Channel Myanmar

Bai Ling

Anna and the King (1999)
Anna and the King (1999) Anna and The King (1999)ဒီဇတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇတ်ကားပဲဖြစ်ပါတယ်။အင်္ဂလိပ်အမျိုးသမီးအန်နာလီယွန်နိုဝမ်စ်က ထိုင်းဘုရင်မောင်းကွတ်ရဲ့ သားတော်သမီးတော်တွေကို အင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကိုပြန်လာတဲ့အခါ ခရီးသွားမှတ်တမ်းတွေကိုရေးခဲ့ပါတယ် ။အဲဒီမှတ်တမ်းတွေကိုအခြေခံပြီး စာရေးဆရာမ Margaret London(မာဂရက်လန်ဒန်) က Anna and The King ဝတ္ထုကိုရေးခဲ့ပါတယ် ။ဒီဇတ်ကားကမာဂရက်လန်ဒန်ရဲ့ ဝတ္ထုကိုရိုက်ထားတာပါ။ဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြသလို တီဗွီစီးရီးစ်တွေနဲ့ အန်နီမေးရှင်းရုပ်ရှင်အဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်။ဂျိုးဒီဖော်စတာ(အန်နာ) နဲ့ ချောင်ယွန်ဖက်( ဘုရင်မောင်းကွတ်)တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Anna and The King ကဝင်ငွေအရအောင်မြင်ပေမဲ့ သမိုင်းအရမတိကျတာတွေပါလို့ ထိုင်းမှာပြသဖို့ပိတ်ခံရပါတယ်။ဇတ်လမ်းအကျဥ်းအင်္ဂလိပ်အမျိုးသမီး အန်နာလီယိုနိုဝမ်စ်ဟာ သူ့သားလူးဝစ်နဲ့အတူ ထိုင်းနိုင်ငံကိုထိုင်းဘုရင်ရဲ့ဖိတ်ကြားချက်နဲ့အတူ ထိုင်းဘုရင်မောင်းကွတ်ရဲ့ကလေးတွေကိုစာသင်ဖို့ ရောက်လာပါတယ်။အန်နာ ဘုရင်နဲ့တွေ့ဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက် တွေ့ဖို့သွားတော့ကြန့်ကြာနေပြီး နောက်ထပ်ထပ်စောင့်ရမလိုဖြစ်တော့ အန်နာက ရဲရဲရင့်ရင့်ပဲ ဘုရင်ကိုဝင်တွေ့လိုက်ပါတယ်။စာသင်နေတုန်း သူ့သားလူးဝစ်နဲ့အိမ်ရှေ့မင်းသားချူလာလောင်ကွန် ထရန်ဖြစ်နပန်းလုံးကြပါတယ်။နှစ်ယောက်လုံးကို အပြစ်ပေးတဲ့အနေနဲ့ စာလုံးတစ်ထောင်ရေးခိုင်းပါတယ်။အဲဒီညမှာပဲမင်းသားချူလာလောင်ကွန်နဲ့အန်နာနားလည်မှုရသွားပါတယ်။နောက်တော့ချူလာလောင်ကွန်နဲ့ လူးဝစ်နဲ့လည်း ပြန်တည့်သွားပါတယ်။အဲဒီညက ကျွန်မတစ်ယောက်ကို အခန်းတစ်ခုထဲမှာ သံကြိုးခတ်ပြီးထားထားတာကို အန်နာနဲ့ချူလာလောင်ကွန်တွေ့ပြီးအဲဒီအမှုလည်း အန်နာ့ကြောင့် ဘုရင့်ဆီရောက်ပြီး ကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ကလေးတွေက အန်နာစသင်တာကိုကြိုက်ကြပြီး အန်နာ့ကိုလည်းချစ်ကြပါတယ်။ အန်နာကမိဘုရားနဲ့ကိုယ်လုပ်တော်အချို့ကိုလည်းစာသင်ပေးရပါတယ်။ဘုရင်က အင်္ဂလိပ်မှူးမတ်တွေနဲ့သံတမန်တွေဖိတ်ပြီး ...
movie

Anna and the King (1999)

