Channel Myanmar

Barry Keoghan

Hurry Up Tomorrow (2025) 5.3
Hurry Up Tomorrow (2025)  Hurry Up Tomorrow (2025)IMDb Rating (5.3) ဒီကားကတော့ The Weeknd ကိုယ်တိုင်ကိုအခြေခံထားတဲ့ စိတ်ဓာတ်ကျနေပြီး အသံပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ နာမည်ကျော်အဆိုတစ်ယောက်အကြောင်းပါ။Cast တွေအနေနဲ့က သူကိုယ်တိုင်ရဲ့ စိတ်ကူးယဉ်ကာရိုက်တာအနေနဲ့ Abel Tesfaye ၊ လီအဖြစ် Barry Keoghan ၊ အနီမာအဖြစ် Jenna Ortega ကပါ၀င်ထားပါတယ်။The Weeknd ရဲ့သီချင်းတွေကတော့ တစ်ပုံကြီးပါတာမို့ အချိန်ရရင် ကြည့်ကြည့်လိုက်ကြပါ။ ဇာတ်လမ်းအကျဥ်းရည်းစားနဲ့ လမ်းခွဲထားတာ မကြာသေးတဲ့ အေဘယ်က တော်တော်လေးလမ်းပျောက်နေခဲ့ပြီး စင်ရှေ့ကိုမထွက်ချင်တော့ပေမဲ့ သူ့မန်နေဂျာရဲ့ တိုက်တွန်းမှုနဲ့ ဖျော်ဖြေရင်း ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။စိတ်ဓာတ်ကျနေတဲ့ သူ့အတွက် အဲဒီထူးဆန်းတဲ့ကောင်မလေးက စိတ်ပြေရာလေးတစ်ခုလိုပါပဲ။စိတ်ပြေရာက စိတ်ပြေရာအဆင့်ပဲမို့ မနက်ကျ အေဘယ်က သူ့အလုပ်ကြောင့်ထွက်သွားရဖို့ အကြောင်းဖန်လာတော့ အဲဒီကောင်မလေးက ထူးဆန်းတဲ့စကားတွေပြောလာပြီး အေဘယ်နဲ့စကားများကြပါတော့တယ်။ဖြစ်ချင်ဝောာ့ အဲဒီကောင်မလေးက ပုံမှန်ကောင်မလေးတစ်ယောက်ဟုတ်မနေပဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလာတဲ့ အပြစ်သားတစ်ယောက်ဖြစ်နေတဲ့အခါ အေဘယ်တစ်ယောက် ဘယ်လိုရင်ဆိုင်‌လေမလဲ။သူ့ရဲ့ပြဿနာတွေကိုရော ဘယ်လိုဖြေရှင်းနိုင်သွားမလဲ ...
movie

Hurry Up Tomorrow (2025)

2025
4K HEVC
Trespass Against Us 5.8
Trespass Against Us Trespass Against Us (2016)ကတော့ ၂၀၁၆ ခုနှစ်ထွက် Crime/Thrillerဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မျက်နှာသိမင်းသားနှစ်ယောက်ဖြစ်တဲ့ Michael Fassbender နဲ့Brendan Gleeson တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမလို့တကယ်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း Chad Cutlerဟာ သူ့ရဲ့သားကို ပိုကောင်းတဲ့ဘဝတစ်ခုကိုပေးဖို့အတွက် ရာဇဝတ်မှုတွေကိုကျူးလွန်တဲ့ဘဝကနေပြီးရုပ်းထွက်ကာ ဘဝကို ပိုကောင်းအောင်နေဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အဖေ Colby ကသူ့ကိုသစ္စာဖောက်တစ်ယောက်ဖြစ်မှတ်ယူကာရာဇဝတ်ကောင်ဘဝကနေပြီး ရုန်းထွက်ရတာမလွယ်ကြောင်းပြသခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးဆက် ၃ ခုကြား ဘယ်လိုဆက်ဖြစ်မှာလဲ။ ဖခင် ၂ယောက်နဲ့ သား ၂ နှစ်ယောက်ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ ကြည့်လိုက်ကြပါခင်ဗျာ။  File size…    1.6 GB /  800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Kyaw Zayar ...
movie

