Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Benjamin Vandewalle
7.0
A Little Something Extra (2024)
ဟာသဆိုသော်လည်းဟာသသာမကဂရုဏာပါသက်စေမယ့်အပြင် အခြားရုပ်ရှင်များနဲ့ကွဲထွက်နေတဲ့ နိုင်ငံတကာထိပါ အောင်မြင်နေတဲ့ ဇတ်ကားကောင်းတစ်ခု။ဒီဇတ်ကားကပြင်သစ်စကားပြောရုပ်ရှင်ကားဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်ထားတဲ့သားအဖနှစ်ယောက်က မမျှော်လင့်ပဲရဲလက်ကနေ လွတ်အောင်ပြေးရင်းနွေရာသီစခန်းချအပျော်ခရီးထွက်လာတဲ့မသန်မစွမ်းသူလူငယ်များနဲ့စခန်းချရာအိမ်ကိုလိုက်ပါဖြစ်သွားပါတယ်။ သားကမသန်မစွမ်းသူအဖေကကျောင်း ဆရာအဖြစ်ဟန်ဆောင်ရင်းဂွတီးဂွကျအ ဖြစ်တွေကြုံရတာကိုရိုက်ပြထားသလိုမ သန်မစွမ်းသူလူငယ်အမျိုးသားအမျိုးသမီး လေးများရဲ့ဇတ်ကောင်စရိုက်ကိုလည်းသေချာရိုက်ပြထားပါတယ်။ခမ်းနားတဲ့သရုပ်ဆောင်တွေမပါပေမယ့် လည်းပြင်ပဘဝကတကယ့်မသန်မစွမ်းလူငယ်အချို့ရဲ့သရုပ်ဆောင်မှုနဲ့ဇတ်ကွက်က သူတို့လေးတွေကိုဂရုဏာသက်ချစ်သွားစေမှာအမှန်ဖြစ်ပါတယ်။ ဆိုးတာတွေရှိနေတာတောင်လူတွေမှာ ကောင်းမြတ်တဲ့စိတ်နှလုံးသားလည်းရှိနေ ပါသေးတယ်ဆိုတာကိုပြချင်တာလည်းဖြစ်တယ်။သားအဖနှစ်ယောက်ရဲတွေလက်ကလွတ် မလာ။းဘာအလှည့်အပြောင်းတွေကြုံရ မလဲ။ အဖေ(အော်ရပီ)အဖြစ်သရုပ်ဆောင်တဲ့ Clovic Cornillac(ကလိုဗစ်စ် ကော် နီးလ်ယာကာ)ရဲ့သရုပ်ဆောင်ချက်ကလည်းမျက်နှာပေးကအစသဘာဝကျသမ္ဘာကျလှပါတယ်။ သား(ဆီလီဗန်း)အဖြစ်သရုပ်ဆောင်တဲ့ Atus(အေးတပ်စ်)ကဇတ်ကားရဲ့သရုပ် ဆောင်ဒါရိုက်တာဇတ်ညွှန်းရေးသူဖြစ်တယ်။တစ်ချို့ရိုက်ချက်တွေကစကားအများကြီးပြောစရာမလိုပြစရာမလိုပဲအဖြစ်အပျက်တွေကိုပေါ်လွင်ပြီးနှလုံးသားထိအောင်ရိုက်ပြသွားနိုင်ပါတယ်။ ပြင်သစ်သီချင်းလေးတွေကိုလည်းခံစားနားဆင်ရမှာဖြစ်တယ်။၂၀၂၄ ပြင်သစ်နိုင်ငံလက်မှတ်ရောင်း box officeမှာထိပ်ဆုံးပြေးနေတဲ့ဇတ်ကား ဖြစ်ပါတယ် ။ ဘတ်ဂျက်ဒေါ်လာ၆.၅၅သန်းသာကုန်ပေမယ့်ခုချိန်ထိတစ်ကမ္ဘာလုံးဝင်ငွေအနေနဲ့ဒေါ်လာ၈၄သန်းကျော်ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် သင်လက်မလွှတ်သင့်တဲ့ ဇတ်ကားကောင်းဖြစ်ပါတယ်။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Sakar Khin
movie
A Little Something Extra (2024)