Desert Fiends (2024) 5.2
Desert Fiends (2024)    Desert Fiends (2024)ဒီကားက Horror vibe နဲ့ Crime vibe ကို ကြိုက်တတ်တဲ့ လူတွေအတွက်တော့ မိုက်မယ်ထင်ပါတယ်။သွေးထွက်သံရဲတွေအများကြီးပါတာမို့ စိတ်ခိုင်မှကြည့်ဖို့ ပြောချင်ပါတယ်။18+ ဆိုပေမယ့် ကျွန်တော်ကတော့ 21+လို့တောင် ထားချင်ပါတယ်။ ဆဲဆိုတာတွေလည်းအများကြီးပါတော့ ကလေးတွေကြည့်လို့မသင့်တော်ပါဘူး။ဇာတ်ကားအကျဉ်းScottဆိုတဲ့ကောင်လေးရယ် သူ့ကောင်မလေးရယ် သူ့ကောင်မလေးသူငယ်ချင်းတွေရယ်က ကန္တာရထဲက Music Festival ကို သွားကြပါတယ်။ကံဆိုးစွာနဲ့ပဲ အဲ့ကန္တာရထဲ Psychoလိုလို Zombie လိုလို မိသားစုတစုနေထိုင်ပြီး လိုက်မကိုက်ပဲ လိုက်သတ်စားတာပါ။သူတို့ကရော ဘာလို့လိုက်သတ်နေကြတာလဲ။ သူတို့တွေရော လွတ်မြောက်လာကြမလား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.9 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:47:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
movie

Desert Fiends (2024)

2024
Them, Behind the Door (2024) 6
Them, Behind the Door (2024) သဲထိတ်ရင်ဖို သရဲကားကြမ်းကြမ်းလေး ကြိုက်တယ်ဆိုရင် ဒီရုပ်ရှင်ကို ရွေးသင့်ပါတယ်။ ဘယ်အချိန် သရဲက ဘယ်လိုထွက်လာမလဲ ဘယ်သူက သရဲ ဘယ်သူက လူလဲဆိုတာတွေကို ထိတ်တလန့်လန့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ချန်ဝေးဟာ သမီးဖြစ်သူ ရှီးယာနဲ့အတူ အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျာ်းဆီက ပြေးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအမြင့်ဆုံးနေရာဖြစ်တဲ့ လိပ်ပြာတိုက်ခန်းကို ပြောင်းလာခဲ့ပြီးနောက် ထူးဆန်းတဲ့ ကိစ္စတွေကို အဆက်မပြတ်ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။တိုက်ခန်းထိန်းသိမ်းသူ ဘကြီးလျန်နဲ့ ခေါင်မိုးထပ်က ဦးလေးစန်းတို့က သူ့ကို ဒီတစ်ထပ်က မသန့်ရှင်းဘူးဆိုတာ အဆက်မပြတ်သတိပေးနေပြီး ပြောင်းနိုင်ရင် ချက်ချင်းပြောင်းသွားဖို့ ပြောပါတယ်။ဒါပေမဲ့ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် ဒီမှာပဲ ဆက်နေခဲ့ပါတယ်။တစ္ဆေတံခါးပွင့်ချိန်ရောက်တဲ့အချိန်မှာ လိပ်ပြာတိုက်ခန်းမှာ ထူးဆန်းထိတ်လန့်စရာ ကိစ္စတွေ ပိုပြီးတော့ ဖြစ်ပျက်လာခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက နေထိုင်သူတွေကတော့ မထူးဆန်းတော့သလိုပါပဲ။ ကုန်စုံဆိုင်က အဒေါ်စွင်း၊ တစ္ဆေမြင်ရတဲ့ အဒေါ်စွင်းရဲ့ မြေးလေး၊ သွက်လက်ပြီး သဘောကောင်းတဲ့ အစားထိုး ထိန်းသိမ်းသူ ရှောင်လျန် စတဲ့ နေထိုင်သူတွေနဲ့အတူ လိပ်ပြာတိုက်ခန်းမှာ ဘယ်လို ဇာတ်လမ်းမျိုးတွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 952 MB / 488 ...
movie

Them, Behind the Door (2024)

