Channel Myanmar

Baptiste Lecaplain

Nice Girls (2024) 5.5
Nice Girls (2024)  ပြင်သစ်ဟာသဇာတ်လမ်း‌လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ လျူလီမန်ဟာ သူနဲ့မောင်နှမလိုရင်းနှီးတဲ့လူဒိုပျောက်လို့လိုက်ရှာနေပါတယ်။နှစ်ယောက်လုံးကစုံထောက်‌တွေဖြစ်ကြပြီး လူဒိုပျောက်တာဆယ်‌ရက်လောက်ရှိနေပါပြီ။တစ်ဖက်မှာလည်း နိုင်ငံတကာထိပ်သီးအစည်းအဝေးပွဲရှိတဲ့အတွက်ရဲဌာနတစ်ခုလုံးက လုံခြုံရေးပေးရဖို့အလုပ်ရှုပ်နေတဲ့အတွက်လျူလီမန်တစ်ယောက်ပဲ လူဒိုကိုအသည်းအသန်ရှာဖွေနေပါတယ်။အဲ့အချိန်မှာ လေဆိပ်မှာလူဒိုကိုရှာတွေပြီဆိုသတင်းကြားတာနဲ့သွားကြည့်တဲ့အခါမျှော်လင့်ထားသလိုမဟုတ်ဘဲ လူဒိုအလောင်းကိုသာပြန်ရပါတယ်။စုံထောက်တစ်ယောက်ကဂျာမနီမှာသေဆုံးတာဖြစ်တဲ့အတွက်သတင်းမပေါက်ကြားစေဖို့ပြည်ထဲရေးက အမိန့်ချလိုက်ပြီးစုံစမ်းဖို့အတွက်ဂျာမန်စုံထောက်တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ဂျာမန်စုံ‌ထောက်နဲ့ လျူလီမန်စုံစမ်းတဲ့အခါ မြို့မျက်နှာဖုံးအိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်နဲ့ ပက်သက်နေတာကို သိသွားတဲ့အခါမှာတော့...... File size…1.92GB / 1.08GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Nice Girls (2024)

Asterix: The Mansions of the Gods(2014) 6.7
Asterix: The Mansions of the Gods(2014) Asterix: The Mansions of the Gods(2014)**************************************ရောမဘုရင် ဂျူးလီယက် ဆီဇာဟာတိုက်ပွဲတိုင်းကိုနိုင်ကာနယ်မြေများစွာသိမ်းပိုက်နိုင်ပေမဲ့လည်း ဂေါလ်လူမျိုးတွေနေထိုင်ရာအာမိုးရခ်ဒေသကရွာလေးကိုတော့ မသိမ်းပိုက်နိုင်ပါဘူး။ အကြောင်းအရင်းကတော့ ဂေါလ်သူရဲကောင်း အက်စတီးရစ်နဲ့ လူသန်ကြီး အော့ဘလိဇ်တို့က ကာကွယ်ပေးနေလို့ပါပဲ။ ရွာကဆရာတော်ရဲ့မှော်ဆေးရည်အစွမ်းကိုလည်းကြောက်ရသေးတာကိုး။ ဒီဇာတ်ကားမှာတော့ ဘုရင် ဆီဇာဟာ အာမိုးရခ်ဒေသကတောအုပ်ထဲမှာ သူ့အိမ်တော်လာဆောက်ချင်တာပါ။ ဘုရင်ဖြစ်တဲ့အတိုင်း အတင်းအကြပ်လာဆောက်တော့ နယ်ခံဖြစ်တဲ့ အက်စတီးရခ်တို့ကလည်း တောအုပ်ကိုကာကွယ်ရင်း ရွာသားတွေနဲ့ ရောမသားတွေ ကြားအလွဲလွဲအချော်ချော်တွေကို ထိုင်ခွီရမယ့်ကားလေးပဲဖြစ်ပါတယ် File Size : (1.3GB) and (652MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae    
movie

Asterix: The Mansions of the Gods(2014)