Channel Myanmar

Baiju Johnson

Pokkiri Raja (2010) 5.2
Pokkiri Raja (2010) Pokkiri Raja (2010) "ရာဂျာ" IMDb - 5.2Bramayugam (2024)ဖြူမည်းရုပ်ရှင်က မလေယာလမ်မင်းသားကြီး Mammootty၊ The Goat Life (2024)ထဲက မင်းသား Prithviraj Sukumaranတို့ရဲ့ ၂၀၁၀ကထွက်ရှိခဲ့တဲ့ မလေယာလမ်းအက်ရှင်ဇာတ်ကြမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ရွာတစ်ရွာထဲမှာ ရွာ့မျက်နှာဖုံးမိသားစုနှစ်ခုက နည်းနည်းမှမတည့်ကြ။ ဘုရားပွဲကျင်းပဖို့အတွက် ဦးစီးဦးဆောင်လုပ်ဖို့အရေး မိသားစုနှစ်ခုပေါင်းစည်းဖို့ ရွာလူကြီးကပြောပေမဲ့ နှစ်ဘက်လုံးလက်မခံလို့ မယ်တော်အရှင်မဆီက ဆုံးဖြတ်ချက်ကို လက်ခံဖို့သဘောတူခဲ့ကြတယ်။ ဒီမှာပဲ ကျောင်းဆရာမိသားစုက ဦးဆောင်ကျင်းပခွင့်ရပါရော။ဒါပေမဲ့ တစ်ဘက်မိသားစုကဆယ်ကျော်သက်ကောင်လေး ပွဲကိုဖျက်ဆီးဖို့လုပ်တဲ့အချိန် သေသွားခဲ့ရာကစ ကျောင်းဆရာရဲ့ သားအကြီးဖြစ်သူ ထောင်ကျသွားပါတယ်။ ဒီမှာပဲ သေသွားတဲ့မိသားစုဘက်က အငြိုးကြီးကြီးထားတော့တာပေါ့။ ထောင်ကျသွားတဲ့သားကြီး နှစ်ချီပြစ်ဒဏ်ခံပြီး ပြန်လွတ်လာတဲ့အချိန် သွားကြိုကြတဲ့အခါမှာတော့ အငြိုးတရားကြောင့်ဖြစ်ပေါ်လာတဲ့ သတ်ခန်းဖြတ်ခန်းအက်ရှင်ဇာတ်ကြမ်းတွေနဲ့ မိသားစုကြားက သံယောဇဉ်တွေ ချစ်ခြင်းတရားတွေကို ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 5.98 GB / 2.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Pokkiri Raja (2010)

Vishesham (2024) 8.5
Vishesham (2024) Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီးIMDb - 8.6/10လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးက ကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့ အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီး တစ်ကိုယ်တည်းပဲနေတော့တာပေါ့။ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင် တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့ လက်ခံလိုက်ပါတော့တယ်။နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့ အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့ လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…1.9GB / 939MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vishesham (2024)

Pathonpatham Noottandu (2022) 8.0
Pathonpatham Noottandu (2022) Pathonpatham Noottandu 2022IMDb-8/10ဒီဇာတ်ကားလေးကတော့ 19ရာစုနှစ်ကအဖြစ်အပျက်တွေကို အခြေတည်ထားတဲ့ ဇာတ်ကားလေးပါ အာရတုပူဂါဗေလာယုဒပါနီကာဟာ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ထကာဗန်ကိုးနိုင်ငံရဲ့ ဇာတ်နိမ့်ကိုယ်ခံပညာရှင်တစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့ရတာပါ...တစ်ချိန်တည်းမှာပဲ နန်ဂီလီဆိုတဲ့ဆင်းရဲတဲ့ဇာတ်နိမ့်မိသားစုက မိန်းကလေးတစ်ယောက်ဟာ လူကုံထံတွေရဲ့အနိုင်ကျင့်မှု လူမျိုးခွဲခြားမှုတွေကို ရင်ဆိုင်ဆန့်ကျင်နေတဲ့သူပေါ့... ဇာတ်မြင့်ဇာတ်နိမ်တွေခွဲခြားခံရပေမယ့် မဟုတ်ရင်မခံတဲ့စိတ်ကြောင့် ချီကာဗာဟာ လူကုံထံတွေရဲ့ချောက်ချမှုကြောင့်အကျဥ်းထောင်သွင်းခံခဲ့ရပါတယ်..ဒါပေမယ့် ဘုရင်မကြီးရဲ့အကူအညီနဲ့လွတ်မြောက်ခဲ့ရပြီး သူ့ကိုဘုရင်မကြီးက ဘယ်လိုတာဝန်တွေပေးခဲ့လဲ.... နန်ဂီလီကရော...ဇာတ်နိမ့်မိသားစုတွေအတွက် ဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပေးဆပ်သလဲဆိုတာ... စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး.... File size…8.74GB / 2.89GB  / 1.59GB Quality…4k HEVC/  1080p HQ HD RIP / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Thet Ko ~ Poe
movie

Pathonpatham Noottandu (2022)

2022
4K HEVC
Aaraattu (2022) 5.1
Aaraattu (2022) Aarattu(2022)2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင်ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းကရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကိုအစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်​တောင်းရမ်းပါတော့တယ်။ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာB. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ  File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte ...
movie

Aaraattu (2022)

2022