Channel Myanmar

Benoît Magimel

Saint-Exupéry (aka) Saint-Ex (2024) 5.4
Saint-Exupéry (aka) Saint-Ex (2024) Saint-Exupéry (aka) Saint-Ex (2024)ကိုယ်ချစ်ရတဲ့သူတစ်ယောက်က သေသလားရှင်သလားမသိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်သင်က ဘယ်လိုရွေးချယ်မှုမျိုးပြုလုပ်မလဲ...? ရှာဖွေမလား သေသွားပြီလို့ သဘောထားလိုက်မှာလား...။ဒီကားလေးမှာဆိုရင်တော့ ဟင်နရီ ဂွေလာမတ်လို့ခေါ်တဲ့ အတော်ဆုံး လေယာဉ်မှူးတစ်ယောက်ဟာအန်ဒိစ်တောင်တန်းတွေထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအတွက် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ အန်တိုနီ ဒီ ဆန့်အိတ်စ်က ဘာတွေဆက်လုပ်မလဲ...ပျောက်ဆုံးနေတဲ့ဂွေလာမတ်ကိုရော ရှာတွေ့နိုင်သွားလာဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.3 GB / 600 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by N
movie

Saint-Exupéry (aka) Saint-Ex (2024)

Rosalie (2023) 7.0
Rosalie (2023)  အမျိုးသမီးတစ်ယောက်ကို မုတ်ဆိတ်မွှေးကြီးတွေနဲ့လို့မြင်ယောင်ကြည့်လိုက်ရင် တော်တော်ကြည့်ရဆိုးပြီး တစ်မျိုးကြီးဖြစ်နေမှာတော့အမှန်ပါပဲ။အဲ့ဒါဆိုရင် အဲ့လိုအသွင်အပြင်မျိုးတကယ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကိုရောမြင်ယောင်ကြည့်လိုက်ပါ။မယုံနိုင်လောက်အောင်ဆိုးဝါးတဲ့ ဝေဖန်ခြင်းတွေ ပြစ်တင်ရှံ့ချခြင်းတွေကိုခံရပြီး ခေါင်းတောင်မဖော်နိုင်လောက်အောင်ရှက်နေရမှာအတိအကျပါပဲ။ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေဘာပြောပြော ဘာလုပ်လုပ်အသွင်အပြင်ကအရေးမကြီးပဲစိတ်ထားလှလှထားပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားနိုင်ဖို့ပညာပေးထားတဲ့ IMDb Rating 6.8 အထိရရှိထားတဲ့ Rosalie ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ရိုစလီဆိုတဲ့ကောင်မလေးကအလွန်တရာမှချောမောလှပပေမဲ့ သူ့မှာမွေးရာပါခန္ဓာကိုယ်အမွေးအမျှင်များတဲ့ ပြဿနာတစ်ခုရှိနေတာကတော့ဝမ်းနည်းစရာကောင်းလှပါတယ်။အဲ့ဒီအကြောင်းကို အဖေဖြစ်သူက ဘယ်သူမှမသိအောင်လျှို့ဝှက်ထားခဲ့ပေမဲ့လည်းအရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုဖို့မဖြစ်မနေလိုအပ်လာပါတော့တယ်။ဒါပေမယ့်သူ့အခြေအနေကြောင့်ရှေ့မှာတွေ့ခဲ့တဲ့ အိမ်ထောင်ဖက်တွေတစ်ယောက်မှ သူ့ကိုလက်မခံခဲ့ကြပေမဲ့ အဖေဖြစ်သူကလက်မလျှော့ပဲ အက်ဘယ်ဆိုတဲ့ကဖီးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ သမီးဖြစ်သူကိုပေးတွေ့ခဲ့ပါတော့တယ်။ဒါပေမယ့်သမီးဖြစ်သူရဲ့အခြေအနေကို မပြောပြဘဲ လိမ်လည်ထားခဲ့ပြီး အက်ဘယ့်လက်ထဲမှာ ရိုစလီ့ကိုအပ်ထားခဲ့ပါတော့တယ်။လင်မယားနှစ်ယောက်ကြားမှာ ဒီလိုကိစ္စမျိုးဆိုတာဖုံးဖိထားလို့မရတဲ့အတွက် သိပ်မကြာခင်မှာပဲ အက်ဘယ်သိသွားခဲ့ပြီး မောင်းထုတ်ပေမဲ့ အရာရာစွန့်လွှတ်အနစ်နာခံတတ်တဲ့ရိုစလီကြောင့် အက်ဘယ်စိတ်လည်လာခဲ့ပြီး သူတို့နှစ်ယောက်ဘ၀မှာဘယ်လို စိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.82GB / 849MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Rosalie (2023)

