Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Benno Fürmann
Anatomy (2000)
၂၀၀၀ ခုနစ်က ဂျာမန် horror ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ပေါ်လာရဲ့ အဘိုးဟာ တချိန်က အထင်ကရ ဆရာဝန်ကြီးဖြစ်ခဲ့ပြီး မြေးမလေး ပေါ်လာဟာလည်း ဆေးကျောင်းသူတစ်ယောက်ပါ စာမေးပွဲတစ်ခုမှာ တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး ရခဲ့တာကြောင့် နွေရာသီပိတ်ရက်မှာ Heidelberg တက္ကသိုလ်က ခန္ဓာဗေဒ အထူးသင်တန်းကို သွားတက်ခွင့်ရတယ်အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ အဲဒီတက္ကသိုလ်အသိုင်းအဝိုင်းမှာ လျှို့ဝှက်တဲ့ ဘယ်လိုအမှောင်ခြမ်းရှိနေမလဲ Heidelberg ကိုအလာ ရထားပေါ်မှာ သူကိုယ်တိုင်အသက်ကယ်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက်က ဆေးကျောင်းသားတွေ လေ့လာကြမယ့် အလောင်းကုတင်ပေါ် ရောက်နေတဲ့အခါမှာတော့ ။ ။File size…(2.2 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan
movie
Anatomy (2000)
7.6
Joyeux Noel (2005)
(ခရစ္စမတ်ကို ရန်သူတွေနဲ့အတူဆင်နွှဲခဲ့ကြတဲ့ ပထမကမ္ဘာစစ် စစ်သားများအကြောင်း)ဒီရုပ်ရှင်ကိုမကြည့်ဖူးကြရင်တောင် ဆိုရှယ်မီဒီယာမှာ အတိုလေးတွေ အတော်များများ မြင်ဖူးကြမှာပါ။ဂျာမန်၊ ဗြိတိသျှ၊ စကော့တလန်စစ်သားတွေ ပထမကမ္ဘာစစ်အတွင်း ကတုတ်ကျင်းကိုယ်စီနဲ့ တစ်ဘက်နဲ့တစ်ဘက် အသေအကြေတိုက်ခိုက်နေကြပေမဲ့ခရစ္စမတ်အကြိုညမှာတော့ အပစ်အခတ်တွေရပ်စဲပြီး အတူ ဆင်နွှဲကြဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပါ။စစ်ပွဲရဲ့ အကျဉ်းတန်ခြင်းတွေထဲကနေ လူသားဆန်မှုတွေကို ပြတဲ့ရုပ်ရှင်ပါပဲ။အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု အော်စကာ စကာတင် ဝင်ခဲ့ပါတယ်။Tsotsi 2005 ကို မကျော်နိုင်ခဲ့လို့သာ ဆုမရခဲ့တာပါ။အော်စကာရသွားတဲ့ Tsotsi ကိုလည်း Channel Myanmar မှာ တင်ပေးပြီးသားပါ။ဒီရုပ်ရှင်ထဲမှာတော့ နှစ်ဘက်စစ်သားတွေရဲ့ တာဝန် နဲ့မိသားစုကြားက လွန်ဆွဲတာတွေ၊ရန်သူကနေ မိတ်ဆွေဖြစ်လာပြီး ရန်သူပြန်ဖြစ်လာတဲ့အခါ ဆုံးဖြတ်ရခက်တာတွေနဲ့ အထက်ဖိအားတွေကြားထဲက စစ်ရဲ့ အကျဉ်းတန်မှုတွေကို မြင်ရမှာပါ။ကြည့်ဖြစ်အောင်ကြည့်ရမဲ့ရုပ်ရှင်ဖြစ်လို့ ခရစ္စမတ်အမီလေး တင်ပေးထားလိုက်ပါတယ်။ File Size : 1.74 GB, 787 MB Quality : Blu-Ray 1080p / 720p Running ...
movie
Joyeux Noel (2005)
5.2
Mutant Chronicles (2008)
Mutant Chronicles (2008)=================="တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။"ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ ...
