Channel Myanmar

Besant Ravi

Sumo (2025) 4.2
Sumo (2025) Sumo (2025) "ဆူမို"မဆလာပရိသတ်တို့အတွက် ဟာသမင်းသား ယိုဂီဘာဘူ ပါဝင်ထားတဲ့ တမီးလ် အားကစား/ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ရေလွှာလျှောစီးကလပ်မှာ အလုပ်လုပ်တာဖြစ်ပြီး ရည်းစားကောင်မလေးနဲ့လက်ထပ်ကာ နိုင်ငံခြားအတူသွားနိုင်ဖို့ ရည်ရွယ်ထားတဲ့သူတစ်နေ့မှာတော့ ရေထဲမျောလာတဲ့ ဂျပန်လူမျိုး ဆူမိုနပန်းသမားကို ကယ်ခဲ့တဲ့အချိန်ကစလို့ သူတို့နှစ်ယောက် သူငယ်ချင်းတွေလို ခွဲမရအောင် တပူးပူးတွဲတွဲဖြစ်သွားပါတော့တယ်ဆူမိုနပန်းသမားဟာ စကားလည်းမပြောတတ်၊ အသိဉာဏ်ကလည်း တစ်နှစ်သားလောက်ရှိတာမို့ သူ့ကို အသုံးချချင်သူတွေရဲ့ ရန်ကလည်း ကာကွယ်ပေးရပါတယ်ဒီလူဝကြီးတစ်ယောက် အတိတ်မှာ ဘာတွေဖြစ်ခဲ့လို့လဲ၊ ဘယ်လိုလုပ် အိန္ဒိယကိုရောက်လာတာလဲ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.5 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sumo (2025)

Pokkiri (2017) 7.6
Pokkiri (2017) Pokkiri 2007 (လူမိုက်လေးရဲ့ ချစ်ပုံပြင်) IMDb - 7.6/10ယခုတစ်ခါမှာတော့ ဗီဂျေးမင်းသားရဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒါ့အပြင် ဇာတ်လိုက်တွေထဲမှာလည်း နာမည်ကြီးတွေပါတဲ့အတွက် အဟောင်းထဲက အကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ချန်နိုင်းမြို့မှာ ဂိုဏ်းတွေကြီးစိုးနေပြီးတော့ အဲဒီထဲမှာမှ နာရာဆင်မဟန်နဲ့ အာလီဘိုင်တို့ရဲ့ ဂိုဏ်းကတော့ အမြဲတမ်း ရန်ပွဲတွေရှိပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါတော့တယ်။ဒီအချိန်မှာ ချန်နိုင်းကို အရာရှိအသစ်ပြောင်းလာခဲ့ပြီးတော့ နာမည်ကတော့ မိုဟာမတ် မိုင်ဒီခန်းလို့ခေါ်ပါတယ်။သူဟာ ပြောင်းရွှေ့လာပြီးပြီးချင်းမှာ ပထမဆုံးယူရတဲ့ တာဝန်ကတော့ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေကို ဖြိုခွင်းဖို့ပါပဲ။လုပ်ရပ်နဲ့သက်သေပြတယ်လို့ပဲ ပြောရမလား၊ တာဝန်ထမ်းဆောင်ချိန် ၄၈နာရီအတွင်းမှာပဲ လူမိုက် ၃၀၀ကျော်ကို ဖမ်းပြီးတော့ လူမိုက်၈ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်။ဒီလိုအချိန်မှာပဲ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးတစ်ယောက်လည်း ချန်နိုင်းမှာရှိနေပါတယ်။ သူဟာ ချစ်မိသွားပြီဆိုတဲ့ ဒုက္ခတွေ့ပြီမှတ်လို့ ယုံကြည်ထားခဲ့ပေမယ့် ရှရူသီလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ဒါပေမဲ့လည်း လူမိုက်လေးချစ်မိသွားတဲ့ ကောင်မလေးဟာ အကြမ်းဖက်တဲ့ကိစ္စကို အရမ်းကို မုန်းတီးတဲ့သူဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးနဲ့ အကြမ်းဖက်မှုတွေဆိုရင် မုန်းတီးတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို အတားအဆီးတွေကို ဖြတ်ကျော်ရမလဲ...... ချန်နိုင်းမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေနဲ့ရော လူမိုက်လေးနဲ့ ဘယ်လိုတွေ ဆက်စပ်ပြီးတော့ ...
movie

Pokkiri (2017)

Andhagan (2024) 7.7
Andhagan (2024) Andhagan (2024) "မျက်မမြင်စန္ဒယားဆရာ" IMDb - 7.9/10ဇာတ်လမ်းကောင်းကြိုက်သူတွေအတွက် ဇာတ်လမ်းကောင်းအဟောင်းတစ်ခုကို ပြန်လည်ဖန်တီးထားတဲ့ တမီးလ်ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။တဘူးနဲ့ အာရွတ်ရှ်မန်းကူရာနာတို့ရဲ့ နာမည်ကျော်ဘောလိ၀ုဒ်ရုပ်ရှင် Andhadhun (2018)ကို ပြန်လည်ဖန်တီးထားခြင်းပါ။တူညီတဲ့ဇာတ်လမ်းကို မတူညီတဲ့ဇာတ်ကောင်တွေနဲ့ အရသာတစ်မျိုးခံစားကြည့်ကြတာပေါ့။ရည်ရွယ်ချက်တစ်ခုကြောင့် အမြင်အာရုံကွယ်ချင်ယောင်ဆောင်နေတဲ့ စန္ဒယားဆရာတစ်ယောက်။ စိတ်သဘောထားကောင်းလှတဲ့ မိန်းမလှလေးတစ်ယောက်ကြောင့် ဘ၀ကြီးကသာယာစိုပြေနေပေမဲ့ ရုပ်ရှင်မင်းသားကြီးတစ်ယောက်က မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဇနီးဖြစ်သူကို စပရိုက်စ်လုပ်ချင်မှုမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့ စုံလုံးကန်းရတဲ့အဖြစ်မျိုးနဲ့ ဒုက္ခလှလှတွေ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.3 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Andhagan (2024)

The Legend(2022) 5.0
The Legend(2022) The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB  / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie

The Legend(2022)

2022