Crimson Rivers II: Angels of the Apocalypse (2004)
Crimson Rivers II: Angels of the Apocalypse (2004) နာမည်ကြီးရုပ်ရှင် Leon: The Professional ထဲက မင်းသား Jean Reno ခေါင်းဆောင်ပါဝင်တဲ့ ပြင်သစ်စကားပြော လျှို့ဝှက်သည်းဖို/မှုခင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ပြင်သစ်ဘုရားကျောင်းတစ်ခုရဲ့နံရံထဲမှာ အလောင်းတစ်လောင်းရှာတွေ့ပြီးနောက် ရဲအုပ်နီးမန်းစ်နဲ့ စုံထောက်ရီဒို‌နှစ်ယောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ဒီလူသတ်မှုက ကွင်းဆက်လူသတ်မှုဖြစ်ပြီး ယေရှုရဲ့တမန်တော်တွေဆိုတဲ့ လူ ၁၂ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘာသာရေးသိပ္ပံပညာရှင်မလေး မာရီတစ်ယောက် စုံစမ်းဖို့ပူးပေါင်းလာပါတော့တယ်။ လျှို့ဝှက်နက်နဲလွန်းတဲ့ ဒီအရှုပ်အထွေးမှာ တကယ်ပဲ အဖြေမှန်ပေါ်သွားမှာလား ပြင်သစ်ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း မညှာစတမ်း အနိဌာရုံတို့ကို ပေါ်ပေါ်လွင်လွင် ဒီကားမှာ မြင်တွေ့ရမှာပါFile size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Thriller ,  Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Crimson Rivers II: Angels of the Apocalypse (2004)

Carbone (2017) 6.5
Carbone (2017)  စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းကအခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာတွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင်တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါအတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီးအသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူတွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက်လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှုခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက်ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်းCarbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင်တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကိုသူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီးဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီးဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင်ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှသူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကိုပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကိုတွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေလိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှများများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ်အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက်ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေလိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက်အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကိုကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…1.43GB / 660MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Crime , Thriller Subtitle….Myanmar ...
movie

Carbone (2017)

La Haine (1995) 8.1
La Haine (1995)  Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

La Haine (1995)

Special Forces (2011) 6.3
Special Forces (2011)  ဒီ Special Forces ဇာတ်ကားကတော့ ရုပ်မြင်သံကြားမှာ ကိုယ့်တွေ့မှတ်တမ်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီဖင်ရိုင်ဘိုဂျက် က စီစဉ်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်ဖြစ်ပုံက သူ့ငယ်စဥ်ကတည်းက ဝါသနာ ဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေလုပ်ရင်းနဲ့ တချို့ဇာတ်ကားတွေ ရိုက်ကူးမှုတွေမှာ ကာကွယ်ရေးဌာနနှင့် ဆက်ဆံလာရပြီး စစ်တပ်အပေါ် ယခင်က စဉ်းစားပုံတွေပြောင်းလာပြီး စစ်သားတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံတွေကို စိတ်ဝင်စားလာတာကြောင့် စစ်သားတွေရဲ့ သက်စွန့်ဆံဖျားကြိုးစားကြရပုံကို တင်ပြဖို့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဇာတ်လမ်း ကတော့ ပြင်သစ်နိုင်ငံသူဖြစ်တဲ့ သတင်းသမား အယ်လ်ဆာခါဆာနိုဗာဟာ အာဖဂန်နစ်စတန်က ငယ်ငယ်ကတည်းကရောင်းစားခံလိုက်ရပြီး တာလီဘန်တွေရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ခံရတဲ့ မိန်းကလေးမိုင်နာ ရဲ့ အ‌‌‌ခြေအနေကို လိုက်လံသတင်းယူရင်း တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံရပါတယ်။ ဒီလိုအ‌ခြေအနေမှာ တာလီဘန်တွေက ဓားစာခံ‌တွေရဲ့ အသက်ကို ခြိမ်းခြောက်တာတွေလုပ်လာတာကြောင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက အထူးတပ်ဖွဲ့ကို စေလွှတ်ပြီး ပြင်သစ်သူသတင်းသမားကို ...
movie