Down Below (2024) 5.5
Down Below (2024)  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြို့တစ်မြို့ကခရစ်စမတ်အကြိုနေ့မှာလူပေါင်းများစွာဟာ ဘုရားကျောင်းထဲမှာအဆိပ်ငွေ့တွေနဲ့အသတ်ခံရလိုက်တယ်။မစ္စတာမန်းဒေးဆိုတဲ့သူနဲ့ ကလေးတစ်ယောက်ကဒီကိစ္စရဲ့အဓိကတရားခံတွေပေါ့။နှစ်တွေကြာလာတဲ့အခါ ဒီမြို့မှာ အကြီးအကျယ်လူသတ်ခဲ့တာကို ဘယ်သူမှမသိကြတော့ဘူး။တစ်နေ့မှာမစ္စတာ မန်းဒေးဟာ လူတစ်ယောက်ချင်းစီရဲ့စိတ်ကူးအတွေးထဲကနေထွက်ပေါ်လာတယ်။ဒီထဲမှာ ကလေးငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့စွပ်စွဲခံထားရတဲ့ ဆဲလ်မ်၊ စိတ်ရောဂါခံစားနေရတဲ့ ဘန်ဒီနီ၊မိန်းမပျက်ဘဝနဲ့အသက်မွေးနေရတဲ့ ခရစ်စမာ တို့ဟာအတိတ်ကဖြစ်ရပ်တွေကိုတရိပ်ရိပ်ပြန်မြင်လာရတဲ့အခါမှတော့....  File size… (2.03 GB) / (946 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie

Down Below (2024)

The Keepers of the 5 Kingdoms (2024)
The Keepers of the 5 Kingdoms (2024) ပက်စီလီဆိုတဲ့ကောင်မလေးက အဖေသေသွားတာကြောင့် ပူ‌ဆွေးနေသူတစ်ဦး ။ ဒီလိုပုံမှန်အထက်တန်းကျောင်းသူလေးဘ၀ထဲကိုမတော်တဆ၀င်လာတဲ့အရာတစ်ခုကြောင့် ဆန်းကြယ်တဲ့ကမ္ဘာတစ်ခုထဲ၀င်သွားပြီး အိမ်ပြန်နိုင်ဖို့ဆိုရင် ငါးနိုင်ငံကိုအုပ်စိုးချင်နေသူ မိစ္ဆာသခင်မကိုနှိမ်နင်းနိုင်မှသာဖြစ်တယ် ။သူနဲ့သူငယ်ချင်းတစ်သိုက် အဘိုးဖြစ်တို့ဟာ ဒီအန္တရာယ်အပြည့်နဲ့ ကမ္ဘာထဲ ဘယ်လိုရုန်းကန်သွားကြမလဲ မကောင်းမှုကိုဘယ်လိုအနိုင်ယူသွားမလဲဆိုတာ‌ကိုကြည့်ရမှာပါ ။ ကလေးတွေကြိုက်မယ့် fantasy ဆန်ဆန် movie လေးပါ ။File size…(1.7 GB)/(967 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Adventure, Fantasy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin 
movie

The Keepers of the 5 Kingdoms (2024)

Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie

Detective Chinatown 2 (2018)

2018
She Hate Me (2004)
She Hate Me (2004)  ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie

She Hate Me (2004)

