Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Barbara Hershey
8.0
Black Swan (2010)
Black Swan ( 2010 )IMDb Rating (8.0) / Rotten Tomatoes (85 %)Black Swanရဲ့ ဒါရိုက်တာ Darren Aronofsky ဟာ Requiem for a Dream, The Whale , The Wrestler , Pi , Motherတို့လို အနုပညာအရ တော်တော်လေးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။ Black Swanဟာလည်း သူ့ရဲ့ အရေးပါတဲ့ မိုင်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ Best Picture, Best Director, Best Actress, Best Cinematography နဲ့ Best Film Editing စသဖြင့် အော်စကာငါးဆုဆန်ခါတင်ဝင်ခဲ့ပြီး အဓိကဇာတ်ဆောင်ဖြစ်တဲ့ နာတာလီပို့မန်း Best Actress ဆုကိုရသွားခဲ့ပါတယ်။ ပို့မန်းအတွက်လည်း Black ...
movie
Black Swan (2010)
2010
4K HEVC
5.3
Riding the Bullet (2004)
Stephen Kingရဲ့ Riding the Bulletဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတဲ့ကားပါ။ဒါရိုက်တာက အတော်ကြီးထဲမပါနေတာတောင် ဇာတ်အိမ်နဲ့ နောက်ခံစကားပြောတွေက တော်တော်ကြမ်းပါတယ်။ကြည့်နေတုန်းက ဒီကားက ဇာတ်အိမ်နဲ့ အဖြစ်အပျက်တွေ Narrativeတွေက ကားနဲ့မလိုက်အောင် ဘာလို့လန်းနေတာလဲလို့ တွေးမိပေမဲ့ကားဆုံးလို့ စတိုရီက ဘယ်သူလဲရှာတော့ စတီဖင်ကင်းမှန်းသိတော့ အံ့ဩစရာတော့မဟုတ်တော့ဘူး။စတီဖင်ကင်းဝတ္တုကတော့ စတီဖင်ကင်းဝတ္တုလို့ပဲပြောရမှာပါပဲ။စတီဖင်ကင်းရဲ့ ဟော်ရာကားမဟုတ်တဲ့ကားတွေ အားလုံးနီးပါးက Narrativeပိုင်းတွေ တော်တော်လှနေတတ်သကိုး။ကင်းဖန်ဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် ကြည့်သင့်တဲ့ကားပါပဲ။Ratingတွေကတော့ ကျန်တဲ့အချက်တွေကြောင့် မကောင်းလှပေမဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို Conceptလည်းလှပါတယ်။ပုံမှန်ဆိုလူတွေက ရှင်သန်ခြင်းကို ချစ်တတ်ကြပြီး သေခြင်းကို ကြောက်တတ်ပေမဲ့ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် အလန်ပါကာကတော့ သေခြင်းကိုချစ်ပြီး ရှင်သန်ခြင်းကိုကြောက်နေတဲ့လူပါ။ဒီလိုနဲ့ သူ့မွေးနေ့တစ်ရက်မှာ ရေချိုးကန်ထဲ သတ်သေဖို့လုပ်ပါတယ်။ဒီအချိန်မှာ သူ့ရည်းစားနဲ့ သူငယ်ချင်းတွေက Supriseတိုက်ဖို့ ရောက်လာလို့ သေရင်းတန်းလန်းနဲ့ ဆေးရုံရောက်သွားတယ်။ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီးနောက် ဂျွန်လန်နွန်ရဲ့ရှိုးပွဲကိုသွားကြည့်ဖို့လုပ်ကြတုန်း သူ့အမေက လေဖြတ်သွားလို့ ဆေးရုံရောက်နေတာကို သိလိုက်ရတယ်။ဒီလိုနဲ့ရှိုးပွဲသွားဖို့အစီအစဉ်ကိုဖြတ်ပြီး သူ့အမေရှိတဲ့ မိုင်ပေါင်းများစွာအကွာက ...
movie
Riding the Bullet (2004)
7.5
Strange Darling (2024)
Strange Darling (2024)IMDb Rating (7.5) / Rotten Tomatoes (95%) Horror, Thriller ကားသစ်တစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတာ ဟုတ်ချင်ဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူးဆိုတဲ့ကားအမျိုးအစားပါပဲ။ဇာတ်ကွက်ကို အစဉ်လိုက်ဖော်ပြတာမဟုတ်ဘဲ Non-linear အနေနဲ့ Chapter အခန်းတစ်ခုစီနဲ့ ၆ ခန်း ပြသထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစဉ်လိုက်ကတော့ ကြည့်ပြီးရင် အလိုလို ရှင်းသွားမှာပါ။ဒီအတိုင်းစီထားတာ ဖြစ်ပါတယ်။Chapter 3: WILL YOU HELP ME? PLEASE?Chapter 5: HERE KITTY, KITTYChapter 1: MISTER SNUFFLEChapter 4: THE MOUNTAIN PEOPLEChapter 2: DO YOU PARTY?Chapter 6: WHO'S GARY ...
