Channel Myanmar

Ben Wanders

Blinky Bill the Movie (2015) 5.1
Blinky Bill the Movie (2015) ခိုအားလားလေး Blinky တစ်ယောက် အဖေ အမေတို့နဲ့အတူ Greenpatch မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။Blinky ရဲ့ အဖေကတော့ Greenpatch ကို စရှာတွေ့ခဲ့ပြီး တိရစ္ဆာန်တွေ စုစည်းနေထိုင်ဖို့ စည်းရုံးခဲ့တဲ့ ဂန္ဓဝင်စွန့်စားရေးသမားကြီး Bill Koala ပါ။ Blinky ကတော့ စူးစမ်းတတ်တဲ့ ကလေးပီပီ အဖေ့နောက်လိုက်ပြီး စွန့်စားခန်းတွေ ဖွင့်ချင်ပေမဲ့ စိုးရိမ်တတ်တဲ့ အမေကြောင့် ဘယ်ကိုမှ မသွားရတဲ့ ခိုအားလားပေါက်လေးပေါ့။Blinky ရဲ့ အဖေက ကန္တာရကြီးထဲမှ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်တွေကို သွားကယ်တတ်ပါတယ်။ အဖေ့ရဲ့ စွန့်စားခန်းတွေကို နားထောင်ရုံသာ နားထောင်ပြီး လက်တွေ့စမ်းသပ်ခွင့်မရတဲ့ သနားစရာ Blinky လေးတစ်ယောက်Blinky တို့ရဲ့ အဖေတစ်ယောက် Sea of White Dragon ဆီ စွန့်စားခန်းထွက်သွားပြီး ပြန်မလာနိုင်တာ နှစ်ချီကြာနေပါပြီ။ အပြင်လောကက ကြောက်မက်ဖွယ်သားရဲကြီးတွေများစားသွားပြီလားပြန်လာဖို့ လမ်းများရှာမတွေ့နိုင်လို့လား Blinky တို့ သားအမိကတော့ မျှော်တလင့်လင့်ပေါ့ဒီလိုဒုက္ခပင်လယ်တွေ ဝေနေတုန်း အရင်က Greenpatch မှာ နေခွင့်ပေးဖို့ ငြင်းခဲ့တဲ့ Bill ကို အငြှိုးထားတဲ့ Cranklepot ဆိုတဲ့ ...
movie

Blinky Bill the Movie (2015)