Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bernard White
Captain America: The Winter Soldier (2014)
Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ...
movie
Captain America: The Winter Soldier (2014)
4K HEVC
Pay It Forward (2000)
Pay It Forward (2010) *********************ဒီကားလေးဟာ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမယ်မထင်ဘူးဗျ...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်...ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ....ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို...သူမကိုယ်တိုင်ညွှန်းပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က A.I. Artificial Intelligence ဇာတ်ကားထဲမှာ...ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး...ကျွန်တော်တို့နှလုံးသားတွေကို...ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ။ဇာတ်လမ်းအကျဉ်း --------------အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ...ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ...သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ဘာဖြစ်မလဲ...ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ...ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ...ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ...ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ..ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်.....File Size : 2.54GB / 953MB Quality : WEB-DL ...
movie
Pay It Forward (2000)
Raising Helen (2004)
၂၀၀၀ ခုနှစ်ကျော်ကာလတွေမှာ ခေတ်စားခဲ့တဲ့ အမေရိကန်ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Family/Drama နဲ့ Comedy အမျိုးအစားရုပ်ရှင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Helen Harris က နာမည်ကြီး ဖက်ရှင်အေဂျင်စီတစ်ခုမှာ အလုပ်လုပ်တဲ့ ခေတ်ဆန်ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အစ်မအကြီးဆုံး Lindsay တို့ဇနီးမောင်နှံ ကားမှောက်ပြီး ကွယ်လွန်သွားကြပါတယ်။Lindsay က သေတမ်းစာမှာ သူ့ရဲ့သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်အဖြစ် အတွေ့အကြုံရှိပြီးသား Jenny လက်ထဲမအပ်ခဲ့ဘဲ ထူးဆန်းစွာနဲ့ ညီမအငယ်ဆုံး Helen လက်ထဲအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်တစ်ဦးဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေးသုံးဦးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ဟာသရုပ်ရှင်ဆိုပေမဲ့ မိသားစု၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့ထားတဲ့ လေးနက်ကြည်နူးဖွယ် Drama အငွေ့အသက်များလည်း ပါဝင်ပါတယ်။ Lindsay ...
movie
Raising Helen (2004)
Alvin and the Chipmunks: The Squeakquel (2009)
ဒီဇာတ်ကားက Alvinတို့ ရှဉ့်လေးသုံးကောင်ရဲ့ ဒုတိယမြောက်ဇာတ်ကား ဖြစ်ပါတယ်။ ဒေ့ဗ်နဲ့တူတူ နယ်လှည့်ဖျော်ဖြေပွဲတွေလုပ်နေရင်းထုံးစံအတိုင်း အယ်ဗင်ကြောင့်ပဲ ဒေ့ဗ်တစ်ယောက်မတော်တဆဖြစ်ပြီး ဆေးရုံရက်ရှည် တက်လိုက်ရတာကြောင့်အယ်ဗင်တို့သုံးကောင် ဒေ့ဗ်ရဲ့အဒေါ်အိမ်မှာသွားနေဖို့ ဖြစ်လာပါတယ်။ဖြစ်ချင်တော့ အဲဒီအိမ်မှာ ဒေ့ဗ်ရဲ့တူတော်မောင်လည်းရှိနေပြီး သူ့ကြောင့်ပဲ အဲဒီအဒေါ်ပါ ဆေးရုံတက်လိုက်ရချိန်မှာအယ်ဗင်တို့ဟာ ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူနေဖို့ ဖြစ်လာပါတယ်။ဒေ့ဗ်တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံးကောင်ကို တူဖြစ်သူကလည်းထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံးကောင်ကို ကျောင်းတက်ဖို့ဆိုပြီးအထက်တန်းကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။ကျောင်းမှာလည်း ပြဿနာတွေ ရှာခဲ့တာကြောင့် အယ်ဗင်တို့သုံးကောင်သား ကျောင်းနားမလား၊ ကျောင်းဂီတဌာန ရန်ပုံငွေရဖို့ ကျောင်းပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ပေးမလားဆိုပြီးအပေးအယူ လုပ်ရတဲ့ အခြေအနေတွေ ရောက်ကုန်ပါတယ်။တစ်ဖက်မှာလည်း အယ်ဗင်တို့ကြောင့် မွဲသွားတဲ့ producerကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်စားချေဖို့အတွက်စောင့်နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မလေးသုံးကောင်က သူ့ဆီရောက်လာခဲ့ပါတယ်။သူတို့အဖွဲ့ကိုတော့ချစ်ပက်တ်လို့ ခေါ်ပါတယ်။Producerကြီး အီယန်က အဲဒီရှဉ့်မလေးတွေကိုအသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကိုအနိုင်ရဖို့ ကြံဖန်ပါတော့တယ်။သူကပဲ ပြန်လက်စားချေသွားနိုင်မလား၊အယ်ဗင်တို့ကပဲ အကြွေးထပ်ယူသွားမလားဆိုတာကြည့်ရှုရမှာပါ။ File size… 2.6 ...
