Channel Myanmar

Baek Yoon-sik

Champ (2011) 6.8
Champ (2011) Champ (2011) ****************၂၀၁၁မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ရှိတဲ့ Champ ဆိုတဲ့ sport comedy-drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနော်...။ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ The Producers , Brain Works စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Cha Tae Hyun နဲ့ Drinking Solo ထဲက မင်းသမီး Park Ha Sun တို့ပဲဖြစ်ပါတယ်...။ဇာတ်လမ်းရဲ့ အကြောင်းကို မပြောခင်မှာ အားလုံးကို တစ်ခုလောက် စဥ်းစားကြည့်စေချင်ပါတယ်...။ကိုယ့်အိပ်မက်ဖြစ်ပြီး ကိုယ်ဝါသနာပါရတဲ့အလုပ်ကို အခက်အခဲတစ်ခုခုကြောင့် ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ရင် ဘယ်လို ခံစားရနိုင်ပါလဲ...။အသက်ရှင်သန်နေရတဲ့ အကြောင်းအရင်း ပျောက်ဆုံးသွားပြီး ကမ္ဘာပေါ်မှာ ဆက်ပြီးနေထိုင်ဖို့တောင် မျှော်လင့်ချက်မဲ့သွားနိုင်တယ် မဟုတ်လား...။ဒီဇာတ်လမ်းလေးထဲမှာတော့ ပြိုင်မြင်းသမား ဆွန်းဟိုက ကားအက်ဆီးဒင့်ကြောင့် သူ့ဇနီးကို ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လည်း အဲဒီအက်ဆီးဒင့်ကြောင့်ပဲ မျက်စိထိခိုက်သွားရပါတယ်...။အဲဒီလိုနဲ့ သူဟာ မြင်း ဆက်စီးဖို့ မဖြစ်နိုင်တော့ဘဲ သူ့ရဲ့ သမီးလေးနဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့ရပါတယ်။ပိုဆိုးတာကတော့ ...
movie

Champ (2011)

Meet the In-Laws (2011) 6.3
Meet the In-Laws (2011) Meet the In Laws (2011) **************************ဒီတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ F4, Sweet Home ထဲက မင်းသမီးချော Lee Si Young နဲ့ Possessed, My Mister တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Song Sae Byeok တို့ရဲ့ အချစ်ဟာသ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ရိုးသားတဲ့ ဟျွန်းဂျွန်းဆိုတဲ့ ကောင်လေးကတော့ အချစ်နဲ့ပတ်သက်တဲ့ ကာတွန်းတွေကို ရေးဆွဲတဲ့ ကာတွန်းရေးဆရာဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဟျွန်းဂျွန်းက သူနဲ့ စာအပြန်အလှန် ပေးဖြစ်နေတဲ့ ဒါဟုံးဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ဒါဟုံးကို သူ့ရဲ့ အဖေဖြစ်သူက လက်ထပ်ဖို့အတွက် တစ်ချိန်လုံး ကြင်ဖက်တွေ့ခိုင်းနေတော့ ဒါဟုံးက သူချစ်ရတဲ့ ဟျွန်းဂျွန်းနဲ့ပဲ လက်ထပ်ဖို့ နှစ်ယောက်အတူ စီစဉ်ပါတော့တယ်။ဒါပေမဲ့ ဟျွန်းဂျွန်းဖခင်နဲ့ ဒါဟုံးရဲ့ ဖခင်က ကျောင်းတုန်းက ပြိုင်ဘက်တွေဖြစ်ပြီး ရန်ငြှိုးရှိကြပါတယ်။ အဲဒီအတွက် ဟျွန်းဂျွန်းအဖေကလည်း ဂယောင်းဆန်ဒိုမြို့သူနဲ့ လက်မထပ်စေချင်သလို ဒါဟုံးအဖေကလည်း ဂျောလာဒိုမြို့သားနဲ့ လက်မထပ်စေချင်ဘူး ဖြစ်နေတာပါ ...
movie

Meet the In-Laws (2011)