Special Forces (2011)

Revoir Paris (2022) 6.8
Revoir Paris (2022) Revoir Paris (2022) =============== IMDb Rating - 6.8/10အဓိပ္ပာယ်က "ပဲရစ်မြို့ရဲ့ အမှတ်တရများ" တဲ့။ ပဲရစ်မြို့ဆိုတာနဲ့ စိတ်ကူးယဉ်အိပ်မက်မြို့တော်လေးလို့ မြင်ယောင်မိကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အမှတ်တရတွေက ချိုမြိန်တဲ့အမှတ်တရ လေးတွေတော့ ဟုတ်မနေခဲ့ဘူး။ အရိပ်လို တကောက်ကောက်လိုက် နေမဲ့ ဆိုးရွားတဲ့အမှတ်တရတွေဖြစ်နေခဲ့တယ်။ပဲရစ်မြို့လယ်ခေါင်စားသောက်ဆိုင်တစ်ခုမှာ လူပေါင်းများစွာ သေ ကြေခဲ့ရတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ဆိုတာ လက်နှစ်ဖဝါးစာတောင် မပြည့်တဲ့အရေအတွက်တစ်ခုပါ။ မီရာက အဆိုပါတိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့ပေမဲ့ သူဘယ် လိုတွေဖြစ်ခဲ့တယ်ဆိုတာကို လုံးဝသတိရခြင်း မရှိတော့ပါဘူး။ တခြား ကျန်ရစ်သူတွေပြောတဲ့ အဲဒီညက သူ့အကြောင်းတွေကလည်း လိုက် ကောက်ဖို့မလွယ်တဲ့ ပဟေဠိလေးတွေ ဖြစ်နေခဲ့ပြီး သူ့အတွက်အရာ ရာဟာ မှုန်ဝါးဝါးပါပဲ။ မီရာတစ်ယောက် သူတိုက်ခိုက်ခံခဲ့ရတဲ့ညက အမှတ်တရတွေကို ပြန်တူးဖော်မိနိုင်မလား ဆိုတာကတော့ "ပဲရစ်မြို့ရဲ့ အမှတ်တရများ" ကနေ ဆွဲဆောင်ပြောပြသွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.5 GB) / (612 MB) / (353 MB) Quality............WEB-RIP 1080p / ...
movie

Revoir Paris (2022)