Trespass Against Us

Bring Them Down (2024) 6.6
Bring Them Down (2024)  အရိုးရဲ့ "ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ညား"ဆိုတဲ့ကြက်ဥကိစ္စ ခွက်စောင်းခုတ်တဲ့သီချင်းကို မကြားဖူးတဲ့လူတော့ရှိလောက်မယ်မထင်ပါဘူး။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း ဒီသီချင်းနဲ့ခပ်ဆင်ဆင်ပါပဲ။မတူတာကတော့ သီချင်းကကြက်တွေအကြောင်းဖြစ်ပြီး ဒီကားကတော့ သိုးထီးတွေအကြောင်းဖြစ်နေတာပါပဲ။အဓိကအကြောင်းအရင်းကတော့ကျေးလက်ဒေသက သိုးမွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကြားကအားပြိုင်မှုတွေ မသမာမှုတွေ ခွက်စောင်းခုတ်ကြပုံတွေကိုစိတ်ဝင်စားစရာရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကတော့ Bring Them Down ဖြစ်ပြီး လက်ရှိIMDb Rating 6.6 အထိရရှိထားတဲ့အတွက် အဖြစ်သဘောမဟုတ်တဲ့ ဇာတ်ကားဆိုတာတော့သိသာနေပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း It Comes At Night တို့Poor Things တို့လိုဇာတ်ကားကြီးတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့Christopher Abbott တို့ နာမည်ကြီးဇာတ်လမ်းတွေတော်တော်များများမှာပါဝင်ခဲ့ဖူးတဲ့ Barry Keoghan တို့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ အထက်မှာပြောခဲ့တဲ့အတိုင်းဖြစ်ပြီး အဓိက မွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကတော့မိုက်ကယ်နဲ့ဂယ်ရီတို့ဖြစ်ပြီး ဂယ်ရီရောင်းတဲ့သိုးတွေထဲမှာမိုက်ကယ်က သူ့ရဲ့အမှတ်အသားလုပ်ထားတဲ့ သိုး ၂ ကောင်ကိုတွေ့ရာကနေစတာပါပဲ။မိုက်ကယ်က အေးအေးလူလူသမားပေမဲ့ဂယ်ရီက ပိုက်ဆံနောက်လိုက်ပြီး ပေါက်ပန်းလေးဆယ်တွေလိုက်လုပ်နေတဲ့လူဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီသိုး ၂ ကောင်ကအစပြုပြီး မွေးမြူရေးခြံ ၂ ...
movie

Bring Them Down (2024)

’71 (2014) 7.2
’71 (2014) '71 (2014) **************IMDb....7.2,,,Rotten....95 (ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့....) ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေ မဟုတ်တဲ့အပြင်တခြားသူဒုက္ခရောက်နေမှ ပျော်နေတဲ့သူတွေမဟုတ်ကြဘူး... သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်......တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက်ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်... သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်းဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်...ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ  မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင် ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014)အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း ပုံစံပေးချက်က မညှာတာ....သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်...'71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာသင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်...တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက်အသတ်ခံလိုက်ရတယ်....တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာသူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ...ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်... File Size : 2.05 GB and 825 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:39:00 Genre : ...
movie

’71 (2014)

Dunkirk (2017) 7.9
Dunkirk (2017) Dunkirk (2017)IMDb Rating (7.9) / Rotten Tomatoes (92%)စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ “You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး ...
movie

Dunkirk (2017)

2017
4K HEVC IMAX
The Banshees of Inisherin (2022) 8.1
The Banshees of Inisherin (2022) The Banshees of Inisherin (2022)ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ...
movie

The Banshees of Inisherin (2022)

2022
The Batman (2022) 8.3
The Batman (2022) ဒါလည်း အားလုံးကြည့်ချင်နေမယ့် ရုပ်ရှင်ပါပဲ။ Rating 8.3 ထိ ရထားတဲ့ တစ်မျိုးဆန်းသစ်တဲ့ ဇာတ်လမ်းပါပဲ။ မင်းသားကလည်း တွိုင်းလိုက်ရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဒါမှမဟုတ်နာမည်ကျခဲ့တဲ့ ရောဘတ် ပတ်တီဆန်ပါပဲ။ ဒီအထဲမှာ catwoman ကိုလည်း မိတ်ဆက်ထားပြီး အဓိက ဗီလိန်ကတော့ ရစ်ဒလာ ဆိုတဲ့ နာမည်ကျော်ဘတ်မန်းဗီလိန်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း စုံထောက်ဆန်ဆန် ပဟေဠိတွေနဲ့ တည်ဆောက်ထားတာမို့ ထိုင်ရမထ ကြည့်ချင်မယ့် ရုပ်ရှင်မျိုးပါပဲ။ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး။File size…(4.4 GB)/(1.8 GB)/(1 Gb)/( 500 Mb) Quality….WEB-DL 4K HEVC / 1080p / 720p / 480p Format…mp4 Duration….02:56:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson, Nyeinsaeya Aung Translated by Mr. Anderson 
movie

The Batman (2022)