Bank Attack (2007) 6.5
Bank Attack (2007) Bank Attack (2007) *********************IMDb - 6.5ဒီကားလေးမှာတော့ မင်းသမီး Kim Yoo jung ရဲ့ ငယ်ဘဝပုံရိပ်လေးများကို မြင်တွေ့ရမှာဖြစ်ပြီး တခြားသော ဝါရင့်မင်းသားကြီးများရဲ့ သရုပ်ဆောင်ချက်များကို ရူစားကြရမဲ့ ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူးနော်။ ဇာတ်လမ်းအညွှန်း ***************ဘဲ့ဂီယိုနဲ့ ဘဲ့ယွန်းဟီးတို့ဟာ အဖေတစ်ခု သမီးတစ်ခုဘဝဖြင့် နေထိုင်နေကြတာဖြစ်ပြီး သေရာပါရောဂါဖြစ်နေတဲ့ ၉နှစ်သမီးလေးရဲ့ ခွဲစိတ်စရိတ်ကြောင့် အခက်တွေ့နေပါတော့တယ်။ ရိုးသားဖြောင့်မတ်တဲ့ ဘဲ့ဂီယိုတစ်ယောက် သမီးဇောဖြင့် ကြံရာမရဖြစ်ကာ ဘဏ်ဓားပြသွားတိုက်ရာမှ တစ်နေ့တည်းမှာပဲ ရောက်လာတဲ့ တကယ့်ဓားပြအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ထိုဘဏ်ဓားပြတိုက်စဥ်အတွင်းမှာပဲ ကြုံတွေ့ရမဲ့ ပြဿနာများစွာကိုဟာသလေးနှောကာဖြင့် အနိမ့်အမြင့်အတက်အကျများစွာနဲ့ ရသပေါင်းစုံကို ခံစားရမှာဖြစ်လို့ ကြည့်ရှုဖို့ရာ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Khin Niက ရေးသားထားပါတယ်)  File Size - 2.93 GB/ 1.21 GB Quality - WEB-DL 1080p/ 720p Duration - 1h 55m Format - ...
movie

Bank Attack (2007)

Like a Virgin (2006) 6.5
Like a Virgin (2006) Like a Virgin (2006)IMDb ~~~ 6.5ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့အတိုင်း ၂၀၀၀ကျော်ခုနှစ်ကာလရဲ့ အနှစ်သာရပြည့်ဝတဲ့ ဇာတ်ကားကောင်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~~~~~အိုဒုံဂူဟာ ဘဝပေးအခြေအနေမကောင်းလှတဲ့ မိသားစုကနေ ပေါက်ဖွားလာသူဖြစ်ပြီး နှိပ်စက်လွန်းတဲ့ဖခင်ကြောင့် မိခင်ရဲ့စွန့်ပစ်ခဲ့ခြင်းကိုပါ ခံခဲ့ရသူပါ။ ကြမ်းတမ်းလွန်းတဲ့ အဖေ့ရဲ့ဘဝနဲ့တခြားစီ သွေးသားဆန္ဒအရ သိမ်မွေ့နူးညံ့တဲ့မိန်းမငယ်လေးပဲ ဖြစ်ချင်ရှာသူ အိုဒုံဂူကတော့ အလုပ်ကြမ်းတွေလုပ်ကိုင်ပြီး အင်္ဂါပြောင်းခွဲစိတ်နိုင်ဖို့အတွက် သိန်း၅၀တိတိရအောင် ကြိုးစားရှာဖွေနေသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေရဲ့ဝိုင်းဝန်းလှောင်ပြောင်မှုတွေကြားကနေ ဂျပန်ဘာသာဆရာကို ကြိတ်သဘောကျနေမိတာကြောင့် ဆရာ့ရှေ့ကို မိန်းကလေးတစ်ယောက်အသွင်နဲ့ ရဲရဲဝံ့ဝံ့ရပ်နိုင်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ နပန်းပြိုင်ပွဲမှာ ပထမရရင် ပညာသင်ဆုအဖြစ် သိန်း၅၀ရမယ်ဆိုတဲ့သတင်းကို သိခဲ့ရပြီးနောက်မှာတော့ ဘဝရဲ့ရည်မှန်းချက်တွေပြည့်လာဖို့အတွက် နပန်းအဖွဲ့ထဲဝင်ကာ လှောင်ပြောင်သရော်မှုတွေကြားကနေ နည်းစနစ်ကျကျနဲ့ အနိုင်ရဖို့ ကြိုးစားပါတော့တယ်။သန်မာထွားကျိုင်းတဲ့ ယောက်ျားသားတွေပဲ အားရှိတယ်လို့ သတ်မှတ်ထားကြတဲ့အတိုင်း အားအင်ကိုအဓိကထားပြီး ယှဥ်ပြိုင်ရတဲ့နပန်းပွဲမှာ နွဲ့နှောင်းပျော့ပျောင်းတဲ့ အိုဒုံဂူတစ်ယောက် နပန်းသမားစင်စစ်ဖြစ်လာနိုင်ပါ့မလား၊ ...
movie

Like a Virgin (2006)

