Channel Myanmar

Bartosz Mikulak

Imago (2024) 6.2
Imago (2024)  Imago (2024)IMDb Rating (6.2) အရွေ့တွေအရ စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့၁၉၈၀ကာလကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ကွန်မြူနစ်ပိုလန်ပြည်သူ့သမ္မတနိုင်ငံရဲ့ မှုန်ရီပြာတဲ့ အခြေအနေနဲ့ ခေတ်ကာလကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခေတ်ကာလတစ်ခုကို ဖြတ်သန်းပုံနဲ့ ရင်ဆိုင်ပုံတွေကို ပြထားတယ်လို့ပြောလို့ရပါတယ်။ post-punk psychological dramaလို့ ဆိုပါတယ်။ဂီတအကြောင်းလည်း နည်းနည်းတော့ပါသလို အဓိကဇာတ်ကောင်ကလည်း ပိုလန်က နာမည်ကြီးအဆိုတော်ဖြစ်သွားခဲ့တဲ့အပိုင်းလည်းပါတယ်။ဒီရုပ်ရှင်ဟာ ကျွန်တော့်အတွက်လည်းမဟုတ်သလို လူတိုင်းအတွက်လည်းမဟုတ်ပါဘူး။ဒီနိုင်ငံတွေရဲ့ အရွေ့တွေကို ကျွန်တော်တို့ထက်ပိုကျွမ်းဝင် စိတ်ဝင်စားတဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အားရကျေနပ်ကြလိမ့်မယ် မထင်ပါဘူး။(ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.8 GB) / (990 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:54:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Imago (2024)

2024
Pilecki’s Report (2023) 6.0
Pilecki’s Report (2023)  ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie

Pilecki’s Report (2023)