Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Beth Broderick
5.2
Timber Falls (2007)
ဒီ ဇာတ်ကားကတော့ horror/thriller ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။Mike နဲ့ Sheryl လို့ခေါ်တဲ့ စုံတွဲဟာ တနေ့မှာ မြို့ပြရဲ့ စိတ်ဖိစီးမှုတွေဆီကနေ လွတ်မြောက်ချင်တဲ့အတွက်Appalachian လို့ခေါ်တဲ့ အရမ်းလှပြီးတော့ တောတောင်ရေမြေပေါတဲ့ တောထဲကို ခရီးထွက်လာခဲ့ပါတယ်။ဒါပေမယ့် အကြံပေးချက်တွေကို နားမထောင်ပဲ မဟုတ်တဲ့ လမ်းကိုမှ ရွေးပြီး သွားမိတာကြောင့်အရမ်းကိုမှ ဘာသာရေးတင်းကြပ်တဲ့ လင်မယားနဲ့တိုးပြီးတော့ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ဒီလိုတွေ ဖြစ်လာတာနဲ့ အမျှ Mike နဲ့ Sheryl တို့ သူတို့အား သူတို့ကိုးပြီးတော့ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းက ဇာတ်လမ်းအစကနေ အဆုံးထိ ကြည့်ရှုသူကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဆိုလဲ မမှားပါဘူးခင်ဗျာ။ရင်တမမနဲ့ ဘာတွေဖြစ်လာမယ်မှန်းမသိတဲ့ ဇာတ်လမ်းမျိုးကို ကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့လုံးဝကို ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်လို့ပဲ ပြောပါရစေခင်ဗျာ။ File Size : 2.3 GB, 1.1 GB Quality : Blu-Ray 1080p / ...
movie
Timber Falls (2007)
6.2
Holiday Mismatch (2024)
2024 မှာ အသစ်ထွက်ရှိထားတဲ့ Christmas ဇာတ်ကားသစ်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Caroline Labreche ရိုက်ကူးပြီးသရုပ်ဆောင်များဖြစ်ကြတဲ့ Caroline Rhea, Beth Broderick,John McLaren, Maxine Denis တို့ ပါဝင်အားဖြည့်ထားကြပါတယ်။ပင်စင်ယူထားတာမကြာသေးတဲ့ စာရင်းကိုင်ဟောင်း Barbara ဟာမြို့ကုန်သည်ကြီးများအသင်းက ခရစ်စမတ်ကော်မတီမှာ volunteerလုပ်ဖို့အတွက် စာရင်းပေးခဲ့ပါတယ်။ စည်းစနစ်ကျလွန်းတဲ့Barbara ဟာ ကော်မတီအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Kath နဲ့ စရိုက်မတူညီမှုကြောင့် ပြဿနာတွေတက်ကြပါတယ်။ သူတို့မသိလိုက်ဘဲdating app ကနေတဆင့် သူတို့သားသမီးတွေကို မိတ်ဆတ်ပေးမိလိုက်တာကို သိသွားကြတဲ့အခါ သူတို့ကလေးတွေ စရိုက်မတူကြဘူးဆိုတဲ့အကြောင်းပြချက်နဲ့ Barbara နဲ့ Kath တို့နှစ်ယောက်ပေါင်းပြီး အကြံကုန်ထုတ်ကာ သူတို့အတွဲကို ခွဲကြဖို့ကြိုးစားပါတော့တယ်။ File size… (1.45GB) / (806MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Comedy ...
movie
Holiday Mismatch (2024)
5.5
The Merry Gentlemen (2024)
Comedy ၊ Holiday နဲ့ Romance ရုပ်ရှင် The Merry Gentlemenကတော့ ဝမ်းဗိုက်ကြွက်သားခြောက်ခုနဲ့အမိုက်စားမင်းသားတွေကိုတစ်ဝကြီးကြည့်ရမယ့်ခရစ္စမတ်ကားဖြစ်ပါတယ်။ဘရော့ဒ်ဝေးရဲ့ ဂျင်ဂဲလ်ဘဲစ်ဘဲလေးအကအဖွဲ့မှာ ၁၂ နှစ်ကြာအောင်အရွယ်ကောင်းကိုမြှပ်နှံထားခဲ့တဲ့အက်ရှ်လေတစ်ယောက်အသက်ကြီးလာပြီဆိုတဲ့အကြောင်းပြချက်နဲ့အထုတ်ခံလိုက်ရတဲ့အခါ တစ်ဘဝလုံးကြိုးစားခဲ့သမျှပြိုလဲသွားသလိုခံစားရပြီးမိဘတွေရှိတဲ့နယ်မြို့လေးကိုပြန်သွားခဲ့ပါတယ်။မိဘတွေပိုင်တဲ့အရက်ဘားဟာ တစ်ချိန်ကမြို့ရဲ့အထင်ကရနေရာဖြစ်ခဲ့ပေမယ့် ခေတ်ကာလပြောင်းလဲတာနဲ့အမျှ ခေတ်နောက်ကျကျန်ရစ်ပြီး အကြွေးတွေနဲ့ဆိုင်ပိတ်ရတော့မလိုဖြစ်နေခဲ့ပါတယ်။အက်ရှ်လေက ပညာရှင်အကသမားပီပီ အကဖျော်ဖြေပွဲတစ်ခုဖန်တီးပြီး ဆိုင်ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အက်ရှ်လေက လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့ သူ့ပတ်ဝန်းကျင်ကခန္ဓာကိုယ်တောင့်တင်းတဲ့ရုပ်ချောချောအမျိုးသားတွေကိုအသုံးချပါတော့တယ်။ ခရစ္စမတ်အမျိုးသားအဝတ်ချွတ်ဖျော်ဖြေပွဲအတွက်အက်ရှ်လေနဲ့အဆင်တစ်သိုက်ပြင်ဆင်ကြပုံကို ကြည့်ရှူကြရမှာဖြစ်ပါတယ်။ File size… (1.52GB) / (802MB ) Quality… NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Comedy , Musical , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