Crank (2006) 7.0
Crank (2006) မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ ဒီရုပ်ရှင်က မထင်မှတ်ဘဲ ပေါက်သွားပြီး ပရိတ်သတ်တွေအသည်းစွဲရတဲ့ အက်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ Non-stop အက်ရှင်တွေက တစ်ကားလုံးထိုင်ရာမထဆွဲဆောင်သွားမှာပါ။ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာအသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။Chev Chelios ကို ရန်သူတွေက ဖမ်းမိတဲ့အခါမှာ တခါထဲအပြတ်မရှင်းဘဲ တမြေ့မြေ့နောင်တရစွာ သေဆုံးသွားဖို့ တခါမှမစမ်းဖူးတဲ့ တရုတ်ကဆေးတစ်မျိုးနဲ့ လုပ်ကြံလိုက်ကြပါတယ်....ဒီဆေးက နှလုံးခုန်နှုန်းကို အချိန်မရွေးရပ်တန့်သွားစေနိုင်တာမလို့  Chev Chelios တစ်ယောက်အသက်ရှင်ဖို့လမ်းစမရှိပါဘူး....ဒါပေမယ့် ခေါင်းမာပြီး အဆိပ်ပြင်းတဲ့  Chev Chelios ကတော့ သူ့နှလုံးခုန်နှုန်းကို မရပ်ဖို့ ရရာပစ္စည်းတွေနဲ့ အသက်ဆက်ပြီး ရန်သူတွေတမျိုးလုံးတဆွေလုံးကို အမြစ်ကလှန်ဖို့ မနားတမ်း မမောတမ်း ဖိုက်ပါတော့တယ်။IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller ...
movie

Crank (2006)

4K HEVC
Star Wars: Episode III – Revenge of the Sith (2005) 7.6
Star Wars: Episode III – Revenge of the Sith (2005) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode III – Revenge of the Sith (2005)

4K HEVC
Scalper (2023)
Scalper (2023) Scalper ဆိုတာက သူ့ရဲ့သားကောင်တွေကို ဓားနဲ့ထိုးသတ်၊ ပြီးရင် အရေခွံတွေကို စုတ်ခဲ့တဲ့သူဖြစ်လို့ အရေခွံခွါသူဆိုပြီးနာမည်ကြီးတဲ့ လူသတ်သမားတစ်ဦး။Scalper ရဲ့ဒဏ်ကိုခံခဲ့ရတဲ့ နစ်နာသူမိသားစုထဲက ကလမ်မာတိုင်းကာတာဆိုတဲ့အမျိုးသမီးကတော့ Scalper ရဲ့မျက်နှာတည့်တည့်ကို သေနတ်နဲ့ပစ်ကာ Scalper ကိုအဆုံးသတ်ခဲ့တဲ့သူတစ်ဦး။ကလမ်မာတိုင်းက သာမန်အမျိုးသမီးမဟုတ်ဘူး။ သူကအကြားအမြင်စိတ်ပညာသည်တစ်ဦး။ အထူးသဖြင့် သေဆုံးသွားသူတွေနဲ့ ထိတွေ့မှုလုပ်လိုက်တဲ့ခါ သူတို့ရဲ့ဝိညာန်တွေနဲ့ဆက်သွယ်ပြီး သေဆုံးသူရဲ့ အတိတ်နဲ့ အနာဂတ်တွေကို မြင်တွေ့နိုင်တဲ့အစွမ်းအစရှိသူတစ်ဦး။ အခုလက်ရှိမှာတော့ ကလမ်မာတိုင်းဟာ သူ့ရဲ့စိတ်စွမ်းအင်ကြောင့်နာမည်ကြီးနေပြီး ရေဒီယိုကအစီအစဉ်တစ်ခုမှာပါ ဖိတ်ကြားခံထားရပြီး အသံလွှင့်တင်ဆက်နေပါတယ်။ဒီလိုနဲ့ ကလမ်မာတိုင်းတို့ အသံလွှင့်တင်ဆက်နေတုန်းမှာ ဖုန်းတစ်ကောလ်၀င်လာပြီး ဒီဖုန်းကော်လ်ကိုနားထောင်လိုက်မိတဲ့ကလမ်မာတိုင်းဟာ သေဆုံးခါနီး ဖုန်းခေါ်သူနဲ့ စိတ်ဆက်သွယ်မှုတစ်ခုရလိုက်ပြီး Scalper ပြန်ရောက်လာတာကိုသိရှိလိုက်ရတဲ့နောက်မှာတော့... ကလမ်မာတိုင်းကိုယ်တိုင် သတ်ခဲ့တဲ့ Scalper က တကယ်ပဲသေရွာကနေပြန်ရောက်လာတာလား၊ ဒါမှမဟုတ် Scalper ရဲ့ခြေရာကိုနင်းမယ့်သူ လူသစ်သမားအသစ်တစ်ယောက်ပေါ်လာတာလား၊ ကလမ်မာတိုင်းကိုရော ဘယ်လိုလက်စားပြန်ချေဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။ File size…(1.2 GB)/(544 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Horror Subtitle….Myanmar ...
movie

