတွေကိုပြန်တွေးရင်း အေးအေးဆေးဆေးကြည့်လို့ကောင်းတာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyi“My name is Bond..James Bond” ...
movie
Cats & Dogs: The Revenge of Kitty Galore (2010)
2010