Channel Myanmar

Ben Stobber

Arena Wars (2024) 5.8
Arena Wars (2024)  ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီးSheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုလူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်...တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးကတစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ်သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက်အပြစ်ဝင်ခံ‌‌ပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကိုအပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့သတို့သမီးလောင်းနဲ့ ပြန်‌တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ဖြစ်လာပါတယ်။လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ...။ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ...။လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား...။လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေလက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ...။ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြားကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.41GB) / (844MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , ...
movie

Arena Wars (2024)

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

Bloodthirst (2023) 5.5
Bloodthirst (2023)  Bloodthirst ရုပ်ရှင်ကားဟာ ၂၀၂၃ ခုနှစ်ထွက် scifi horror actionကားတစ်ကားဖြစ်ပါတယ်။SAW ရုပ်ရှင်ကားတွေမှာ ပါဝင်တဲ့ မင်းသားကြီး Costas Mandylor အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းရဲ့ အဓိက ကျောရိုးကတော့ ကမ္ဘာပျက်ပြီးခါစ ကမ္ဘာကြီးပေါ်မှာသွေးစုပ်ဖုတ်ကောင်တွေ ကြီးစိုးနေတဲ့ အချိန်ကာလ တစ်ခုမှာ ဖြစ်ပါတယ်။အဲ့အချိန်မှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်သတ်နေတဲ့ မုဆိုး John Shepardတစ်ယောက် သူရင်ဆိုင်ရမဲ့ သွေးစုပ်ဖုတ်ကောင်အုပ်စုရဲ့ ခေါင်းဆောင်ကနယ်နယ်ရရတော့ မဟုတ်ပါဘူး။ The Master လို့ ခေါ်ကြတဲ့ သွေးစုပ်ဖုတ်ကောင်ခေါင်းဆောင် ဖြစ်ပြီး သူကိုယ်တိုင်လည်း ပြိုင်ဘက် သွေးစုပ်ဖုတ်ကောင်အုပ်စုနဲ့စစ်ပွဲကြီး ဆင်နွဲဖို့ ပြင်ဆင်လူစုနေတာ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင်အုပ်စု၂ စုရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဇာတ်လိုက်မုဆိုးတစ်ယောက် ဘယ်လိုပါးပါးနပ်နပ်ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ပိတ်ကားထက်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်...  File size…2.00GB / 842MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Action ...
movie

Bloodthirst (2023)

Bleach (2022)
Bleach (2022) Bleach (2022)ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။ မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။ သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကို ငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။ အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့ တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 680MB | 329MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Bleach (2022)

2022
[18+] Party Bus To Hell (2017) 4.9
[18+] Party Bus To Hell (2017)  ဘန်းနင်းမန်း ပွဲတော်ကိုသွားမယ့် ဘတ်စ်ကားတစ်စီး။ရည်ရွယ်ချက်ကိုယ်စီနဲ့ ကားပေါ်ပါလာတဲ့ အလွှာစုံအရွယ်စုံ လူတစ်စု။ကန္တာရအလည်မှာ သူတို့ ကားသမားက ခဏနော်ဆိုပြီးကားရပ်ထားခဲ့ပြီး ပျောက်သွားတယ်။တစ်ဖြည်းဖြည်း အချိန်တွေကုန်လာတာနဲ့ အမျှ သူတို့စိုးရိမ်ပူပန်မှုတွေလဲ မြင့်တက်လာတဲ့အချိန် ကားမောင်းတဲ့သူကို ကုန်တင်ခန်းထဲမှာ အလောင်းအဖြစ်တွေ့မြင်လိုက်ရတဲ့ အခါ..။ကန္တာရထဲမှာ သူတို့မသိသေးတဲ့ အန္တရာယ်တွေ အများကြီး သူတို့ကိုစောင့်ကြိုနေပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းသလို အဖော်အချွတ်ခန်းတွေကလဲတစ်ကားလုံးနီးပါး ဒင်းကြမ်းပါပဲ။အယူအစွဲကြီးတဲ့လူတစ်စု ငရဲမိစ္ဆာတွေ ပါပေမယ့်ကြောက်စရာကောင်းတာထက် အတည်ပေါက်နဲ့ဖောက်တဲ့ဟာသတွေနဲ့ပျော်ဖို့ကောင်းတဲ့ကားမျိုးပါ။American pie ဇာတ်ကားတွေထဲက ကာလသားကြိုက်မင်းသမီးလေး tara reid ကလဲ cameo အဖြစ်ပါဝင်ထားပါတယ်။  File size…900 MB Quality….Blu-Ray Rip 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] Party Bus To Hell (2017)