movie
Strange Darling (2024)
2024
7.4
Hoosiers (1986)
"Hoosiers" ဆိုတဲ့ ၁၉၈၆ ခုနှစ်ထွက် ရုပ်ရှင်ဟာ အားကစားပြိုင်ပွဲပေါ်မှာ အခြေခံထားတဲ့ အားကစားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။"Hoosiers" ဟာ Norman Dale (Gene Hackman) ဆိုတဲ့ နိုင်ငံကျော် ဘတ်စကက်ဘောနည်းပြတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီး၊ သူက မြို့ငယ်တစ်မြို့ရဲ့ အားကစားအဖွဲ့ကို သင်ကြားရင်း သူ့ရဲ့ ကစားသမားလေးတွေနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရပါမယ်။ဒီရုပ်ရှင်ဟာ အားကစားရုပ်ရှင်များထဲမှာ အထူးအဆန်းဖြစ်ပြီး၊ မျက်နှာချင်းဆိုင် သဘောထား၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ်တို့ကို အထင်ကြီးစေမှာပါ။ ဇာတ်လမ်းတစ်ခုလုံးက အားပေးမှုအပြည့်နဲ့ ရင်သပ်ရှုမောစေမှာပါ။Gene Hackman နဲ့ Dennis Hopper တို့ရဲ့ သရုပ်ဆောင်မှုကလည်း အလွန်ထူးချွန်ပြီး၊ ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။ ဇာတ်လမ်းက အားပေးစကားတွေနဲ့ ပြည့်နေပြီး၊ ပြိုင်ဘက်အားပြိုင်မှုတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစေမှာပါ။ "Hoosiers" ဟာ အားကစားရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက် ကြည့်ရှုပေးကြပါဦး။ File size…(2.5 GB)/(1.6 GB) Quality….Blu-Ray 1080p ...
movie
Hoosiers (1986)
6.7
Insidious: The Red Door(2023)
Insidious: The Red Door(2023)***************************** နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲကနောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောကမကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ၅ ကားရဲ့နာမည်တွေကတော့ Insidious 2011 Insidious: Chapter 2 2013 Insidious: Chapter 3 2015 Insidious: The Last Key 2018 Insidious: The Red Door 2023 တို့ပါပဲ။ဒီငါးကားထဲမှာ ဘယ်သူ့မေးမေး ပထမဆုံး ရုပ်ရှင်က ကြောက်စရာအကောင်းဆုံးလို့ ပြောမှာပါပဲ။ကျန်တဲ့ရုပ်ရှင်တွေလည်း မဆိုးလှပေမဲ့ ဂျိမ်းစ်ဝန် ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ မမီကြပါဘူး။ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilsonကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကိုမေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ...
movie
Insidious: The Red Door(2023)
4K HEVC
7.6
Falling Down (1993)
Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Falling Down (1993)
9 Bullets (2022)
9 Bullets (2022) ရုပ်ရှင်အညွှန်း ======================= လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့...- ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...?- အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...?- လွတ်မြောက်သွားနိုင်ပါ့မလား...?Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီးကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမိုThriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ...
movie
9 Bullets (2022)
2022
5.8
Insidious: The Last Key (2018)
ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲအဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင်ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့်ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီးသူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကိုရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ်အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ......ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious: The Last Key (2018)
2018
6.8
Insidious (2010)
အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက်ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ...ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious (2010)
2010
6.6
Insidious: Chapter 2 (2013)
ဒီအပိုင်း ၂ မှာတော့ ဒေါလ်တွန် ရဲ့ ဖခင် ဂျော့ချ် ငယ်ရွယ်စဉ်ကသူ့အနောက်ကို လိုက်နေခဲ့တဲ့ မကောင်းဆိုးဝါး မိန်းမကြီး အကြောင်းကို နောက်ကြောင်းပြန်တဲ့ အခန်းတွေပါဝင်လာခဲ့ပါပြီ ဒီ အပိုင်း ၂ မှာတော့ အဲလိစ် မရှိတော့ ပေမယ့် အဲလိစ် ရဲ့ နောက်လိုက် ၂ ယောက်နဲ့မိတ်ဆွေ ဟောင်းတို့က ဂျော့ချ် ရဲ့ ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါးကို ဖယ်ထုတ်ဖို့ ကြိုးစားရတော့မဲ့အချိန်ပဲ ဖြစ်ပါတော့တယ်...ဒီ Insidious Chapter 2 ကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious: Chapter 2 (2013)
2013
6.3
The 9th Life of Louis Drax (2016)
2016 ခုနှစ်ထွက်ထားတဲ့ psycho ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက စိတ်ရဲ့ ဆန်းကြယ်မူ စိတ်ပညာရဲ့ မယုံနိုင်စရာ ထူးခြားမူတွေကိုပုံဖော် ရိုက်ကူး ပြထားတာပါ psychologist နာမည်ကြီးစာရေးဆရာ The Rapture ရဲ့ အရောင်းကောင်းဆုံး ၀တ္ထု Mail On Sunday ကို အသက်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ စိတ်ပညာရှင်တယောက် သူဟာ ရုပ်နာမ်လွင့်တာကို စမ်းသပ်ချင်ဖို့ စိတ်အားထက်သန်နေတဲ့သူ တစ်နေ့မှာ သူ့ ဆန္ဒတွေ ပြည့်ဝဖို့အကြောင်းဖန်လာပြီး စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေးတစ်ယောက်နဲ့ ဆုံမိတဲ့အခါမှာတော့ ရုပ်နာမ် လွင့်တာကို စမ်းသပ်ရင်း တကယ့် အတုအယောင်နာမ်လောကကြီးထဲက နေ ကောင်လေး ပြန်လွတ်မြောက်လာ နိုင်မလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - 720p BlurayDuration - 1hr 45minGern - Thrill / MysteryEncoder - Kyaw Ye Aung
movie
2016