movie
Mutant Chronicles (2008)
7.4
North Face (2008)
North Face ရုပ်ရှင်ဟာ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ ဂျာမန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်.၁၉၃၆ ခုနှစ်မှာ ဥရောပတောင်တန်းတွေထဲက အန္တရာယ်အများဆုံးတောင်တွေထဲက တောင်ကြီးရဲ့ မြောက်ဘက်ခြမ်းကို အခြားနိုင်ငံက တောင်တက်သမားတွေနဲ့ ယှဉ်ပြိုင်တက်ရောက်တဲ့ ဂျာမန်တောင်တက်သမား ၂ ဉီးရဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်.ဂျာမန်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Phillip Stolzl မှရိုက်ကူးတင်ဆက်ထားပါဖြစ်ပါတယ်. ၂၀၀၉ ခုနှစ် ဂျာမန်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု, အကောင်းဆုံး အသံဆုတို့အပြင် ရုပ်ရှင်ဝေဖန်ရေးဆု ၂ ဆုကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.8GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre...Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Joe Joe
movie
North Face (2008)
5.9
The Kangaroo Conspiracy (2022)
The Kangaroo Conspiracy (2022) ======================== IMDb Rating - 5.9/10အခုလို ပူလောင်နေရတဲ့အချိန်မှာ ညစ်ညမ်းဟာသမပါတဲ့ အဖြူရောင် ပြက်လုံးလေးတွေကို တောင့်တနေတယ်ဆိုရင်တော့ ဒီကားကို လုံးဝ recommend ပေးချင်ပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အဆိုတွေ၊ နိုင်ငံတကာပြက်လုံးတွေနဲ့ မြူးမြူးသွက်သွက်လေး တင်ဆက်ပေးထား တာကြောင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို အတော်အသင့်သိရှိနေတဲ့ သူတွေဆိုရင် တွေးတွေးပြီးကိုရယ်ရစေမဲ့ကားမျိုးပါပဲ။ဇာတ်လမ်းအညွှန်း ______________ မာ့အူဝယ် နဲ့ ဇာတ်လိုက်ကျော် သားပိုက်ကောင်တို့က တိုက်ခန်းတစ်ခု တည်းမှာ အတူနေထိုင်ကြတဲ့ ရန်ဖြစ်ပြန်ချစ်ညီအစ်ကိုတွေပါ။ အူဝယ်က ဘေးအခန်းမှာနေတဲ့ မာရီယာဆိုတဲ့ တစ်ခုလပ်မလေးကို ကြိတ်ကြွေနေ တာဖြစ်ပြီး နီးစပ်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတဲ့သူပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက် ဒိတ်ကြည့်တဲ့အခါမှာ သားပိုက်ကောင်ကြောင့် ကမောက် ကမတွေ ဖြစ်ခဲ့ရပြီး ရှေ့ဆက်လို့မရဖြစ်သွားခဲ့တယ်။အဲဒီအချိန်မှာပဲ မာရီယာရဲ့ ခင်ပွန်းဟောင်း ဂျိုးကလည်း ထောင်ကလွတ် လာပြီး သူ့ဆီပြန်ချဉ်းကပ်လာပြန်ပါတယ်။ ဒီလိုနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အလောင်းအစားတစ်ခု ပေါ်လာပြီး ဒီဇာတ်လမ်းကြီး စတင်ဖို့ အကြောင်း ဖန်လာပါတော့တယ်။ မာရီယာ့ရဲ့ အမေဖြစ်သူ လစ်စဘက်ကို "ရာသီဥတု ပြောင်းလဲမှုဆိုတာ တကယ်မရှိဘူး"လို့ သူယုံကြည်နေတဲ့အရာကနေ အစွဲ လွတ်သွားအောင် လုပ်ပေးနိုင်ရင် သူတို့နှစ်ယောက် ထပ်ဒိတ်လို့ရမှာဖြစ်ပြီး ရှုံးခဲ့ရင်တော့ ...
movie
The Kangaroo Conspiracy (2022)
2022
5.6
Intrigo: Death of an Author (2020)
Intrigo: Death of an Author (2020)=========================#Unicodeဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။ #Zawgyiဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။) Quality – 720p WEB-RIPDuration – 1 hrs 46 minsSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Intrigo: Death of an Author (2020)
2020