Woochi: The Demon Slayer (2009) 6.8
Woochi: The Demon Slayer (2009) Woochi: The Demon Slayer (2009)*******************************စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း *************ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို ...
movie

Woochi: The Demon Slayer (2009)

Camellia (2010) 6.5
Camellia (2010) Camellia (2010)*****************ဒီတစ်ခါမှာတော့ ဂျပန် ၊ ကိုးရီးယား ၊ ထိုင်း သုံးနိုင်ငံက ဒါရိုက်တာ ပူးပေါင်းဖန်တီးထားတဲ့ Busan Project လို့ အမည်ရတဲ့ Camellia ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်မှာတော့ ဇာတ်လမ်းတိုလေး သုံးခု ပါဝင်ပြီး အဲဒီဇာတ်လမ်းတို သုံးခုကို သုံးနိုင်ငံက ဒါရိုက်တာ တစ်ယောက်စီက ရိုက်ကူးထားတာပါ ။ပထမဆုံး ဇာတ်လမ်းတိုမှာတော့ Iron Pussy လို့ ခေါ်တဲ့ ထိုင်းလူမျိုးစပိုင်တစ်ယောက်ဟာ မစ်ရှင်တစ်ခုအတွက် ဘူဆန်ကို ရောက်လာရင်း ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင် သွားတဲ့အကြောင်းကို ဖော်ပြထားပါတယ် ။ အဲဒီနောက် သူ ချစ်နေတဲ့သူက သူ့မစ်ရှင်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့အခါ Iron Pussy ရဲ့ ခံစားချက်ကို နောက်ခံသီချင်းတွေ အသားပေးပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ။ဒုတိယမြောက်ဇာတ်လမ်းတိုကတော့ ဂျပန်လူမျိုး ဒါရိုက်တာ Isao Yukisada က ရိုက်ကူး ထားတာဖြစ်ပြီး ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရယ် ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ...
movie

Camellia (2010)

I Am The King (2012) 6.4
I Am The King (2012) I Am The King (2012)*********************IMDb..... 6.4I am the King ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ သမိုင်း​နောက်ခံ ဟာသရုပ်ရှင်ကားဖြစ်ပြီးသရုပ်​ဆောင်​တွေက​တော့ Ju Ji-hoon, Park Yeong-gyu, Baek Yoon-sik, Byun Hee-bong,Kim Soo-ro နဲ့ Lee Haneeတို့ အဓိကပါဝင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ အိမ်​ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်း​​ညောက ​သောက်စားမူးယစ်ပြီး ​ပျော်​ပါး​နေတာ​ကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယ​မြောက်သား​တော်မင်းသားချွန်း​ညောကို အိမ်​ရှေ့စံအဖြစ် တင်​မြှောက်လိုက်ပါ​တော့တယ်။  ဒါပေမဲ့လည်း မင်းသားချွန်း​​ညောဟာတိုင်းပြည်​ရေးကို စိတ်မဝင်စားဘဲ စာ​​ပေ​ကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာ​ကြောင့် နန်း​တော်ထဲက ထွက်​ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်း​​ညောနဲ့တစ်ပုံစံတည်းတူတဲ့ အ​စေခံ​ဒေါ့ချီဆိုသူကလည်း နန်း​တော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သားလူလဲကာ ​ဒေါ့ချီက အိမ်​ရှေ့စံအစား နန်း​တော်ထဲက ဖိအား​တွေခံစားရပြီး မင်းသားချွန်း​​ညောက အ​စေခံအစားနှိပ်စက်ခံရတဲ့အချိန်.... တိုင်းပြည်ရဲ့ ပကတိအ​ခြေအ​နေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့မင်းသားချွန်း​ညောအ​နေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလား ဒါမှမဟုတ် ပြည်သူလူထုအတွက်မားမားမတ်မတ် ...
movie

I Am The King (2012)

The Face Reader (2013) 6.8
The Face Reader (2013) The Face Reader (2013)_____IMDb - 6.8/10အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Saw Wuua ပါ)File size…  1.9 GB / 1 GB Quality… WEB-DL  1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ..... History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna
movie

The Face Reader (2013)

2013
Fengshui (2018) 6.1
Fengshui (2018) ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့....ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ... ?ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်.....ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon ...
movie

Fengshui (2018)