4K HEVC Web-DL
Eternals (2021) 6.8
Eternals (2021) Eternals (2021)=============IMDb Rating - 6.8/10မာဗယ်ရဲ့ စူပါဟီးရိုးအသစ်တွေ လာပါပြီ။မူလပထမအစမှာ.... ဧကဖြစ်တည်မှု ၆ ခု မတိုင်ခင်၊ ဖန်ဆင်းမှုကြီးမတိုင်ခင် ဖန်ဆင်းရှင်များရှိခဲ့ပါတယ်။ မဟာဖန်ဆင်းရှင် အာရစ်ရှမ်ဟာ ပထမဆုံးသော နေကို ဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့တယ်ပေါ့။ အဲ့လိုနဲ့ သက်ရှိတွေ စတင်ဖြစ်ပေါ်လာပြီး ဟန်ချက်ညီစွာ သာယာဝပြောခဲ့ကြတယ်။ အဲ့ဒီလိုပဲ အာကာသရဲ့ နက်ရှိင်းတဲ့နေရာတွေဆီမှာလည်း ဒီးဗီးယန့်ဆိုတဲ့ထူးခြားတဲ့ မျိုးစိတ်တွေ ဖြစ်ပေါ်လာပြီးအသိဉာဏ်ရှိ သက်ရှိတွေကို စားသုံးလာကြတဲ့အခါစကြဝဠာကြီးလည်း ကစင့်ကလျားဖြစ်ကုန်ပါတော့တယ်။ ဒီလိုဖြစ်ပျက်နေတဲ့ သဘာဝတရားကိုပုံမှန်ဖြစ်စေဖို့ အာရစ်ရှမ်ဟာ အိုလမ်ပီယာဂြိုလ်မှ မသေမျိုးသူရဲကောင်းတွေဖြစ်တဲ့ အီတာနယ်တွေကိုစေလွှတ်ပြီး ဒီးဗီးယန့်တွေကို ရှင်းလင်းစေခဲ့တယ်။ မဟာအီတာနယ် အာဂျက်ဦးဆောင်တဲ့အီတာနယ်တွေဟာ အာရစ်ရှမ်အပေါ်ကို စွဲစွဲမြဲမြဲသစ္စာရှိခဲ့ပေမဲ့ တာဝန်တစ်ခုနဲ့တွေ့လာတဲ့အခါအရာရာ ပြောင်းလဲသွားပါတော့တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (4.22 GB) / (2.89 GB) / (1.5 ...
movie

Eternals (2021)

2021
4K HEVC Web-DL
The Green Knight (2021) 7.4
The Green Knight (2021) The Green Knight (2021)====================IMDb Rating - 7.4/10ကျွန်တော်ငယ်ငယ်တုန်းက ကြီးကျယ်ခန်းနားတဲ့ စွန့်စားခန်းတွေအကြောင်း ပုံပြင်တွေ နားထောင်ရရင် အရမ်းပျော်ပါတယ်။ပုံပြင်ပြီးသွားရင်တောင် အတွေးထဲက သူရဲကောင်းကြီးကတော့ စွန့်စားခန်းတွေ ဆက်ဖွင့်နေတုန်းပါပဲ။တစ်ခါတစ်လေ အိပ်မက်ထဲထိတောင် ရောက်လာပြီ ဘီလူကြီးတွေ နဂါးကြီးတွေနဲ့ ရင်ဆိုင်နေလိုက်ပါသေးတယ်။ဒီလိုနဲ့ အရွယ်ရောက်လာတော့ အဲဒီပုံပြင်တွေကိုသာ ရုပ်ရှင်အဖြစ် ရိုက်ကူးကြရင် ဘယ်လိုများဖြစ်မလဲ စိတ်ကူးကြည့်ဖူးပါတယ်။သင်လည်းအဲ့လိုစိတ်ကူးဖူးတယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။The Green Knight 2021 ဟာ ဂန္ဓဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဘုရင်အာသာရဲ့ တူဖြစ်သူ ဆာဂါဝင်ရဲ့ စွန့်စားခန်းအကြောင်းကိုပြန်ရိုက်ကူးထားတာပါ။ဒါရိုက်တာ David Lowery ရဲ့ ရိုက်ချက်တွေကို ကြည့်ဖို့သက်သက်နဲ့တင် ဒီကားက ကြည့်ဖို့တန်တဲ့ကားတစ်ကားပါ။ဂန္ဓဝင်ဇာတ်လမ်းတစ်ပုဒ်ကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပုံဖော်ထားတဲ့ အနုပညာမြောက်ကားတစ်ကားလို ပြောလို့ရပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့လည်း အော်စကာဆုရ Slumdog Millionaire ဇာတ်ကားရဲ့ မင်းသား Dev Patel က ဂါဝင် အနေနဲ့ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie

The Green Knight (2021)

