Channel Myanmar

Barbara Philipp

Vena (2024) 7.4
Vena (2024)  Vena (2024)IMDb Rating (7.4) ဂျန်နီဟာ သူ့ရဲ့အတူနေချစ်သူနဲ့မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်။မိသားစုဘ၀ကိုလိုချင်ပေမယ့်လည်းငယ်ရွယ်သူဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေတစ်ခုပြီးတစ်ခုအပြင် မိခင်ဖြစ်သူရဲ့အုပ်ထိန်းမှုအောက်က သူ့ရဲ့သားဦး၊လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေ ရှောင်ထွက်ဖို့အလွယ်လမ်းကိုလိုက်ရင်း မူးယစ်ဆေးရဲ့သားကောင်အဖြစ်ကလည်းရုန်းမထွက်နိုင်တဲ့အတွက် သူ့ဘ၀ဟာ ထွက်ပေါက်မဲ့ မွန်းကြပ်စရာအတိပါပဲ။ဒါပေမယ့်လည်း ဘယ်တုန်းကသူ့ဆီမှာရှိနေမှန်းမသိတဲ့ မိခင်စိတ်တစ်ချို့ရုန်းကြွလာချိန်မှာတော့ ဂျန်နီတစ်ယောက်အတိတ်ကအမှားတွေမှန်သမျှကိုပြုပြင်ဖို့ကြိုးစားရင်း၊ သူ့အနာဂတ်အတွက် သူ့ကလေးလေးအနာဂတ်အတွက်မကောင်းနိုင်တဲ့ပတ်ဝန်းကျင်ကသူတွေကိုပါရှောင်ဖယ်ရုန်းထွက်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ၊ ထင်မှတ်မထားသူတွေဆီကအကူအညီနဲ့ ကြိုဆိုမှုတွေကို မြင်တွေ့ရမှာပါ။သူ့အတွက် ပြင်ဆင်ချိန်ဟာ တကယ်တမ်းမှီနိုင်သေးရဲ့လား?ဘာလင်မြို့မှာကျင်းပခဲ့တဲ့ First Steps Awards ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု ဓာတ်ပုံဆုတွေ ရရှိခဲ့ပြီးဝေဖန်ရေးဆရာတွေရဲ့အကောင်းမြင်မှတ်ချက်တွေရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ကလေးမွေးတဲ့အခန်းကိုကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ပြထားတာတွေနဲ့ လိင်ဆက်ဆံခန်းတစ်ချို့၊မူးယစ်ဆေးအသုံးတွေကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေနိုင်ပါ။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.5 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:56:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

Vena (2024)

2024
System Crasher (2020) 8.0
System Crasher (2020) ဒီ System Crasher ဂျာမန်လို system sprenger ဆိုတဲ့ကားလေးIMDB မှာဆို 8.0 နဲ့ Rotten Tomatoes မှာဆိုရင် 92%ထိ ရထားတဲ့ ဂျာမန်ကားလေး။ဆုတွေလည်း အများကြီးရထားတယ်။ဇာတ်လမ်းအကြောင်းမပြောခင် ဒါရိုက်တာ အကြောင်းလေးကနေ စပြောလိုက်အုံးမယ်။ဒါရိုက်တာက Nora Fingscheidt တဲ့။သူက ဂျာမန်အမျိုးသမီး အသက်ကလည်း 37လောက်ပဲ ရှိသေးတယ်။ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်။အရင်က သူက Documentary တွေပဲရိုက်တာ။ဇာတ်လမ်းကလည်းသူက ပြဿနာကလေးတွေအကြောင်းဂျာမန်က ကလေးတွေကိုစောင့်ရှောက်ပေးတဲ့ဂေဟာတွေစိတ်ရောဂါကုတဲ့ နေရာတွေမှာ သူတို့အချင်းချင်း ဘယ်လိုပြောတယ်ကလေးတွေကို ဘယ်လိုစောင့်ရှောက်တယ်ဆိုတာကိုသိချင်လို့ လေ့လာရင်းနဲ့ နေရာအများကြီးပြောင်းရတဲ့ကောင်လေးတယောက်ကိုသတိထားမိပြီး ဒီဇာတ်လမ်းလေးဖြစ်လာတယ်။System Crasher ဆိုတာက Menno Baumann က စသုံးခဲ့ပြီးအစကတော့ ပညာရှင်အသိုင်းအဝိုင်းကြားမှာပဲ သုံးပေမယ့်အခုအခါမှာတော့ ဂျာမန်ကလေးစောင့်ရှောက်မှု စနစ်မှာ သုံးတဲ့စကားဖြစ်လာတယ်။အဲဒါကြောင့် ...
movie

System Crasher (2020)