2022
Pacifiction (2022) 6.6
Pacifiction (2022) Pacifiction (2022)ဒီနေ့မှာတော့ လူ့သဘာဝကို ထိထိမိမိနဲ့သရုပ်ဖော်နိုင်လွန်းလို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်ထားတဲ့ Albert Serraရဲ့ နာမည်ကျော်လက်ရာတစ်ခုဖြစ်တဲ့ Pacifiction 2022ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာပါ။ Albert Serraရဲ့လက်ရာပီပီ ဒီကားလေးကရော ဒီတစ်ခါမှာ ဘယ်လိုတွေးစရာတွေပေးသွားမလဲဆိုတာ အားလုံးတူတူကြည့်လိုက်ရအောင်ပါ။ပြင်သစ် ပေါ်လီနီးစီးယားရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကအုပ်ချုပ်ရေးမှူး အစိုးရအရာရှိလေး ဒီရိုလာတစ်ယောက်ဟာ လူတော်တွေကို မြေတောင်မြှောက်ပေးပြီး လိုအပ်နေသူတိုင်းကို ကူညီတတ်တဲ့လူတစ်ယောက်ပါ။ ဆိတ်ငြိမ်လှတဲ့ ကျွန်း‌မြို့လေးတစ်မြို့အတွက် ကြီးကျယ်တဲ့ပြဿနာရယ်လို့ ရှိလာမှာမဟုတ်ဘူးလို့ပဲ အားလုံးကထင်မှတ်ထားကြတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကျွန်း‌မှာ nuclearစမ်းသပ်မှုလုပ်မယ်ဆိုပြီး ခပ်သဲ့သဲ့ထွက်လာတဲ့သတင်းနဲ့အတူ မြို့နားမှာ ရုတ်တရက်ပေါ်လာတဲ့ ရေတပ်သားတွေ၊ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီရိုလာတစ်ယောက် ခေါင်းခဲရဖို့ဖြစ်လာတဲ့အခါ...တစ်ဖက်က အစိုးရပိုင်းကရာထူးအကြီးဆုံးတွေနဲ့ တခြားတစ်ဖက်က ဩဇာအာဏာဆိုလို့ စိုးစဉ်မျှမရှိကြရှာတဲ့ ကျွန်းနေပြည်သူ၊ ထိပ်ဆုံးနဲ့အောက်ဆုံးကြားက နိုင်ငံရေးအင်အားပြိုင်ပွဲမှာ လက်ဝင်ရှိုမိတဲ့ ဒီရိုလာတစ်ယောက် တစ်ချက်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေချရဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ နိုင်ငံရေးဆိုတဲ့မျက်နှာဖုံးအောက်က အာဏာရှင်လက်မည်းကြီးတွေရဲ့ပြိုင်ဆိုင်မှုနဲ့အတူ၊ အကျိုးအမြတ်နဲ့ပတ်သက်လာတဲ့အခါမှာတော့ သေမင်းနဲ့ပဲ အပြိုင်စစ်ခင်းရပါစေ ဘယ်သူသေသေ ...
movie

Pacifiction (2022)

2022
2 Alone in Paris (2008) 5.4
2 Alone in Paris (2008) 2 Alone in Paris (2008) =================ဂျာဗစ်ဟာ ပါရီမြို့က ပြင်သစ်ရဲဌာနက စုံထောက်တစ်ယောက်ဖြစ် ပါတယ်။ သူဟာ ကာတစ်ဆိုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းနေခဲ့တာ ၁၀ နှစ်လောက်ရှိသွားခဲ့ပါပြီ။ သူက လိုက်ဖမ်းလိုက် ကာတစ်က တစ်ပတ် ရိုက်ပြီး လစ်သွားလိုက်တဲ့ ဖြစ်နေခဲ့တာပါ။တစ်နေ့မှာတော့ ကာတစ်ကို လိုက်ဖမ်းရင်း ပါရီတစ်မြို့လုံးက လူတွေ ပျောက်သွားတဲ့အဖြစ်နဲ့ ဂျာဗစ် ကြုံလိုက်ရပါတယ်။ ဂျာဗစ်လည်း မြို့အကြီး ကြီး တစ်မြို့မှာ တစ်ယောက်တည်း ပျင်းရိစွာ ဖြတ်သန်းနေရင်း တစ်ယောက် တည်း ကျန်နေခဲ့တာမဟုတ်ဘူးလို့ ယုံကြည်လက်ခံထားပါတယ်။ဒီလိုနဲ့နေလာရင်း တစ်ရက်မှာတော့ ပါရီမြို့မှာ ကျန်နေခဲ့တာ သူ တစ်ယောက် တည်းမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ နောက်ကျန်နေခဲ့တဲ့ တစ်ယောက် ကတော့ သူ အမြဲတမ်းလိုက်ဖမ်းနေခဲ့တဲ့ ကာတစ် ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ မြို့အကြီးကြီးတစ်မြို့မှာ နှစ်ယောက်တည်း ဖမ်းလိုက် ပြေးလိုက်နဲ့ စိန်ပြေး လိုက်တမ်းဆော့ရင်း ဘယ်လိုတွေကြုံတွေရမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမယ် Comedy ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။အကယ်၍ သင်ရော မြို့ကြီးတစ်မြို့ထဲမှာ တခြားဘယ်သူမှမရှိတော့ဘဲ နှစ်ယောက် တည်း ကျန်နေခဲ့ရမယ်ဆိုရင် ...
movie