The Merry Gentlemen (2024)
5.3
One True Loves (2023)
One True Loves (2023)စစ်မှန်တဲ့အချစ်နဲ့ ဘဝမှာဘယ်နှစ်ကြိမ်ကြုံတွေ့နိုင်သလဲ။ အမ်မာဘလဲရ်ဆိုတဲ့မိန်းကလေးအတွက်တော့ ကံကြမ္မာက နှစ်ကြိမ်တောင်ယူဆောင်လာပေးခဲ့တယ်။ ဘဝမှာဒုတိယအကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ထာဝရဆုံးရှူံးလိုက်ရပြီထင်တဲ့သူကပြန်ရောက်လာတဲ့အခါ....main castတွေအကုန် သရုပ်ဆောင်အဆင်ပြေကြပြီး ဇာတ်ဝင်တေးတွေလည်းသူ့နေရာနဲ့သူအံဝင်ခွင်ကျထည့်ထားပြီး ကြည့်ရတာcringeမဖြစ်ဘဲအဆင်ပြေတယ်လို့ထင်ပါတယ်။ Hacksaw Ridge, Interceptorတို့မှာsupporting rolesတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Luke Braceyနဲ့ Shang-Chi and the Legend of the Ten RingsထဲကShang-Chiနေရာမှာသရုပ်ဆောင်ခဲ့တဲ့Simu Liuတို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းအမ်မာက သူ့ဘဝရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကိုရခဲ့တယ်။ documentaryတွေရိုက်ရတာသဘောကျတဲ့ဂျက်စီရယ် ခရီးသွားဘလော့ဂ်တွေရေးရတာနှစ်သက်တဲ့ အမ်မာရယ် စိတ်တူကိုယ်တူဝါသနာတူစုံတွဲလေးဖြစ်ခဲ့တယ်။ဆမ်လီကတော့ အမ်မာရဲ့ကျောင်းနေဖက်အခင်ဆုံးသူငယ်ချင်း အမ်မာကိုအရင်တွေ့ပြီး အရင်စကြိုက်ခဲ့တဲ့သူပေမယ့် ဖွင့်မပြောဖြစ်ခဲ့ဘဲ တစ်ဖက်သတ်အချစ်နဲ့အဆုံးသတ်သွားခဲ့တယ်။ ဒါပေမဲ့ကံကြမ္မာက ဆမ်နဲ့အမ်မာကိုပြန်ဆုံစေခဲ့တယ်။ အမ်မာလည်း ဂျက်စီမရှိတော့တာ ၃ နှစ်အကြာမှာတော့အမှန်တရားကိုလက်ခံလိုက်ပြီး နောက်တစ်ကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တယ်။တကယ်တော့ဂျက်စီကမသေခဲ့ဘဲ လူသူမရှိတဲ့ကျွန်းတစ်ကျွန်းမှာသောင်တင်နေခဲ့တာပါ။(မင်းသားကြီးTom Hanks)ရဲ့Castawayကိုတောင်သတိရသွား)အမ်မာကိုပြန်တွေ့ရဖို့မျှော်လင့်ချက်နဲ့ လေးနှစ်လုံးကျွန်းပေါ်မှာမသေအောင်နေခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ဇနီးမှာ နောက်ထပ်စေ့စပ်ထားတဲ့သူရှိနေခဲ့ပြီ။ဒါတွေသာဖြစ်မလာခဲ့ရင် ဂျက်စီလည်းအမ်မာနဲ့ထာဝရပျော်ရွှင်သွားရမှာ။ ဆမ်လီကလည်းကြိုးစားခွင့် မျှော်လင့်ခွင့်ရှိတယ်။ ဒီဆုံးဖြတ်ရခက်တဲ့အခြေအနေကို အမ်မာဘယ်လိုဖြေရှင်းမလဲ။ ပရိသတ်ကြီးသာဆိုရင်ရော ဘယ်သူ့ကိုရွေးချယ်မလဲ....(ဘာသာပြန်ပြီး ...
movie
One True Loves (2023)
6.1
Fools Rush In (1997)
Fools Rush In (1997)ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။အို... အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။မင်းသားကြီးကတော့ Matthew Perry ပါ။ ...
movie
Fools Rush In (1997)
1997
6.5
Psycho Beach Party (2000)
Psycho Beach Party (2000) ======================၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ်အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီးရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့တစ်ဦးတစ်ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့်Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံးရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီတစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေလူကြီးစိတ်၀င်လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီးသူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီးသူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personalitydisorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်းဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက်ဖြစ်လာတဲ့အခါမှာ ...
movie
Psycho Beach Party (2000)