2018
The Art of Fighting (2006) 6.6
The Art of Fighting (2006) The Art of Fighting (2006)ဆုန်းဗြောင်ထယ်ဆိုတဲ့ကောင်လေးက နည်းပညာ အသက်မွေးဝမ်းကျောင်းတက်နေတာဖြစ်ပြီး အနေအေးတာရယ် ကြည့်​တာနဲ့ အားနည်းတဲ့ပုံပေါက်တာကြောင့် ကျောင်းက ဘူလီတွေရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။သူက မခံချင်စိတ်နဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်တယ်၊ ရန်ဖြစ်တာတော်တဲ့သူဆိုတာနဲ့ ဆရာတင်ကြည့်တယ်၊ ဒါပေမဲ့ အဆင်မပြေပါဘူး သူလုပ်သမျှက တလွဲတွေချည်း ဖြစ်နေပြီး အရှက်ကွဲရတာလည်း အခါခါ။ဒါပေမဲ့ တစ်နေ့တော့ ဘယ်ကနေ လာမှန်းမသိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ သူဆုံတယ်၊ အဲဒီဦးလေးကြီးက ရန်ဖြစ်တာ ကျွမ်းတော့ သူ့ကို သင်ပေးဖို့ နောက်ကတကောက်ကောက် လိုက်ပြောတယ်။ဦးလေးကြီးက အစကတော့ ဗြောင်ထယ်ကို မသင်ပေးဘူး ဒါပေမဲ့ နောက်ကျ ဗြောင်ထယ်အဖြစ်ကို မျက်လုံးထဲ မြင်နေရတာမလို့ သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ဒီဦးလေးကြီး သင်ပေးတဲ့ ပညာနဲ့ ဗြောင်ထယ်က ကျောင်းမှာ သူ့ကို ဘူလီလုပ်တဲ့သူတွေကို ပညာပဲ ပြန်ပေးနိုင်မလား၊ သူပဲ ထပ်ခံရဦးမလားကတော့ ဇာတ်လမ်းကြည့်မှပဲ သိနိုင်မှာမို့လို့ ..ဒီလောက်ပါပဲ။အညွှန်းနဲ့ ဘာသာပြန်တော့ Kppks ဖြစ်ပါတယ်။Genre..... Action, ...
movie

The Art of Fighting (2006)

2006
Noryang: Deadly Sea(2023) 7.0
Noryang: Deadly Sea(2023) Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie

Noryang: Deadly Sea(2023)

The Taste of Money (2012) 5.7
The Taste of Money (2012) (18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစားကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်းဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စအရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့The Housemaid ရဲ့ အဆက်အနေနဲ့ ...
movie

The Taste of Money (2012)

Inside Men (2015) 7.0
Inside Men (2015) Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

Inside Men (2015)

Save the Green Planet! (2003) 7.2
Save the Green Planet! (2003) Save the Green Planet! (2003) ဇာတ်လမ်းအညွှန်း*************************************** "သင်ဟာ ဂြိုလ်သားတွေရှိကြောင်းယုံကြည်တဲ့သူလား"? လီဗြောင်ဂူဆိုတဲ့ လူသားတစ်ယောက်ကတော့ ဂြိုလ်သားတွေအခိုင်အမာရှိတယ်လို့ ယုံကြည်နေပြီး အဲဂြိုလ်သားတွေက အကြံအစည်တစ်ခုနဲ့ လူသားတွေထဲ ရောနှောနေထိုင်နေတယ်လို့ ယူဆထားပါတယ်။ဘေးလူဘယ်သူကြားကြား အရူးလို့ထင်မြင်စေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူ၊ ငယ်ငယ်ကတည်းက အပယ်ခံတစ်ယောက်ဖြစ်လာတဲ့သူ့ကို ဘေးကနေအားပေးထောက်ပံ့‌ပြီး ကူညီပေးနေတဲ့ ဆူနီဆိုတဲ့ ချစ်သူကောင်မလေးလည်းရှိပါတယ်။ ‌တစ်နေ့မှာတော့ ဂြိုလ်သားတွေရဲ့ခေါင်းဆောင်လို့ သူယူဆထားတဲ့ သူဌေးဂန်မန်ရှစ် ကို ချစ်သူကောင်မလေးနဲ့နှစ်ယောက်ပေါင်းပြီး ပြန်ပေးဆွဲကာ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဂြိုလ်သားခေါင်းဆောင်ဖြစ်သူကို နည်းပေါင်းစုံနဲ့ နှိပ်စက်မေးမြန်းရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီကားလေးကို ကြည့်ရင်းအဖြေရှာကြပါစို့။ ဒီကားက Sci-fi movie အမျိုးအစားဖြစ်လို့ ဗဟုသုတအစုံလည်းပါသလို comedy ပါဖြစ်တဲ့အလျောက် ပေါက်ကရတွေပါပြီး ခွီနေရတာမလို့ ကြည့်နေရင်း မပျင်းစေမှာတော့ အမှန်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChoThet ပါ။) File Size          :  (2.9GB), ...
movie