Scalper (2023)

Taxi 3 (2003) 5.8
Taxi 3 (2003) Taxi 3 (2003)IMdb Rating (5.8) / Rotten Tomatoes (51%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့  ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ...ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်...ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Taxi 3 (2003)

2003
1080p HEVC
The Legion (2020) 5.0
The Legion (2020) ပဉ္စမမြောက် ရောမဧကရာဇ် နီရိုကလောဒီးယပ်စ်ဆီဆာအုပ်ချုပ်နေတဲ့ကာလ အေဒီ၆၂မှာ ရောမအင်ပါယာနယ်နမိတ်ထဲကိုပါသီယမ်တွေ ကျူးကျော်ဝင်ရောက်လာပါတယ်။ဒီအတွက် နီရိုဧကရာဇ်က တပ်နှစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။ဗိုလ်ချုပ်ပေးတဒ်စ်ဦးဆောင်တဲ့ တပ်မကြီးဟာအာမေးနီးယားရဲ့နှင်းတောင်တွေအလယ်မှာ တပ်စခန်းချတယ်။ဗိုလ်ချုပ်ကူဘူလိုရဲ့ တပ်ကတော့ နီရိုဧကရာဇ်ရဲ့အမိန့်အရဆီးရီးယားဘက်မှာ အစောင့်တပ်အနေနဲ့နေပြီးဗိုလ်ချုပ်ပေးတဒ်စ် စစ်ကူတောင်းချိန်ကို စောင့်စားနေရတယ်။ဒီအချိန်မှာ ဗိုလ်ချုပ်ပေးဒ်စ်တို့တပ်စခန်းကနှင်းတောင်တွေအလယ်မှာ ပါသီယမ်တွေရဲ့ ဝိုင်းရံထားခံရပြီးရိက္ခာလမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ဗိုလ်ချုပ်ကူဘူလိုဆီ စစ်ကူတောင်းဖို့ သတင်းပို့သမားတွေစေလွှတ်ခဲ့ပေမယ့်လည်း လမ်းမှာ ပါသီယမ်သတ်ဖြတ်တာခံရပြီးစစ်ကူတောင်းဖို့ သတင်းစကားမပေးပို့နိုင်ဘူး ဖြစ်ပါတယ်။ပြင်းထန်တဲ့ဆောင်းရာသီလည်း ရောက်တော့မယ့်အချိန်၊ရိက္ခာလည်း ပြတ်တောက်တော့မယ်အချိန်မှာတပ်တစ်ခုလုံးက စစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေ၊ဒီတပ်တစ်ခုလုံးရဲ့ကံကြမ္မာဟာ နော်ရန်နို ဆိုတဲ့တပ်သားလေးတစ်ယောက်ရဲ့လက်ထဲကျရောက်သွားပါတယ်။နော်ရန်နိုဟာ စစ်ကူတောင်းခံမယ့် သတင်းစကားကိုအာမေးနီးယားကနေ ဆီးရီးယားက ဗိုလ်ချုပ်ကူဘူလိုဆီပေးပို့ရမှာဖြစ်ပါတယ်။ပါသီယမ်တပ်သားတွေကလည်း အသည်းအသန်လိုက်သတ်နေပြီးနှင်းတောင်အထပ်ထပ်၊ တောထဲအထပ်ထပ်၊တောင်အထပ်ထပ်ခက်ခဲကြမ်းတမ်းတဲ့ ဒီခရီးလမ်းမှာ နော်ရန်နိုဟာဘယ်လိုကြိုးစားသွားမလဲ၊ဘယ်လိုအခက်အခဲတွေ တွေ့ဦးမလဲ၊သူ့ရဲ့တာဝန်ကို ကျေပွန်အောင်အမှုထမ်းနိုင်ပါ့မလား။ဆက်လက်ကြည့်ရှုကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။ File size…  1.51 GB /  722 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Action , Comedy Subtitle…. ...
movie

The Legion (2020)

