Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Benjamin Arthur
5.8
Bring It All Back Home (2025)
ဒီဇာတ်ကားကတော့ ဘာ Genre လဲပြောဖို့တောင်အတော်ခက်ပါတယ် Actionမဟုတ် Drama လို့လည်းပြောမရCrime လည်းမဟုတ်ပါ..ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်ခဲ့ဖူးတဲ့Base Ball ကစားသမားတစ်ယောက်က သူ့ဘဝရဲ့အကျပိုင်းမှာ မွေးရပ်မြေကို ပြန်လာခဲ့ပြီးလေလွင့်နေရင်း သူ့ရဲ့ရည်းစားဟောင်းကပါ ဘဲအသစ်ရထားပြီး သူနဲ့ဘယ်လိုမှ ပြန်မဖြစ်နိုင်တေ့ာတာကြောင့် သူငယ်ချင်းနဲ့ ညီဖြစ်သူကို အဖော်ပြုရင်းသောက်တလွဲတွေ အဓိပ္ပါယ်မဲ့တဲ့ပေါက်လွတ်ပဲစားတွေလုပ်တဲ့ဇာတ်လမ်းလေးပါ..အဖော်အချွတ်ဇာတ်ဝင်ခန်းတွေမပါပေမယ့် Curse words တွေနဲ့ တစ်ခါတစ်ခါ ပြောလိုက်တဲ့ Dialogue တွေက အင်မတန် ရိုင်းတာမျိုး ပါတတ်လို့မိသားစုနဲ့အတူကြည့်လို့တော့ အဆင်မပြေပါဘူးခင်ဗျာ...File size… (1.07 GB) / ( 562 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 27m Genre …..Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice Guy
movie
Bring It All Back Home (2025)
6.7
American Reunion (2012) American Pie 4
American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ - American Pie (1999) - American Pie 2 (2001) - American Wedding (2003) - American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ...
movie
American Reunion (2012) American Pie 4
7.3
Barbie(2023)
Barbie(2023)*********** Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီးIMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီမဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ဇာတ်လမ်းအကျဉ်းဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ ...
movie
Barbie(2023)
2023
4K HEVC
Last Survivors (2022)
တတိယကမ္ဘာစစ်ကြီးဖြစ်ပြီးလို့ ပျက်ကပ်ဆိုက်နေတဲ့ကမ္ဘာကြီးမှာ ထရွိုင်နဲ့ဂျိတ်တို့ သားအဖနှစ်ယောက်တည်း တောထဲကအိမ်ကလေးမှာနေကြပါတယ်။ဂျိတ်ငယ်ငယ်လေးတည်းက တောထဲမှာအမဲလိုက်ပြီးဖြစ်သလိုနေထိုင်ကြပြီး သူ့အဖေက သူစိမ်းမှန်သမျှကို ရန်သူလို့သတ်မှတ်ကာ ပစ်သတ်ပါတယ်။အပြင်လောကမှာ လူဆိုးတွေပဲကျန်တာဖြစ်လို့ ဘယ်သူ့ကိုမှမယုံဖို့ သူ့အဖေက ဂျိတ်ကိုသင်ကြားထားပါတယ်။တစ်ရက်မှာတော့ သူ့အဖေဒဏ်ရာရတာကြောင့် ဂျိတ်တစ်ယောက် ဆေးရှာထွက်ရင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။သူ့အဖေက အပြင်လူမှန်သမျှသတ်ဖို့ညွှန်ကြားပေမယ့် ဂျိတ်ကစူးစမ်းချင်စိတ်ကြောင့်ဒီအမျိုးသမီးနဲ့နီးစပ်လာပါတယ်။သူစိမ်းတစ်ယောက်ကိုဘယ်လောက်ယုံနိုင်မလဲ။ ကိုယ့်ကိုတစ်သက်လုံး ကာကွယ်နေတဲ့၊ကိုယ့်ကိုချစ်တဲ့သူကိုရော ဘယ်လောက်ယုံနိုင်မလဲ။ဒါရိုက်တာ Drew Mylrea ရိုက်ကူးထားတဲ့ Survival Thriller အမျိုးအစားဖြစ်ပြီး မင်းသမီးချော Alicia Silverstone နဲ့ အတူ Stephan Moyer,Drew Van Acker တို့ပါ၀င်ပေးထားပါတယ်။ File size…(1 GB)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Scifi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Last Survivors (2022)