2 Alone in Paris (2008)

2008
[18+] The Piano Teacher (2001) 7.5
[18+] The Piano Teacher (2001) The Piano Teacher (2001)~ IMDb - 7.5/10, RT - 73%, Meta - 79% ~ပီယာနို မြည်သံညင်စေတဲ့ လက်ချောင်းတွေ ကျွန်တော့်ရဲ့ အရေခွံပါးလွှာနဲ့အတွေ့အခါ ပြန်လမ်းမရှိတဲ့မြစ်မှာ အကြိမ်ကြိမ်အခါခါ စီးဆင်း...သူမရဲ့နှုတ်ခမ်းတွေ... ဘယ်ဗိုကယ်ကို ဘယ်သံအထိမြင့်လဲအပြာရောင်တွေညင်သာစွာ မြွေတစ်ကောင်ဟာ ရစ်ပတ် ရခဲလှဆိုသတဲ့ လူတစ်ကောင်ကို ဖြစ်ထွန်းစေတဲ့ အဆိပ်ရည်တွေဟာ လူတစ်ကောင်မဖြစ်မယ့် တွင်းနက်ဆီ တိုးဝှေ့ခဲ့ပေါ့...ဗီသိုဗင် မိုးဇက်တို့ထက် သူမရဲ့ အငွေ့အသက်ဟာ ခမ်းနားကြောင်းကိုလည်း နိဗ္ဗာန်ရဲ့အက်ကွဲကြောင်းလေးထဲ နမ်းရှိုက်တပ်မက်တဲ့ နှုတ်ခမ်းများသက်သေတည်...ကော်ရစ်ဒါထောင့် အိမ်သာပေါက် စတိုးခန်းနောက် ဘယ်နေရာတွေ ဘယ်လိုမရွေးပဲ အကြင်အနာ အဖြူအပြာတွေ သည်းသည်းမည်း...သူမရဲ့တွင်းဟောင်းဟာ ကျွန်တော်မဖတ်ဖူးတဲ့စာအုပ်တစ်အုပ်လို သစ်လွင်တောက်ပ အချစ်ရည်တတောက်တောက်ကျရင်း ကမ္ဘာကုန်ကျယ်သရွေ့ ခမ်းနားနေဦးမယ်...ဒီလိုပါပဲ ( ကြယ်တွေအကုန် လောင်ကျွမ်းသွားတဲ့အချိန်အထိ သူမကို ကျွန်တော် လိုအပ်နေဦးမယ်ဆိုတာ ကျွန်တော်သိနေတယ်။ ) ( ကျွန်တော်ကလည်း ဒီပင်လယ်အဟောင်းကိုမှ ခပ်သောက်ချင်နေတုန်းပဲ။ )Erotic ကားပေမဲ့ ကိန်းမှာ မင်းသားဆုရော မင်းသမီးဆုရော ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး စာရေးဆရာမကလည်း နိုဘယ်ဆုရထားတဲ့ စာရေးဆရာမပါ။ ကိန်းမှာ ဂျူရီဆုရခဲ့ပြီး Palme d'Or ပါ ...
movie

[18+] The Piano Teacher (2001)

2001