2020
Dumplings (2004) 6.7
Dumplings (2004) Dumplings (2004)~ IMDb - 6.7/10, Rotten Tomatoes - 69% ~ဒီကားက Three... Extremes ဆိုတဲ့ ဟောင်ကောင် ဂျပန်နဲ့ ကိုရီးယားနဲ့ ထိုင်းက Horror Thriller ဒါရိုက်တာတွေ စုပြီးရိုက်တဲ့ကားမှာပါတဲ့ Fruit Chan ရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုကို ပြန်ရိုက်ထားတာ‌ပေါ့။ ကင်ဂျီးဝန်၊ ပတ်ချန်းဝု၊ တခဲရှိမိုက်၊ ပီတာချန်းတို့လိုလူတွေတောင်ပါတယ်။ ဒီကားကတော့ Fruit Chan ရဲ့ အပိုင်းတိုကို အရှည်ပြန်ရိုက်ထားတာသက်သက်ပါပဲ။ ထူးတာက ဒါရိုက်တာတွေတင် လန်းတာမဟုတ်ဘဲ စီနီမာတိုဂရပ်ဖာကိုလည်း ဟောင်ကောင်ရုပ်ရှင်ဖန်တိုင်းသိကြမယ့် ခရစ္စတိုဖာဒွိုင်းကို သုံးပေးထားတယ်။ Fruit Chan ရဲ့ ဒီအရှည်ပြန်ရိုက်ထားတဲ့ကားမှာလည်း ဒွိုင်းပဲ စီနီမာတို ပြန်ကိုင်ထားတယ်။ Three Husbands တို့၊ Made in Hong Kong တို့ရဲ့ ဒါရိုက်တာ Fruit ...
movie

Dumplings (2004)

2004
Johnny & Clyde (2023)
Johnny & Clyde (2023) Johnny & Clyde (2023)ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။အဲဒီကာစီနိုကို ဦးစီးတဲ့လူက ...
movie

Johnny & Clyde (2023)

2023
Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)

The Crow(1994) 7.5
The Crow(1994) The Crow(1994) အညွှန်း*********************IMDb....7.5Halloween မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ စုံတွဲလေးဟာ တစ်ရက်အလိုမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။The Crow (ကျီးကန်း) ဟာ သေသူတွေရဲ့ ဝိဉာဉ်ကို သယ်ဆောင်ပေးတဲ့ အချိတ်အဆက်လေးပေါ့။ထူးဆန်းစွာ တစ်နှစ်ကြာအပြီးမှာ သေဆုံးသွားတဲ့ လူရွယ်ဟာ ထူးဆန်းစွာ  ပြန်လည်နိုးထလာခဲ့တယ်..နာကျဉ်းမှုတွေနဲ့နှိုးထလာခဲ့တဲ့ သူဟာ သူနဲ့ သတို့သမီးလောင်းလေးကိုသတ်ဖြတ်ခဲ့တဲ့ လူမိုက်တွေကိုလက်စားချေဖို့ကြိုးစားပါတော့တယ်...he Crow ဆိုတဲ့ အက်ရှင်ကားဟာ Bruce Lee ရဲ့ သား Brandon Lee မကြွေလွင့်ခင်ရိုက်ခဲ့တဲ့ နောက်ဆုံး ကားလေးပေါ့။ ဒီကား‌လေး ရုံတင်ဖို့ ရက်အနည်းငယ် အလိုမှာပဲ Brandon Lee ဟာ သေဆုံးသွားခဲ့တာပါ။1994 တုန်းက အင်မတန် နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေး။အက်ရှင်ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း.ာ်   File Size :(1.9GB) (954 MB) and (309 MB) Quality : Blu-Ray 1080p5.1ch, ...
movie

The Crow(1994)