movie
Alvin and the Chipmunks: The Squeakquel (2009)
2009
7.1
It’s Kind of a Funny Story (2010)
2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie
It’s Kind of a Funny Story (2010)
5.9
Quarantine (2008)
Horrorရုပ်ရှင်ရိုက်တဲ့နေရာမှာ နာမည်ကြီးဖြစ်တဲ့ ဒါရိုက်တာ John Eric Dowdle ရဲ့ 2008ခုနစ်က ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ တီဗီသတင်းတင်ဆက်သူနဲ့ သူမရဲ့ကင်မရာမန်းက မီးသတ်ဌာနမှာ လေ့လာရေးအစီအစဉ်သွားရိုက်ရင်း ထူးဆန်းတဲ့ဗိုင်းရပ်စ် ပျံ့နေတဲ့ အဆောက်အအုံထဲ ပိတ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(1.8 GB)/(958 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nang Aye Myat Phoo
movie
Quarantine (2008)
5.5
The Scorpion King (2002)
The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie
The Scorpion King (2002)
2002
5.4
Keeping Company (2021)
Keeping Company (2021) ~ IMDb - 5.6/10, Rotten Tomatoes - 80% ~ဦးဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေကြိုက်ကြတဲ့ ဟာသကားကောင်းတစ်ကားပေမဲ့ B အဆင့်ရုပ်ရှင်ပါ။ ဟာသကားကို သူတို့ဘာလို့ကြိုက်ကြလဲဆိုရင်တော့ ရယ်ရလို့ပေါ့ဗျာ။ သူ့တားဂတ်က ဒါပဲကိုး။ ဒါကြောင့်မို့ တခြားစီနီမာတွေ သရုပ်ဆောင်ကောင်းတွေ ဘာဘာညာညာ အလန်းဇယားတွေတော့ မမျှော်လင့်စေချင်ဘူး။ နည်းနည်းပါးပါး ရယ်ချင်ရင်တော့ ကြည့်လိုက်သင့်တဲ့ကားမျိုးပါပဲ။ ဝေဖန်ရေးသမားတွေတောင် ရိတ်တင် ၈၀ရာခိုင်နှုန်းပေးထားတယ်ဆိုတော့ အတော်မဆိုးတဲ့ အခြေအနေမှာရှိတဲ့ကားမျိုး၊ ပြောရရင် Sitcom ကြည့်နေသလို သဘောတရားမျိုးပေါ့၊ ဒါပါပဲ။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေး၊ အာမခံရောင်းတဲ့နှစ်ကောင် လူသတ်သမားအိမ် တံခါး သွားခေါက်တယ်။ သူတို့ကတော့ မသိပေမဲ့ အဲ့အိမ်က လူသတ်သမားက သတ်ရုံတင်မဟုတ် ချက်ပါစားတာဆိုတော့ အသတ်မခံရရုံတင်မဟုတ် ချက်ပါစားမခံရအောင် ပတ်ပြေးရတယ်ပေါ့။ဟာသကားပေမဲ့ သူက Crime, Horror ဆိုတဲ့ Genre တွေလည်း ...
movie
Keeping Company (2021)
2021
5.2
Paulie Go! (2022)
Paulie Go (2022) ပေါ်လီ လို့ ခေါ်တဲ့ လူငယ်လေး က ငယ်ငယ်လေး ထဲ က အပေါင်းအသင်း မရှိတဲ့ အပယ်ခံလေး တယောက်ပါ ဒါပေမဲ့ သူ က သိပ္ပံ ဝါသနာအိုးလေး ဖြစ်တာကြောင့် ငယ်ငယ် ထဲ AI ဉာဏ်ရည်တု နည်းပညာ နဲ့ ကွန်ပျူတာ သိပ္ပံကို အပြင်းအထန် လေ့လာ ခဲ့ပါတယ်သို့သော် လည်း သူ သိပ် တွဲ အလုပ်လုပ်ချင်တဲ့ ကမ္ဘာကျော် သိပ္ပံ ပါမောက္ခကြီး ဆီ က ငြင်းခံလိုက်ရချိန်မှာတော့ တယောက်တည်း အိမ်က မသိအောင် ပါမောက္ခကြီးကို လိုက်ရှာဖို့ မစ်နီဆိုးတားကို လူရှာပုံတော် ထွက်လာခဲ့ပါတယ် မစ်နီဆိုးတား ရောက်တော့ ရွယ်တူ အေဗရီ ဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေး နဲ့ တွေ့ပြီး ဘာတွေ အပေးအယူလုပ်လဲ ပေါ်လီ နဲ့ အေဗရီ ...
movie
Paulie Go! (2022)
6.8
The Matrix Revolutions (2003)
Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie
The Matrix Revolutions (2003)
2003
4K HEVC
7.2
The Matrix Reloaded (2003)
Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie
The Matrix Reloaded (2003)
2003
4K HEVC