2021
Black 47(2018) 7.0
Black 47(2018) Black 47(2018) IMDb.....7.0 ဒီကားလေးကတော့ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကြီးကျရောက်တဲ့ကာလကိုအခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ IMDb rating 7.0 အထိရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကျရောက်ပြီး သီးနှံလည်းမဖြစ်ထွန်း အနာရောဂါတွေနဲ့ လူတွေများစွာသေကျေပြီး အင်္ဂလန်၊ အမေရိကစတဲ့ဒေသတွေဆီကို အိုင်းရစ်လူမျိုးတွေထွက်ခွာနေရတဲ့အချိန်မှာ ဗြိတိန်စစ်တပ်အတွက် ပြည်ပမှာတိုက်ခိုက်ပေးခဲ့တဲ့အိုင်းရစ်စစ်သည်တစ်ယောက်ရှိတယ်.. သူဟာ မိမိနေရပ်ကိုပြန်လာချိန်မှာ ဒီလိုစိတ်ထိခိုက်စရာအဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရတဲ့အပြင် သူ့ရဲ့မိသားစုတွေနဲ့အခြားအိုင်းရစ်လူမျိုးတွေ ဗြိတိန်ရဲ့ဖိနှိပ်မှုတွေခံနေရတာ သတ်ဖြတ်ခံရတာတွေကိုပါ တွေ့မြင်လိုက်ရတော့ သူ့မိသားစုနဲ့ သူ့လူမျိုးအတွက်တစ်ကိုယ်တော်အာခံတိုက်ခိုက်လက်စားချေတော့တာပါပဲ။ Action/Drama ကားကြိုက်တဲ့သူတွေအတွက် စိတ်မပျက်စေမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (850 MB) and (303 MB) Quality :720p WEBRip, Format…mp4 Duration…01:40:00 Genre : Action , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae
movie

Black 47(2018)

American Animals (2018) 7.6
American Animals (2018)  ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာကအတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ်ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ်IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူးအကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်ကတကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ်ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာသန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါသူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေကသူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲအတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်ကပြန်ပြောပြထားပါတယ်....ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှမကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံးဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။
movie

American Animals (2018)

2018
The Killing of a Sacred Deer (2017) 7.6
The Killing of a Sacred Deer (2017) အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၇ နိုဝင်ဘာမှာ အသစ်ထွက်လာတဲ့ The Killing of a Sacred Deer ဆိုတဲ့ ဇာတ်ကားလေးပါ။ဒီကားမှာတော့ ဒေါက်တာစတီဗင်ဟာ သူ့ဇနီးရယ် ကလေးနှစ်ယောက်ရယ်နဲ့ အပြစ်ကင်းစင်တဲ့မိသားစုလေးကို အိမ်ထောင်ဦးစီးနေတဲ့ အောင်မြင်ကျော်ကြားတဲ့နှလုံးအထူးကုခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့ဘဝထဲကို စိတ်အနှောင့်အယှက်ဖြစ်စရာနည်းလမ်းတွေနဲ့ တဖြည်းဖြည်းချင်းဝင်ရောက်လာတဲ့သူကတော့ အဖေမရှိတော့တဲ့ဆယ်ကျော်သက်ကောင်လေးမာတင်ပါ။မကြာခင်မှာ မာတင်ဟာ သူတို့မိသားစုရဲ့ပျော်ရွှင်မှုလေးတွေကို ထာဝရဖျက်စီးပစ်မယ့် အတိတ်က အတော်ကြာမေ့ထားခဲ့တဲ့ သူ့ရဲ့အပြစ်ကျူးလွန်ခဲ့မှုကို ဖော်ထုတ်ချိန်မှာ မာတင်ရဲ့ရည်ရွယ်ချက်ဟာ လုံးလုံးလျားလျားပေါ်လွင်လာပါတယ်။မာတင်က ဘယ်သူလဲ။ဘာလို့ ဒေါက်တာစတီဗင်တို့ပျော်စရာမိသားစုလေးကို ဖျက်စီးဖို့ ကြိုးစားရတာလဲဒေါက်တာကရော ဘာအပြစ်တွေ ကျူးလွန်ခဲ့တာလဲ။နောက်ဆုံးမှာ ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦးIMDb rating 7.6 အထိရထားတဲ့ ကားလေးမို့ ကြည့်ပြီးရင် စိတ်မပျက်စေရပါဘူး။တကယ်ကိုကြည့်ဖို့ ထိုက်တန်တဲ့ ဇာတ်ကားတစ်ကားပါ။File Size : (950 MB) Quality : WEB-DL 720p Running Time : 2hr 1min Format : Mp4 Genre ...
movie

The Killing of a Sacred Deer (2017)

2017