The Final Level: Escaping Rancala (2020) 6.2
The Final Level: Escaping Rancala (2020) ကောင်လေးတစ်ယောက် ဂိမ်းဆိုင်မှာ ဂိမ်းဆော့ရေရင်း   လေထဲမှာပျောက်သွားသလိုမျိုး ဘာအစမှရှာမရ‌ေတာ့ဘဲပျောက်သွားတယ်။ လိုက်ရှာတဲ့ရဲတွေရော မိသားစု၀င်တွေရော သူငယ်ချင်းတွေရောက ဘယ်လိုမှရှာမရတဲ့အဆုံးလက်လျော့လိုက်ကြတယ်။ ဒါပေမယ့် နှစ်တွေကြာလာတော့ပျောက်သွားတဲ့ကောင်မလေးရဲ့အမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဂိမ်းဆိုင်တစ်ဆိုင်ဖွင့်တဲ့အခါ သူ့မောင်လေးပုံပါနေတဲ့ ဂိမ်းတစ်ခုကိုသွားတွေ့တယ်။ သူငယ်ချင်းသုံးယောက်သား ယောင်ချာချာနဲ့ ဂိမ်းထဲရောက်သွားပြီး သူတို့မောင်လေးဟာ ပျောက်သွာစတာမဟုတ်ဘဲ ဂိမ်းထဲရောက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီ့လိုနဲ့ သူငယ်ချင်းသုံးယောက်သားမောင်လေးကို ကယ်ဖို့ကြိုးစားကြပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ဂိမ်းထဲမှာ ဘယ်လိုတွေစွန့်စားခန်း ဖွင့်သွားကြမလဲဆိုတာ ခံစားကြည့်ကြပါဦး   File Size -  943 mb Quality - bluray 1080p Subtitle - burmese Translator - Nay Myo Thu Encoder - Thit San Khant
movie

The Final Level: Escaping Rancala (2020)

2020
Wild Wild West (1999) 4.9
Wild Wild West (1999) ဗိုလ်​ကြီး Jim West(Will Smith)ဟာ အ​မေရိကန်​ပြည်​တွင်းစစ်​ပွဲတစ်​ခုက ဗိုလ်​ကြီး​ဟောင်းတစ်​​ယောက်​ပါ Artemus Gordon(Kevin Kline)က​တော့ ရုပ်​ဖျက်​တဲ့​နေရာမှာကျွမ်းကျင်​လွန်းပြီး ဆရာလုပ်​လွန်းတဲ့ အ​မေရိကန်​ထိပ်​တန်းရဲအရာရှိတစ်​ဦးဖြစ်​ပါတယ်​ တစ်​​နေ့မှာ General MacGrath(Salma Hayek)ဆိုသူက အ​မေရိကန်​နိုင်​ငံနိုင်​ငံရဲ့ ထိပ်​တန်းသိပ္ပံပညာရှင်​​တွေကို ပြန်​​ပေးဆွဲခဲ့တယ်​ ဒီပြန်​​ပေးဆွဲတဲ့အမှုကိုလိုက်​ဖို့ ဌာနအသီးသီးက ​ ခေါင်း​ဆောင်​​တွေက Jim West နဲ့ Atemus Gordonကို တာဝန်​​ပေးအပ်​ခဲ့ပါတယ်​ ဒါ့အပြင်​ Dr.Arliss Loveless(Kenneth Brangah)အမည်​နဲ့ ဆိုက်​ကို​ကောင်​တစ်​​ကောင်​က အ​မေရိကန်​နိုင်​ငံကို လက်​နက်​ချဖို့အတွက်​ ထူးဆန်းတဲ့လက်​နက်​​တွေတီထွင်​ထားပြီး သမ္မတကြီးကို ခြိမ်း​ခြောက်​ခဲ့တယ်​ ဒီအတွက်​ သမ္မတကြီးက အ​မေရိကန်​နိုင်​ငံကို ကယ်​တင်​နိုင်​ဖို့အတွက်​ ဒီလူစွမ်း​ကောင်းနှစ်​​ယောက်​ကို ​ခေါ်လိုက်​ရပါတော့တယ်​ အဲ့ဒီ​နောက်​မှာ​တော့ ​သေနတ်​တရမ်းရမ်းလုပ်​​နေတတ်​တဲ့ Jim West နဲ့ Artemus Gordon တို့နှစ်​​ယောက်​ဆုံတဲ့အခါမှာ​တော့ ဖြစ်​လာတဲ့တလွဲ​တွေကို ရယ်​စရာအဖြစ်​မြင်​​တွေ့ခံစားရမှာပါ General MacGrathက​ရော ဘာအတွက်​သိပ္ပံပညာရှင်​​တွေကို ပြန်​​ပေးဆွဲခဲ့တာလဲ Dr.Arliss Lovelessနဲ့​ရော ဘယ်​လိုပတ်​သတ်​ဆက်​နွှယ်​​နေပြီး အ​ပေးအယူ အကြံအစည်​​တွေရှိ​နေသလဲဆိုတာကို ရင်​တထိတ်​ထိတ်​နဲ့ ခံစားကြည့်​ရှုရမယ့်​ ရုပ်​ရှင်​ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​ Translated by Yuki Aurora Encoded by sithu
movie