Save the Green Planet! (2003)

2003
Tazza: The High Rollers (2006) 7.2
Tazza: The High Rollers (2006) Tazza; The High Rollers(2006) ======================== IMdb Rating (7.2)Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံးကားနဲ့ အကောင်းဆုံးကားပါ။ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီး လုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်၀က်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ WiRa Aung မှ တင်ဆက်ထားတာပါ။)  File size…(2.6 GB) and (1.6 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung  
movie

Tazza: The High Rollers (2006)

The President’s Last Bang (2005) 7.2
The President’s Last Bang (2005) ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။   File Size - 733 MB Quality - Bluray 720P Runtime -  1h 42min  Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie

The President’s Last Bang (2005)

2005
Metamorphosis (2019) 5.3
Metamorphosis (2019) (Unicode)အရင်တစ်ခေါက်က Divine Fury ကြည့်ပြီး ပါဝါရိန်းဂျားဆန်သွားလို့ သိပ်ပြီးတော့အားမရလိုက်တဲ့သူတွေအဖို့ ဒီကားက တော်တော်အားရကြေနပ်စေမှာပါကိုရီးယားက မိတ်ကပ်နဲ့ရိုက်ကူးမှုအပိုင်းမှာ အားသာပြီးသားမို့လို့ ကြည့်ရကောင်းမှာသေချာပြီးသားဆိုပေမယ့် ဇာတ်လမ်းကပါကောင်းတော့ကြည့်ရတာတော်တော်တန်တဲ့ကားတစ်ကားဖြစ်သွားပါတော့တယ်နတ်ဆိုးနှင်တဲ့ကားပါပဲ ဒါပေမယ့် ရိုက်တာပီပြင်လွန်းလို့ ကိုယ်ပါအဲ့နားရောက်နေသလိုပါပဲထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့ သွေးအလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကိုပီပီပြင်ပြင်ရိုက်ထားတာမို့လို့ပါခရစ်ယာန်နတ်ဆိုးနှင်တဲ့ဘုန်းကြီးတစ်ယောက်ရဲ့အလုပ်ဟာ ဘ၀တစ်ခုလုံးပေးပြီးတော့ လုပ်ရတဲ့အလုပ်ပါဒီလိုမျိုးမှာကိုမှ ကိုယ့်မိသားစုထဲကိုပါ နတ်ဆိုးတစ်ကောင်က ရောက်လာရင်တော့ ဘယ်လိုစိတ်အခြေအနေနဲ့နှင်ရမှာပါလဲပြီးတော့ နာမည်နဲ့လိုက်အောင် ဒီကားထဲကနတ်ဆိုးက ရုပ်ပြောင်းရုပ်လွှဲနဲ့၀င်တာပါပြောရင်းနဲ့ စပွိုင်းမိမှာစိုးလို့ ဒီလောက်ပဲပြောလိုက်ပါတော့မယ်ကျန်တာကိုတော့ ဆက်ကြည့်လိုက်ပါတော့အညွှန်းနဲ့ဘာသာပြန်ကတော့ Fliex ဖြစ်ပါတယ် (Zawgyi) အရင်တစ်ခေါက်က Divine Fury ကြည့်ပြီး ပါဝါရိန်းဂျားဆန်သွားလို့ သိပ်ပြီးတော့အားမရလိုက်တဲ့သူတွေအဖို့ ဒီကားက တော်တော်အားရကြေနပ်စေမှာပါကိုရီးယားက မိတ်ကပ်နဲ့ရိုက်ကူးမှုအပိုင်းမှာ အားသာပြီးသားမို့လို့ ကြည့်ရကောင်းမှာသေချာပြီးသားဆိုပေမယ့် ဇာတ်လမ်းကပါကောင်းတော့ကြည့်ရတာတော်တော်တန်တဲ့ကားတစ်ကားဖြစ်သွားပါတော့တယ်နတ်ဆိုးနှင်တဲ့ကားပါပဲ ဒါပေမယ့် ရိုက်တာပီပြင်လွန်းလို့ ကိုယ်ပါအဲ့နားရောက်နေသလိုပါပဲထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့ သွေးအလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကိုပီပီပြင်ပြင်ရိုက်ထားတာမို့လို့ပါခရစ်ယာန်နတ်ဆိုးနှင်တဲ့ဘုန်းကြီးတစ်ယောက်ရဲ့အလုပ်ဟာ ...
movie

Metamorphosis (2019)

2019