Wild Wild West (1999)

1999
Red Corner (1997) 6.3
Red Corner (1997) အရင်ဦးဆုံး ပြောချင်တာကတော့ ဒီကားကို တောင်းဆိုတဲ့ အထူးပုဂ္ဂိုလ်တစ်ဦးကိုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။သူ့ကြောင့်သာမဟုတ်ရင်ဒီလိုကားကောင်းတစ်ကားကို ဘယ်တော့မှကြည့်ဖြစ်လိုက်မှာမဟုတ်ပါဘူး။ဒီကားကို စသိကာစက သာမန် တရုတ်-အမေရိကန်ရုပ်ရှင်ကားတစ်ကားလို့ထင်ခဲ့ပေမယ့် တကယ်ဘာသာပြန်တဲ့အခါမှ အင်အားကြီးနှစ်နိုင်ငံရဲဲ့ နိုင်ငံရေးအနေအထားတွေကို ကွက်ကွက်ကွင်းကွင်းသိလာရတာပါ။ဇာတ်လမ်းကတော့ အမေရိကန်က ရုပ်သံလိုင်းကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ ဂျက်ခ်ပီတာမိုးဟာတရုတ်အစိုးရနဲ့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးဖို့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့စကားပြောလိမ္မာပါးနပ်မှုကြောင့် တရုတ်ဆင်ဆာအဖွဲ့နဲ့ပါ အဆင်ပြေနေပြီး ပြိုင်ဖက်ကုမ္ပဏီအပေါ်ပါ အသာစီးရနိုင်ဆဲအခြေအနေဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ဆွေးနွေးပွဲပြီးလို့ညပိုင်းမှာတော့ ဂျက်ခ်တစ်ယောက် ဘားတစ်ခုမှာ တရုတ်အမျိုးသမီးချောတစ်ယောက်နဲ့ညှိစွန်းမိပြီးနောက်တစ်နေ့မနက်အရောက်မှာတော့ အာဏာပိုင်တွေက သူ့ရဲ့ဟိုတယ်ခန်းထဲရောက်နေသလိုအမျိုးသမီးကလဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။သက်သေမရှိ၊ အပေါင်းအပါမရှိ၊ ရှေ့နေလိုက်ပေးမယ့်သူဆိုလို့လဲ ခပ်စွာစွာတရုတ်အမျိုးသမီးတစ်ယောက်ပဲ ရှိတဲ့အခြေအနေမှာ ဂျက်ခ်တစ်ယောက်တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ တရားခွင်ကို ဘယ်လိုဖြတ်ကျော်မှာလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ တရုတ်နိုင်ငံသမိုင်းမှာ နာမည်အရမ်းကျော်ကြားခဲ့တဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး) ကာလနှောင်းပိုင်းမျိုးဆက်တွေရဲ့ ရက်စက်မှုတွေ၊ အဲ့ဒီတော်လှန်ရေးရဲဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှားဖော်ပြသွားခဲ့ပြီး အဲ့ခေတ် အဲ့အချိန်တုန်းက တံခါးပိတ်ဝါဒကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအကြောင်းကို အနည်းနဲ့အများတော့ သိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီတော်လှန်ရေးကြီးကြောင့် ဘယ်ကိစ္စမဆို မှားမှားမှန်မှန် ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ တကယ့်ခံစားချက်တွေကိုပါ ...
movie

Red Corner (1997)

1997